ကွီးတို့ရေ ဝမ်းချုပ်တာဟာ သာယာတဲ့ အတွေ့အကြုံတော့ မဟုတ်ပါဘူး။ ဝမ်းမမှန်ခြင်းကြောင့် ကိုယ်လက်မအီမသာ ဖြစ်ပြီး နာကျင်ကိုက်ခဲမှုကို ခံစားရနိုင်ပါတယ်။ ဝမ်းချုပ် ခြင်းဟာ လူကြီးလူငယ်မရွေး ကြုံတွေ့နေရတဲ့ ကျန်းမာရေးပြဿနာ တစ်ခုဖြစ်ပါတယ်။ တစ်ပတ်လျှင် ယေဘု ယျအားဖြင့် ၃ ရက်ထက်ပို၍ ဝမ်းမသွားပါက ဝမ်းချုပ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဝမ်းချုပ် ခြင်းဟာ ကွီးတို့ ရေပုံမှန်မသောက်ခြင်း၊ စားသောက်မှုပုံစံ မမှန်ခြင်း၊ အမျှင်ဓာတ်စားသုံးမှုနည်းခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းနှင့် အခြားသောကျန်းမာရေး ပြဿနာများကြောင့် ဖြစ်နိုင်ပါတယ်။

၀မ်းချုပ်ခြင်းကြောင့် ကိုယ်လက်မအီမသာဖြစ်ပြီး သက်တောင့်သက်သာရှိမှာ မဟုတ်ပါဘူး။ ထို့အပြင် ဝမ်းချုပ်ခြင်းဟာ ရေရှည်ကြာလာတဲ့အခါ လိပ်ခေါင်းရောဂါ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာနှင့် စအိုကင်ဆာ စတဲ့အသက်အန္တရာယ် ရှိတဲ့ရောဂါတွေ အထိဖြစ်လာနိုင်ပါတယ်။ ဝမ်းချုပ်လာပြီ ဆိုရင် မပေါ့ဆသင့်တော့ပါဘူး။ ကွီးတို့ အနေနဲ့ ဝမ်းချုပ်ခြင်းကို စားသောက်နေထိုင်မှု ပုံစံပြောင်းလဲတာ အပြင် လေ့ကျင့်ခန်း လုပ်ခြင်းကလည်း ဝမ်းချုပ်ခြင်းကို သက်သာစေတဲ့ နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကွီးတို့အတွက် ဝမ်းချုပ်လာပြီ ဆိုတာနဲ့  ချက်ချင်းထ လုပ်သင့်တဲ့ Workout တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Yoga

Photo : Bodybuilding.com

ပထမဆုံး အနေနဲ့ ဝမ်းချုပ်လာပြီလို့ ခံစားရတာနဲ့  ချက်ချင်းထ လုပ်သင့်တဲ့ Workout ကတော့ Yoga ကျင့်ခြင်းပဲ ဖြစ်ပါတယ်။ Yoga ကျင့်ခြင်းက ကြွက်သားများကို ပျော့ပြောင်းစေရန်သာမက အချို့သော Yoga ကျင့်စဥ်များက အစာခြေလမ်းကြောင်းကို နှိပ်နယ်ပေးသလိုဖြစ်ကာ အူလမ်းကြောင်းတစ်လျှောက် မစင်များကို ရွှေ့လျားစေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ ဝမ်းချုပ် ခြင်းကို သက်သာစေပြီး လွယ်ကူတဲ့ Yoga Pose (၂) ခုကို ကွီးတို့အတွက် ဖော်ပြပေးချင်ပါတယ်။

Wind Relieving Pose

လုပ်သင့်တဲ့-Workout

Photo :  Vedico

ပထမဆုံး အနေဖြင့် ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို  ဖျာပေါ်သို့ လှဲချလိုက်ပါ။ လက်နှစ်ဖက်နှင့် ခြေထောက် နှစ်ဖက်ကို ဘေးချထားပါ။ ပြီးနောက် အသက်ရှူသွင်း ရှူထုတ်တဲ့ အခါ ဒူးနှစ်ဖက် ကို ရင်ဘတ်ဆီသို့ ကွေးပါ။ ကွီးတို့ရဲ့ ပေါင်နှစ်ဖက်က ရင်ဘတ်ပေါ်မှာဖိထားပြီး ခြေထောက်များကို လက်နှစ်ဖက်နဲ့ တင်းကျပ်စွာ အုပ်ထားပါ။ ထိုပုံစံအတိုင်း အချိန်အနည်းငယ် ထိန်းထားပါ။ ရှူထုတ်နေစဉ် လက်နှစ်ဖက်ကို တင်းကျပ်စေပြီး အသက်ရှူသွင်းတဲ့အခါ ဖြေလျော့လိုက်ပါ။

