မျက်နှာပေါ်က ကြည့်ရဆိုးတဲ့ ဝက်ခြံတွေကြောင့် ကွီးတို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးနေပြီလား။ ဝက်ခြံတွေဟာ ဆယ်ကျော်သက် အရွယ်ကစပြီး လူလတ်ပိုင်းအထိ ကြုံတွေ့ရနိုင်တယ် အသားအရေဆိုင်ရာ ပြဿနာတစ်ခု ဖြစ်ပါတယ်။ အသားအရေ အမျိုးအစားပေါ်မူတည်ပြီး ဝက်ခြံတွေ ဖြစ်နိုင်သလို အစားအသောက် အနေအထိုင်နဲ့ အသားအရေထိန်းသိမ်းမှု ညံ့ဖျင်းခြင်းတွေကလည်း ဝက်ခြံပြဿနာတွေကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဝက်ခြံတွေကြောင့် စိတ်ညစ်နေရတဲ့ ကွီးတို့အတွက် ဝက်ခြံ သက်သာစေမယ့် အိမ်တွင်း နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ရှားစောင်းလက်ပတ်

aloe vera

Photo : lamav

ရှားစောင်းလက်ပတ်ဟာ သဘာဝအတိုင်း ဘက်တီးရီးယား ပိုးမွှားတွေနဲ့ ရောင်ရမ်းမှုတွေကို ဆန့်ကျင်ပေးတဲ့ ဂုဏ်သတ္တိပါဝင်တဲ့အတွက် မျက်နှာပေါ်က ဝက်ခြံတွေကို သက်သာလျှော့ပါးစေနိုင်ပါတယ်။ လေ့လာမှုတွေအရ ရှားစောင်းလက်ပတ်ဟာ ဝက်ခြံ ကြောင့် ဖြစ်ပေါ်လာတဲ့ အဖုအပိန့်တွေ ၊ အမဲရွတ်နဲ့ အသားအရေ ခြောက်သွေ့ခြင်းတွေကို ကုစားပေးနိုင်စွမ်းရှိတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ရှားစောင်းလက်ပတ်အပင်ကရတဲ့ သဘာဝဂျယ်စစ်စစ်ကို ဝက်ခြံထွက်နေတဲ့ အရေပြားပေါ်မှာ ညင်သာစွာပွတ်လိမ်းပေးပါ။ တစ်ပတ်ကို ၂ ကြိမ် – ၃ ကြိမ် ပြုလုပ်ပေးမယ်ဆိုရင် ဝက်ခြံတွေ သိသိသာသာ သက်သာလာစေမှာပါ။

(၂) ပျားရည်

Honey

Photo : News-Medical

ပျားရည်ကို အလှအပရေးရာအတွက် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ ပျားရည်မှာ ချွေးပေါက်တွေအတွင်း ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ရှင်းလင်းဖယ်ရှားပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေများစွာ ပါဝင်ပြီး ဝက်ခြံ ကြောင့် ဖြစ်ပေါ်လာတဲ့ ရောင်ရမ်းမှုတွေ ၊ အသားအရေ နီမြန်းခြင်းတွေကို သက်သာစေနိုင်စွမ်း ရှိပါတယ်။ ညအိပ်ခါနီးမှာ မျက်နှာကို ဆေးကြောသန့်စင်ပြီး ပျားရည်အနည်းအငယ် လိမ်းကာ မိနစ်အနည်းငယ်ခန့် နှိပ်နယ်ပေးပါ။ တစ်ပတ်ကို ၂ ကြိမ် – ၃ ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

(၃) ပန်းသီးရှာလကာရည်

apple cider vinegar

Photo : Healthline

သိပ္ပံနည်းကျ သက်သေပြထားတာမျိုး မရှိပေမယ့် အကောင်းဆုံး ဝက်ခြံ ကုထုံးနည်းတွေထဲက တစ်ခုအဖြစ် ပန်းသီးရှာလကာရည်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလျက် ရှိကြပါတယ်။ ပန်းသီးရှာလကာရည်မှာ ပါဝင်တဲ့ Citric Acid ဓာတ်က ဘက်တီးရီးယားတွေနဲ့ ရောင်ရမ်းခြင်းတွေကို လျှော့ကျသက်သာစေနိုင်စွမ်း ရှိပါတယ်။ ပန်းသီးရှာလကာရည် အနည်းငယ်ကို ဂွမ်းလေးနဲ့တို့ပြီး ဝက်ခြံထွက်တဲ့ နေရာတွေကို ညင်သာစွာပွတ်လိမ်းပေးပါ။ ဝက်ခြံနဲ့ အမာရွတ်တွေ လျှော့ပါးသက်သာလာစေမှာ ဖြစ်ပါတယ်။ တစ်ပတ်ကို ၁ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

(၄) လက်ဖက်စိမ်း

Green Tea

Photo : Storables

လက်ဖက်စိမ်းမှာ Catechins လို့ခေါ်တဲ့ Polyphenol ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ မြင့်မားစွာပါဝင်ပါတယ်။ ဝက်ခြံ အသားအရေ ပိုင်ရှင် တော်တော်များများက ချွေးပေါက်တွေအတွင်းမှာ အဆီနဲ့ အညစ်အကြေးတွေ ပိတ်စို့နေတက်တဲ့အတွက် Antioxidants လုံလုံလောက်လောက် မရကြပါဘူး။ Antioxidants တွေဟာ ကျန်းမာတဲ့ ဆဲလ်တွေကို ပျက်စီးစေတဲ့ဓာတုပစ္စည်းတွေနဲ့ အညစ်အကြေးတွေကို ချေဖျက်ရှင်းလင်းပေးနိုင်စွမ်း ရှိတဲ့အတွက် ဝက်ခြံပြဿနာကို သက်သာစေနိုင်ဖို့ ကူညီပေးပါတယ်။ အသုံးပြုပြီးသား Green Tea ထုပ်လေးတွေကို ဝက်ခြံထွက်တဲ့ အရေပြားပေါ်မှာ မိနစ် ၂၀ ခန့် ကပ်ထားပေးပါ။ ဝက်ခြံတွေ သက်သာလာစေမှာပါ။ တစ်ပတ်ကို ၂ ကြိမ် – ၃ ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

Featured Photo : The Fashionisto