ဝက်ခြံ တွေကို သွားသွားဆွနေတတ်တဲ့ ကွီးတို့ရဲ့ ရွှေလက် ကြောင့် ဘယ်လောက် ဒုက္ခများရသလဲဆိုတာ ကွီးတို့ သိပြီးကြပြီလား။ ဝက်ခြံတွေက ပျောက်သွားမယ်ကြံကာရှိသေး ကွီးတို့ရဲ့ လက်နဲ့ သွားထိလိုက်၊ ဝက်ခြံက ပိုဆိုးလာလိုက်နဲ့ လုံးလည်ချာလည် လိုက်နေမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရဲ့ အသားအရေကို ပိုပြီး ကြည်လင်ချောမွတ်သွားစေချင်ပြီး ဝက်ခြံ တွေလည်း အရှင်းပျောက်ချင်တယ်ဆိုရင်တော့ ကွီးတို့ရဲ့ ရွှေလက် ကို သေချာထိန်းဖို့ လိုအပ်လိမ့်မယ်။

ဒါ့အပြင် အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများနှင့်လည်း ကွီးတို့ရဲ့ ဝက်ခြံတွေကို ဒီ့ထက်ပိုပြီး သက်သာသွားအောင် ကူညီနိုင်ပါတယ်။

မျက်နှာသစ်ဆေး အပျော့စားဖြင့် မျက်နှာသစ်ပါ

man face care

ရနံ့ပါတဲ့ မျက်နှာသစ်ဆေးများသည် ရနံ့မပါတဲ့ မျက်နှာသစ်ဆေးများထက် ပါဝင်ပစ္စည်းအပြင်းတွေ ပိုများလေ့ရှိပါတယ်။ ပါဝင်ပစ္စည်း အပြင်းစားများနှင့် ထိတွေ့တဲ့အခါ မျက်နှာပေါ်မှာရှိတဲ့ သဘာဝအဆီများလည်း အရှင်းပျောက်သွားပြီး အသားအရေက ပိုမိုကြမ်းတမ်းပျက်စီးသွားနိုင်ပါတယ်။ ဒါ့ကြောင့် မျက်နှာသစ်ဆေး ရွေးချယ်တဲ့အခါ Mild ဖြစ်တဲ့ မျက်နှာသစ်ဆေးများကို ရွေးချယ်သင့်ပါတယ်။ ဒါ့အပြင် ကိုယ့် မျက်နှာအမျိုးအစားနှင့် လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးများကိုလည်း ရွေးချယ်ဖို့ မမေ့ပါနဲ့။

မျက်နှာပေါင်းတင်ပါ

man face care

မျက်နှာပေါင်းတင်ခြင်းသည် မျက်နှာ အသားအရေ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဒီအလေ့အကျင့်ကောင်းကို အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ်တော့ ကျင့်သုံးသင့်ပါတယ်။ ကျနော်တို့ အမျိုးသားတွေသည် အလှအပနှင့် ပတ်သက်လာလျှင် မိန်းကလေးတွေလိုမျိုး အချိန်မပေးချင်ကြပါဘူး။ ဒါပေမဲ့ ကိုယ့်မျက်နှာပေါ်က ဝက်ခြံတွေကို မြန်မြန်ပျောက်ကင်းချင်တယ်ဆိုရင်တော့ မျက်နှာပေါင်းတင်ခြင်းကိုတော့ မလွဲမသေ ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။

မျက်နှာကို လက်ဖြင့် မကြာခဏ သွားကိုင်တတ်တဲ့ အကျင့်ကို ရှောင်ပါ

ဝက်ခြံ ရွှေလက်

ဒီအကျင့်ကတော့ အဆိုးဆုံးပါပဲ။ ဝက်ခြံ က အစပိုင်းမှာ ထင်သလောက် အခြေအနေ မဆိုးပေမဲ့ ကွီးတို့ရဲ့ ရွှေလက် နဲ့ မကြာခဏ သွားဆွလိုက်တဲ့အခါမှာတော့ ဝက်ခြံက လက်ရောင်လိုက်ကာ အရွယ်အစားက ပိုမို ကြီးလာပါလိမ့်မယ်။ ဒါ့ကြောင့် မနက်လင်းလို့ မျက်နှာသစ်ပြီးသွားပြီဆိုတာနဲ့ မျက်နှာကို လက်နဲ့ မထိတွေ့မိအောင် သတိထားရမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရဲ့ ဖုန်းကို သန့်ရှင်းရေး ပြုလုပ်ပါ

ဝက်ခြံ ရွှေလက်

ဖုန်းကို နားနားကပ်ပြီး မကြာခဏ ဖုန်းပြောကြတယ်မဟုတ်လား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ဖုန်းကို မကြာခဏ သန့်ရှင်းရေး ပြုလုပ်ပေးဖို့ လိုအပ်ပါပြီ။ ဘာ့ကြောင့်လဲဆိုတော့ ဖုန်းပေါ်မှာ မျက်စိနဲ့ မမြင်ရတဲ့ ဖုန်မှုန့်နှင့် ဘက်တီးရီးယားများ ကပ်ငြိနေတတ်ပြီး ထိုအရာများက ကွီးတို့ရဲ့ မျက်နှာကို ဒုက္ခပေးနိုင်လို့ပဲ ဖြစ်ပါတယ်။

ကိုယ် စားသုံးနေတဲ့ အစားအစာများကို ပြန်လည်စစ်ဆေးပါ

ဝက်ခြံ ရွှေလက်

ချောကလက်နှင့် ဘာဂါတွေ စားသုံးခြင်းက ကွီးတို့ရဲ့ ဝက်ခြံကို ပိုမိုဆိုးရွားမလာစေဘဲနဲ့ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ Diet တွေကတော့ ကွီးတို့ရဲ့ ဝက်ခြံကို ပိုမိုဆိုးရွားလာစေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ခင်းလုံးမှာ ရေဓာတ်ပြည့်ဝဖို့ရန်အတွက် ဂရုစိုက်ပါ။ အချိုဓာတ်နှင့် သကြားဓာတ်များကို လျော့စားပြီး အဆီ၊ အဆိမ့်များကိုလည်း လျော့စားပေးဖို့ လိုအပ်ပါတယ်။

ဒီအချက်များကို လိုက်နာမယ်ဆိုရင်တေ့ ကွီးတို့မျက်နှာပေါ်က ဝက်ခြံတွေသည် ယူပစ်သလို ပျောက်သွားမှာပဲဖြစ်ပါတယ်။

Source: Bannerhealth

Featured Image: Freepik