ဝမ်းဗိုက်ကြွက်သား အမြှောင်းမြှောင်းနဲ့ 6-Pack Body ဟာ အမျိုးသားတိုင်း လိုချင်တဲ့ ခန္ဓာကိုယ် ပုံစံတစ်ခုဆိုရင် မမှားနိုင်ပါဘူး။ ဝမ်းဗိုက်ကြွက်သား တွေ ကျစ်လစ်သန်မာဖို့ ကွီးတို့ ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်း တွေ များစွာရှိပါတယ်။ ဒီထဲကမှ အချိန်အတိုင်းအတာ တစ်ခုအတွင်း ထိထိရောက်ရောက်နဲ့ ဝမ်းဗိုက်ကြွက်သား တွေ ကျစ်လစ်သန်မာ လာစေမယ့် Ab Workouts ၅ ခုကို မျှဝေပေးချင်ပါတယ်။
(၁) Ab Wheel Rollout

Photo : Men’s Journal
ဒီလေ့ကျင့်ခန်းကတော့ Ab Wheel ကို အသုံးပြုပြီး ကစားရမှာ ဖြစ်ပါတယ်။ ပုံမှာမြင်ရတဲ့အတိုင်း ကြမ်းပြင်ပေါ်မှာ ဒူးထောက်ကာ Ab Wheel ကို ကိုင်ထားပြီး ပုံစံယူပါ။ ထို့နောက် ဝမ်းဗိုက်ကြွက်သားတွေကို အဓိကအသုံးပြုပြီး Ab Wheel ကို မျက်နှာမူရာ ရှေ့သို့ တွန်းပေးရပါမယ်။ ပြီးရင်တော့ မူလပုံစံအတိုင်း နောက်ကိုပြန်ဆုတ်ပါ။
(၂) Arms-High Partial Situp

Photo : Men’s Journal
ဒီလေ့ကျင့်ခန်းကတော့ ကိရိယာလွတ် ကစားနိုင်ပါတယ်။ အရင်ဆုံး ကြမ်းပြင်ပေါ်မှာ ပလက်အနေအထားနဲ့ ဒူးတွေကို ၉၀ ဒီဂရီ ထောင်မတ်ထားပါ။ ထို့နောက် လက်နှစ်ဖက်ကို မျက်နှာကျက်ရှိရာသို့ မြှောက်ထားရပါမယ်။ ပြီးရင်တော့ လက်ကိုမြှောက်ပြီး ဘယ်လီရိုက်တဲ့ ပုံစံအတိုင်း ဝမ်းဗိုက်ကြွက်သားတွေကို ညှစ်ထုတ်ကာ ခန္ဓာကိုယ်ကို တဝက်လောက် ထထိုင်ပေးရပါမယ်။ ဒီပုံစံအတိုင်း ဖြည်းဖြည်းနဲ့မှန်မှန် စည်းချက်ညီညီပြုလုပ်ပေးပါ။
(၃) Swiss Ball Crunch

Photo : Men’s Journal
ဒီလေ့ကျင့်ခန်း ပြုလုပ်မယ်ဆိုရင်တော့ လေ့ကျင့်ခန်းပြုလုပ်တဲ့ ဘောလုံးတစ်လုံး လိုအပ်ပါတယ်။ အရင်ဆုံး ပခုံးအကျယ်အတိုင်း ခြေထောက်နှစ်ဖက်ကို ကားပြီး Swiss Ball ပေါ်မှာ လှဲပေးရပါမယ်။ လက်နှစ်ဖက်ကို ဦးခေါင်းအနောက်ဘက်မှာ ကပ်ထားပါ။ ပြီးရင်တော့ ဘောလုံးရဲ့ တွန်းကန်အားကိုယူပြီး ဘယ်လီရိုက်တဲ့ ပုံစံအတိုင်း ပြုလုပ်ပေးရပါမယ်။
(၄) Dip/Leg Raise Combo

Photo : Men’s Journal
ဒီလေ့ကျင့်ခန်းကတော့ ဘား ၂ ခုကို အသုံးပြုပြီး ကစားရမှာဖြစ်ပါတယ်။ ဘားတန်းပေါ်မှာ လက်ထောက်ပြီး ဝမ်းဗိုက်ညှစ်အားနဲ့ ပုံမှာမြင်ရတဲ့အတိုင်း ခြေထောက်တွေကို အပေါ်သို့ မြှင့်တင်ပေးရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက 6-Pack Abs ထွက်စေဖို့အတွက် ထိရောက်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။
(၅) Flutter Kick
Photo : Men’s Journal
ဒီလေ့ကျင့်ခန်းကလည်း လွယ်ကူရိုးရှင်းပြီး ကိရိယာလွတ် ကစားနိုင်ပါတယ်။ အရင်ဆုံး ကြမ်းပြင်ပေါ်မှာ ပလက်အနေအထားနဲ့ လက်နှစ်ဖက်ကို ခန္ဓာကိုယ်ဘေးတစ်ဖက်တစ်ချက်စီ ကပ်ထားပေးရပါမယ်။ ပြီးရင်တော့ ဦးခေါင်းကိုအပေါ်သို့ အနည်းငယ်မော့ပြီး ရေကူးတဲ့ ပုံစံအတိုင်း ခြေထောက်ကို ဘယ်ညာတစ်ဖက်ဆီအပေါ်သို့ မြှောက်လိုက်ချလိုက် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
Featured Photo : Men’s Journal

