ဒီနေ့ Super Sunday မှာ ဘောလုံးပွဲကောင်းတွေနဲ့အတူ နာမည်ကြီး AEW (All Elite Wrestling) နပန်း ဖျော်ဖြေရေးကြီးရဲ့ Premium Show ကြီး All In လည်း ရှိနေပါတယ်။ ဒီပွဲကြီးကိုတော့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့က ဝင်ဘာလေ ဘောလုံးကွင်းကြီးထဲမှာ ကျင်းပသွားမှာဖြစ်ပြီး AEW ရဲ့ ဒိတ်ဒိတ်ကြဲ နပန်းသမားတွေရဲ့ ပွဲကြီးပွဲကောင်းတွေလည်း ပါဝင်သွားမှာပဲ ဖြစ်ပါတယ်။
Photo Credit : Wrestling Observer
ဒီလို ဝင်ဘာလေကွင်းကြီးထဲမှာ ကျင်းပသွားဖို့ကို လွန်ခဲ့တဲ့ ဧပြီလကတည်းက တရားဝင် ထုတ်ပြန်ထားခဲ့တာဖြစ်ပြီး All In pay-per-view မှာ ပွဲကြီးပွဲကောင်း (၁၁)ပွဲအထိ ပါဝင်သွားမှာပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ အကောင်းဆုံး Main Event ပွဲကတော့ AEW World Champion ခါးပတ်ပိုင်ရှင် MJF နဲ့ Adam Cole တို့ရဲ့ AEW World Championship ပွဲစဉ်ဖြစ်ပြီး ဒီပွဲမတိုင်ခင်မှာပဲ MJF နဲ့ Adam Cole တို့က Aussie Open အဖွဲ့နဲ့ ROH World Tag Team နှစ်ယောက်တွဲ ခါးပတ်လုပွဲကိုပါ အရင်ဆုံး ယှဉ်ပြိုင်သွားရပါမယ်။
Photo Credit : POST Wrestling
စိတ်ဝင်တစား စောင့်ကြည့်သွားရမယ့် ပွဲကောင်းတွေချည်းပဲ ပါဝင်သွားမယ့် AEW All In မှာ WWE Superstars ဟောင်းတွေရဲ့့ ပွဲစဉ်တွေလည်း ပါဝင်လို့နေပြီး အဲ့ဒီထဲမှာ CM Punk နဲ့ Samoa Joe တို့ရဲ့ Real World Championship ခါးပတ်လုပွဲ ၊ Y2J လို့ လူသိများခဲ့တဲ့ အထင်ကရ နပန်းသမားကြီး Chris Jericho နဲ့ အင်္ဂလန် နာမည်ကြီး နပန်းသမား Will Ospreay တို့ရဲ့ Single Match ပွဲစဉ်တွေက စိတ်လှုပ်ရှားစရာ ဖြစ်နေသလို အမျိုးသမီး နပန်းသမား (၄)ယောက်ရဲ့ AEW Women’s World Championship အတွက် Fatal Four-way ပွဲစဉ်ဟာလည်း စိတ်ဝင်စားစရာပါ။
Photo Credit : DAZN
ဒီပွဲတွေအပြင် Darby Allin + Sting တို့နဲ့ Swerve Strickland + Christian Cage တို့ရဲ့ အခေါင်းပိတ်ပွဲ ၊ AEW World Tag Team အတွဲလိုက် ခါးပတ်ပိုင်ရှင်တွေဖြစ်တဲ့ FTR နဲ့ The Young Bucks တို့ရဲ့ AEW World Tag Team Championship ခါးပတ်လုပွဲ ၊ Tag Team ပါတနာဟောင်းတွေကနေ ရန်ဘက်တွေ ဖြစ်သွားခဲ့ရတဲ့ Hook နဲ့ Jack Perry တို့ရဲ့ FTW Championship ခါးပတ်လုပွဲ ၊ Eddie Kingston + Orange Cassidy + Best Friends + Penta El Zero Miedo တို့နဲ့ Jon Moxley + Claudio Castagnoli + Wheeler Yuta တို့ Blackpool Combat အပြင် Santana + Ortiz တို့ ပါဝင်ထားတဲ့ (၅)ယောက် အဖွဲ့လိုက် Tag Team ပွဲကြီး ၊ House of Black အဖွဲ့နဲ့ “Daddy Ass” Billy Gun ပါ ပါဝင်သွားမယ့်The Acclaimed အဖွဲ့တို့ရဲ့ AEW World Trios Championship (၃)ယောက် အဖွဲ့လိုက် ခါးပတ်လုပွဲတွေလည်း အစုံအလင် ပါဝင်သွားမှာပဲ ဖြစ်ပါတယ်။
Featured Photo : Sporting News