ဖက်ရှင်ချစ်သူ ပုရိသတို့အတွက် ဒီတစ်ခါမှာတော့ လွတ်လပ် ပေါ့ပါး ပြီး လူကြိုက်များတဲ့ ဖက်ရှင်စတိုင်လ်များအကြောင်း ဝေမျှပေးချင်ပါတယ်။

တကူးတက အားစိုက်ထုတ်စရာမလိုဘဲ မိနစ်အနည်းငယ်ခန့် အချိန်ပေးရုံမျှဖြင့် လွတ်လပ် ပေါ့ပါး ကာ မိမိုက်နေတဲ့ ဖက်ရှင်တစ်မျိုးကို ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။ ဘော်ဒါတွေနဲ့ အတူတူ ဆုံကြတဲ့အခါပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ချစ်သူ ကောင်မလေးနဲ့ ချိန်းတွေ့တဲ့အခါပဲဖြစ်ဖြစ် အခုဖော်ပြပေးမယ့် ဖက်ရှင် ဒီဇိုင်းများနဲ့ ရှိုးထုတ်နိုင်ပါတယ်။

အကွက် ဖက်ရှင်ဒီဇိုင်း

freestyle fashion for men

တီရှပ် အနက်၊ ဘောင်းဘီ အနက်ကိုမှ အပေါ်ကနေ ချည်ထည် ရှပ်အင်္ကျီလေး ထပ်ဝတ်ကာ ရှိုးထုတ်နိုင်တဲ့ ဖက်ရှင်တစ်မျိုး ဖြစ်ပါတယ်။ လူငယ်များအကြား ရေပန်းစားတဲ့ ဖက်ရှင်တစ်မျိုးပါ။

ပိုလိုရှပ်ဖက်ရှင်

freestyle fashion for men

ပိုလိုရှပ်ဒီဇိုင်းကိုမှ ကြယ်သီးပေါက်ပါတဲ့ ဒီဇိုင်းမဟုတ်ဘဲ ဇစ်တပ်ထားတဲ့ ဒီဇိုင်းပဲဖြစ်ပါတယ်။ ပေါ့ပါး တဲ့ အသွင်အပြင်ကိုမှ Classic ဆန်ခြင်းတို့ကို ပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။

ဂျင်းအပြဲ ဖက်ရှင်

freestyle fashion for men

ဂျင်းဘောင်းဘီ အပြဲကတော့ လူငယ်များအကြား ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင်တစ်ခုဖြစ်ပါတယ်။ ဂျင်းအပြဲကို အပေါ်ကနေ ရှပ်အင်္ကျီ ထပ်ဝတ်ထားတာပဲ ဖြစ်ပါတယ်။

ဂျက်ကတ်ဖက်ရှင်

freestyle fashion for men

တီရှပ်နှင့် အနက်ရောင် ကိုယ်ကြပ် ဂျင်းဘောင်းဘီကို အပေါ်ကနေ ဂျက်ကတ်တစ်ထပ် ထပ်ဝတ်ထားတာဖြစ်ပါတယ်။ ဖိနပ်ကိုတော့ ရှူးဖိနပ်လေးနဲ့ တွဲဖက်လိုက်တဲ့အခါ တကယ့်ကို အမိုက်စား ဖက်ရှင်တစ်ခု ရရှိသွားမှာပါ။

ဆွယ်တာဖက်ရှင်

လွတ်လပ် ပေါ့ပါး

ဒီဖက်ရှင်ကတော့ ဆောင်းရာသီနဲ့ အလိုက်ဖက်ဆုံး ဖက်ရှင်လေးပဲဖြစ်ပါတယ်။ တီရှပ်နှင့် ဘောင်းဘီ အတွဲအစပ်ကိုမှ အပေါ်ကနေ ဆွယ်တာတစ်ထပ် ထပ်ဝတ်လိုက်တာဖြစ်ပါတယ်။

သပ်ရပ်ကျော့ရှင်းတဲ့ ဖက်ရှင်

လွတ်လပ် ပေါ့ပါး

ဒီဖက်ရှင် Theme ကတော့ အရောင်ဖျော့ဖျော့ ဖက်ရှင်ကို ဦးစားပေးထားတာဖြစ်ပါတယ်။ ခေါင်းအစ ခြေအဆုံး အရောင်ဖျော့ ဖက်ရှင်များနဲ့ ရှိုးထုတ်မယ်ဆိုရင်တော့ သပ်ရပ်ကျော့ရှင်းတဲ့ အသွင်သဏ္ဍာန်ကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

ပေါ့ပါး ပြီး စတိုင်လ်ကျစေမယ့် ဖက်ရှင်

လွတ်လပ် ပေါ့ပါး

ရှပ်အင်္ကျီနှင့် ချီနိုဘောင်းဘီကို တွဲဖက်ကာ ဝတ်ဆင်ထားတဲ့ ဖက်ရှင်ဖြစ်ပါတယ်။ ဘောင်းဘီကို အရောင်နု ရွေးထားမယ်ဆိုရင် အင်္ကျီကို အရောင်ရင့်ရင့်လေး ရွေးချယ်သင့်တဲ့ ဖက်ရှင်တစ်မျိုးပါ။

အစင်းကျားဖက်ရှင်

လွတ်လပ် ပေါ့ပါး

ဂျင်းနှင့် ရှပ်အင်္ကျီ အစင်းကျားလေးကို အခုလို ဝတ်ဆင်ကာ ရှိုးထုတ်မယ်ဆိုရင်တော့ မော်ဒယ်တောင် ရှုံးရလောက်အောင် စတိုင်လ်ကျသွားမှာပဲဖြစ်ပါတယ်။

All-Black ဖက်ရှင်

လွတ်လပ် ပေါ့ပါး

ဒီဖက်ရှင်လေးကတော့ ဘောင်းဘီအနက်၊ အပေါ်ဝတ် ဂျက်ကတ် အနက်ကို ပေါင်းစပ်ကာ All-Black ဖက်ရှင်စတိုင်လ် ရှိုးထုတ်ထားတာပဲဖြစ်ပါတယ်။ ဖိနပ်ကိုတော့ အဖြူရောင် Sneaker ကို ရွေးချယ်မယ်ဆိုရင် စတိုင်လ်ကျကာ ဆွဲဆောင်မှု တိုးနေမှာပါ။

ရှပ် လည်ကတုံး ဖက်ရှင်

လွတ်လပ် ပေါ့ပါး

ရှပ်အင်္ကျီ လည်ကတုံးစတိုင်လ်ကို ပေါ့ပေါ့ပါးပါး ဖက်ရှင်မျိုး ဖန်တီးနိုင်တယ်ဆိုတာကို မယုံဘူးဆိုရင်တော့ ပုံထဲမှာပဲ ကြည့်ရှုလိုက်ပါ။ လည်ကတုံးရှပ်ကို ပေါ့ပေါ့ပါးပါး ဖက်ရှင်မျိုး ရရှိအောင် ဝတ်ဆင်ထားတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

Source: Pinterest

Featured Image: Freepik