Garland Pose

လုပ်သင့်တဲ့-Workout

Photo : Yoga Practice

ဖြေဖဝါး နှစ်ဖက်ကို ခွာပြီး မတ်တပ်ရပ်ပါ။ ပြီးနောက် ဒူးကို ကွေးပြီး ထိုင်ထအနေအထားအတိုင်း တင်ပါးကို နှိမ့်ချပါ။ တံတောင် ဆစ်များကို ကွေးပြီး လက်ဖဝါးနှစ်ဖက်ကို လက်အုပ်ချီပုံစံ ထိပြီး ဒူးအတွင်းပိုင်းတွင် ထားပါ။ ကွီးတို့ရဲ့  ကြောရိုး၊ လည်ပင်းနဲ့ ပခုံးများကို ဖြေလျော့ထားပါ။ ဒီအနေအထားအတိုင်း အသွက်ရှူသွင်း၊ ရှူထုတ်၊ ၅ ခါစာလောက်နေပါ ။ ပြီးရင် အနားခဏယူပါ။

ယခုဖော်ပြပါ Yoga Pose နှစ်ခုကို ပုံမှန်လုပ်သွားပေးခြင်းဖြင့် ကွီးတို့ ဝမ်းချုပ် ခြင်းကို သက်သာစေပါတယ်။

(၂) Deep Squad

exercise

Photo : Chriopractor Rosewell, GA

ကွီးတို့ ဝမ်းချုပ် လာပြီလို့ ခံစားရတာနဲ့ ချက်ခြင်း လုပ်သင့်တဲ့ Workout ကတော့ Deep Squad ပဲ ဖြစ်ပါတယ်။ အရင်ဆုံး ကွီးတို့အနေနဲ့ တင်ပါးအနံထက် ခြေထောက်ကို ပိုကျယ်စေပြီး တည့်တည့်မတ်မတ် ရပ်ပေးပါ။ ထိုင်ဖို့ အနေအထားကဲ့သို့ ဒူးကို ကွေးပြီး တင်ပါးကို နှိမ့်ပါ။ ကြောရိုးနဲ့ လည်ပင်းကို ဖြောင့်ဖြောင့်တန်းတန်း ထားပါ။ ဒီ အနေအထားအတိုင်း စက္ကန့် အနည်းငယ်ကြာနေပါ။ ပြီးနောက် စတင်တဲ့ အနေအ ထားကနေ နောက်တစ်ခေါက်ပြန် လုပ်ပါ။ ဒီလေ့ကျင့်ခန်းက ကွီးတို့ အဆင်ပြေတဲ့ နေရာ၊ အဆင်ပြေတဲ့အချိန်မှာ လုပ်လို့ရတဲ့ လွယ်ကူတဲ့ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။

(၃) Cardio

cardio

Photo : Best Life

ကွီးတို့ရေ Cardio လေ့ကျင့်ခန်းတွေက ဝမ်းချုပ်ခြင်းကို ကာကွယ်ဖို့နဲ့ ဝမ်းချုပ်လာပြီဆို လုပ်သင့်တဲ့ အရိုးရှင်းဆုံး ကိုယ်လက်လှုပ်ရှားမှုပါ။ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာပဲဖြစ်ဖြစ် ကခုန်တာပဲဖြစ်ဖြစ်၊ Cardio လေ့ကျင့်ခန်းတွေက ကွီးတို့ရဲ့ အသက်ရှူနှုန်းကို တိုးစေပြီး နှလုံး ခုန်နှုန်းကို မြှင့်တင်ပေးကာ ဝမ်းကို လှုံ့ဆော်ပေးပါလိမ့်မယ်။ Cardio လေ့ကျင့်ခန်းကို အပြည့်အ၀ မလုပ်နိုင်ရင်တောင် မိနစ် ၃၀ လမ်းလျှောက်ရုံနဲ့ အစာခြေစနစ်အတွက် အံ့ဩစရာတွေ ဖြစ်လာနိုင်ပါတယ်။ ထပ်လောင်းအပိုဆု တစ်ခုအနေဖြင့်၊ Cardio က စိတ်ဖိစီးမှုကို သက်သာစေရန် အကောင်းဆုံး နည်းလမ်းများထဲမှ တစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးမှုကလည်း နာတာရှည် ဝမ်းချုပ်ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ လေ့ကျင့်ခန်းတွေကတော့ ကွီးတို့ ဝမ်းချုပ်ပြီလို့ ခံစားရတာနဲ့ ချက်ချင်းထလုပ်ဖို့ လွယ်ကူပြီး လုပ်သင့်တဲ့ Workout တွေပဲ ဖြစ်ပါတယ်။ ဖော်ပြပါ Workout တွေက  ပုံမှန်လုပ် ပေးခြင်းဖြင့် ကွီးတို့ ဝမ်းချုပ်ခြင်း ကင်းဝေးပြီး ကျန်းမာတဲ့ ခန္ဓာကိုယ် ကိုပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။

 

Source : life Style

Featured Photo :  Newlifenutrition