ဆယ်ကျော်သက်အရွယ် ကြီးကောင်ဝင်စကနေ စတင်ပြီး ယောကျာ်းမိန်းမ မရွေး ဝက်ခြံပေါက်လေ့ရှိပါတယ်။ ဝက်ခြံကြောင့် ဖြစ်တဲ့ အဖုအပိမ့်တွေက အခံရခက်သလို ရုပ်လည်း ဆိုးပါတယ်။ အတော်များများက ဝက်ခြံဖုထွက်လာရင် ညှစ်ပစ်ဖို့ပဲ စိတ်အားထက်သန်ကြပါတယ်။ ဝက်ခြံဖုလေးတွေက ညှစ်လိုက်ရင် အမာရွတ်ဖြစ်တာကနေ အခန့်မသင့်ရင် အညှော်ဝင်ပြီး ရောင်ရမ်းပြည်တည် နိုင်ပါတယ်။
ဒီတစ်ခေါက်မှာ ကွီးတို့ မျက်နှာအရေပြားပေါ်က နီရဲရောင်ရမ်းနေတဲ့ ဝက်ခြံဖု လေးတွေကို အမြန်ရှင်းထုတ်နိုင်အောင် ကူညီပေးမယ့် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) ရေခဲကပ်ပါ

Ice Cube

Photo : Pexels

အရွယ်ရောက်သူတိုင်း ကြုံရတတ်တဲ့ ဝက်ခြံပေါက်ချိန် နာကျင်ရောင်ရမ်းမှုကို အမြန်သက်သာစေတဲ့ နည်းက ရေခဲကပ်တာပါပဲ။ ရေခဲတုံးလေးတွေကို အဝတ်သန့်သန့်ထဲ ထည့်ပြီး ရောင်နေတဲ့ ဝက်ခြံဖု နေရာမှာ ၃ မိနစ်ကနေ ၅ မိနစ်လောက်အထိ ကပ်ပေးသင့်ပါတယ်။ တကယ်လို့ ရေခဲက အမြန်အရည်ပျော်သွားရင်တော့ အဝတ်အစား ပလတ်စတစ်အိတ်နဲ့ သုံးနိုင်ပါတယ်။ တစ်ကြိမ်ကို ၃-၄ မိနစ်နှုန်းနဲ့ တစ်နေ့ ၇ ကြိမ် ၈ ကြိမ် ကပ်ပေးနိုင်ပါတယ်။

(၂) Apple Cider ရှာလကာရည်သုံးပါ

Apple Cider Vinegar

Photo : Pexels

ပန်းသီးရှာလကာရည်မှာ ပါတဲ့ အော်ဂဲနစ်အက်စစ်က ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုကို နိုင်ပြီး အမာရွတ်ဖြစ်မှုကို လျှော့ချပေးနိုင်ပါတယ်။ ပန်းသီရှာလကာရည်နဲ့ ရေကို ၁:၃ ရောစပ်ပြီး ဝါဂွမ်းစလေးနဲ့ တို့ယူပြီး ဝက်ခြံဖုနေရာကို လိမ်းပါ။ စက္ကန့် ၂၀ လောက် ကြာရင် ရေဆေးပြီး ခြောက်အောင် ထားရုံပါပဲ။

(၃) လက်ဖက်ဆီ လိမ်းပါ

Oil

Photo : Pexels

နောက်ထပ် လွယ်ကူရိုးရှင်းလှတဲ့ နည်းလမ်းတစ်ခုက လက်ဖက်ဆီ သုံးတာပါပဲ။ လက်ဖက်ဆီမှာပါတဲ့ မိုက်ခရိုဘက်တီးရီးယားကို နိုင်တဲ့ သဘာဝက ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပြီး ‌ရောင်ရမ်းမှုကို တိုက်ထုတ်နိုင်ပါတယ်။ ရောင်နေတဲ့ ဝက်ခြံနေရာကို လက်ဖက်ဆီလူးတာက သိသိသာသာ အကျိုးထူးပါတယ်။

(၄) ရှားဇောင်းလက်ပတ် ပွတ်ပါ

Aloe

Photo : Pexels

အသားအရေကို စိုပြေတင်းရင်းစေလို့ နာမည်ကျော်တဲ့ ရှားဇောင်းလက်ပတ်ကလည်း ဝက်ခြံဖု နဲ့ ဆားဝက်ခြံတွေ ရှင်းထုတ်ရာမှာ သိပ်အသုံးဝင်ပါတယ်။ လုပ်ရတာလည်း လွယ်လွယ်လေးပါ။ ဖြစ်နေတဲ့ နေရာကိုသာ ရှားဇောင်းလက်ပတ်လေး နဲ့ ပွတ်ပေးဖို့ပါပဲ။ အရောင်ရော့စေသလို ဝက်ခြံကြောင့် အသားအရေ ပျက်စီးတာ ၊ အမာရွတ်ဖြစ်တာတွေလည်း လျော့ပါးစေပါတယ်။

Featured Photo : ManofMany