ဝက်ခြံဟာ ဆယ်ကျော်သက်တွေမှာ အဖြစ်များတဲ့ အရေပြား ပြဿနာဆိုပေမယ့် တစ်ချို့ ဆိုရင် လူလတ်ပိုင်းအရွယ်အထိ ဝက်ခြံတွေ ဖြစ်တတ်ပါတယ်။ ဝက်ခြံ တွေဟာ ကွီးတို့ရဲ့  ဥပဓိရုပ်ကို အကြီးအကျယ် ဖျက်ဆီးတတ်တာကြောင့် ဝက်ခြံ ကင်းတဲ့ မျက်နှာ ပိုင်ရှင်ဖြစ်ဖို့အတွက် အခုပြောမယ့် အလေ့အကျင့်လေးတွေ လုပ်ထားသင့်ပါတယ်။

(၁) မျက်နှာကို ခဏခဏ မကိုင်ပါနဲ့


Photo : University of Nevada, Reno

လှချင်တာ မှန်ပေမယ့် မျက်နှာကို လက်နဲ့ သွားသွား ပွတ်ကြည့်မိတဲ့ အကျင့်ရှိရင်တော့ အခုပဲဖျောက်လိုက်ပါ။ မျက်နှာကို လက်နဲ့ သွားပွတ်မိတာဟာ အရေပြား ရောင်ရမ်းတာနဲ့ လက်ပေါ်က အဆီနဲ့အညစ်အကြေးတွေကိုပါ မျက်နှာဆီ သွားပို့ရာ ရောက်စေပြီး ဝက်ခြံဖြစ်စေပါတယ်။

(၂) မျက်နှာသစ်ဖို့ မပျင်းပါနဲ့

Photo : Forbes

နူးညံ့တဲ့ မျက်နှာသစ်ဆေး ကောင်းကောင်းဟာ အရေပြားပေါ်က အဆီ ၊ အညစ်အကြေးနဲ့ မိတ်ကပ်တွေကို ဖယ်ရှားပေးလို့ ဝက်ခြံမဖြစ်စေအောင် တားဆီးနိုင်ပါတယ်။ မနက်ခင်းလောက်တင် မျက်နှာသစ်တာမျိုး မဟုတ်ဘဲ ညဘက်အိပ်ရာဝင်တဲ့ အချိန်မှာပါ မျက်နှာသစ်ပေးခြင်းအားဖြင့် မျက်နှာ အစက်အပျောက် ဖြစ်တာတွေပါ ကာကွယ်နိုင်မှာပါ။

(၃) ဖုန်းသန့်ရှင်းရေး လုပ်ပါ

Photo : Healthline

ဖုန်း Screen တစ်ခုဟာ ကွီးတို့ ထင်ထားတာထက် ပိုပြီး ညစ်ပတ်ပါတယ်။ လေ့လာမှုအရ မိုဘိုင်းဖုန်းတစ်လုံးဟာ အများသုံး သန့်စင်ခန်းထက်တောင် ညစ်ပတ်နေတတ်ပါတယ်။ ဒီတော့ ဖုန်း Screen ကို သန့်ရှင်းရေး မလုပ်ဘဲ ဖုန်းပြောမိမယ်ဆိုရင် ဝက်ခြံဖြစ်ဖို့ပိုပြီး အလားအလာ များလာမှာပါ။

(၃) ခေါင်းအုံးစွပ်လဲပါ


Photo : Housewife How-Tos

နေ့တိုင်း ခေါင်းအုံးညစ်ညစ်ကြီးနဲ့ပဲ အိပ်ရာဝင်ဖြစ်တယ်ဆိုရင် သတိထားပါ။ ဒါက ကွီးတို့ရဲ့ မျက်နှာအတွက် ဘက်တီးရီးယားတွေကို ဖိတ်ခေါ်ရာ ရောက်ပြီး ဝက်ခြံဖြစ်ဖို့ အခွင့်အရေးပိုများပါတယ်။

(၅) လက်မှန်မှန်ဆေးပါ


Photo : Live Science

အားကစားလုပ်ပြီးတိုင်း လက်ဆေးဖို့ မမေ့သင့်ပါဘူး။ ချွေးထွက်နေချိန် မျက်နှာကို လက်နဲ့ ဖြစ်သလို ပွတ်မိတာကလည်း ဝက်ခြံအတွက် အန္တရာယ် ဖိတ်ခေါ်နေတာပါပဲ။

(၆) ခေါင်းမှန်မှန်လျှော်ပါ


Photo : The Manual

ပုံမှန် ခေါင်းလျှော်ခြင်းဟာ ဦးရေပြားအတွက်ရော မလိုအပ်တဲ့ အဆီတွေပါ ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာအပေါ်ပိုင်းမှာဖြစ်တတ်တဲ့ အစက်အပျောက်နဲ့ မှဲ့ခြောက်တွေကိုပါ ကာကွယ်နိုင်ပါတယ်။

Featured Photo : Men’s Journal