ကွီးတို့အနေနဲ့ ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားမယ်ဆိုရင် ပထမဆုံးလုပ်နိုင်တာက နေ့စဉ် ကယ်လိုရီ လျှော့ပြီး အစားအစာကို နည်းနည်းဘဲ စားတာကို စလုပ်တတ်ကြပါတယ်။ အစာနည်းနည်းဘဲ စားခြင်းက ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အရွယ်ရောက်ပြီး သူတစ်ဦးအနေနဲ့  နေ့စဉ် ကယ်လိုရီ (၁၀၀၀) လိုအပ်တယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။ အစာနည်းနည်းဘဲစားပြီး ကိုယ်တွင်းကြွက်သားတွေမှာရှိတဲ့ စွမ်းအင်ကို သုံးလိုက်ခြင်းဖြင့် ပိန်စေတာက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဝိတ်ချခြင်းမဟုတ်ပါဘူး။ ဒါကြောင့် ဝိတ်ကျစေဖို့ စားတဲ့ ကယ်လိုရီကို ကန့်သတ်မဲ့အစား ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာများ ကို စားခြင်းကသာ ပိုမိုထိရောက်သော ကိုယ်အလေးချိန် လျှော့ချသည့် ဗျူဟာ ဖြစ်ပါတယ်။

Weight loss food

Photo : Times of India

အချို့သောအစားအစာတွေက ဆာလောင်မှုနဲ့ဆိုင်တဲ့ ဟော်မုန်းများကို အကျိုးသက်ရောက်စေတယ်။ ဥပမာ အမျှင်ဓာတ်က အစာခြေစနစ်လှုပ်ရှားလာတာနဲ့ ကျေနပ်မှုဟော်မုန်း (Ghrelin ကဲ့သို့) အမျိုးမျိုးကို ထုတ်ပေးပြီး ဆာလောင်မှုကို လျှော့ချပေးပါတယ်။ အစာစားသုံးမှုကို ထိန်းညှိဖို့  ဦးနှောက်သို့ အချက်ပြပါတယ်။ ပြုပြင်ထားတဲ့အစာ( အသင့်စားအစာကဲ့သို့) တွေက အစာရတန်ဖိုးနဲ့ အမျှင်ဓါတ်နည်းပါတယ်။ ချေဖျက်ဖို့ လွယ်ကူပြီး သွေးတွင်းသကြားဓါတ်ကို ပမာဏကို လျှင်မြန်စွာမြင့်တက်စေပါတယ်။ အင်ဆူလင်ဟော်မုန်းကို ထွက်ဖို့ တွန်းအားပေးပါတယ်။ ဇီဝဖြစ်စဉ်အရ ဂလူးကို့စ်ကို အဆီအဖြစ် ပြောင်းလဲမှု ဖြစ်စေပါတယ်။

သန့်ရှင်းပြီး မပြုပြင်ရသေးသော အစားအစာ အမျိုးမျိုးကို စားသုံးခြင်းက ကွီးရဲ့အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အူလမ်းကြောင်းကျန်းမာရေးကောင်းမွန်ခြင်းက အစာမှ သွေးတွင်းသကြားဓါတ် ပြောင်းလဲမှုဖြစ်စဉ်မှာ အ‌ရေးပါတဲ့ အင်ဆူလင်ဟော်မုန်းတုံ့ပြန်မှုနဲ့ ဆက်စပ်နေရုံသာမကဘဲ ရောင်ရမ်းမှု ကို လျော့ကျစေပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချဖို့ အတွက် ကျွမ်းကျင်သူတွေ အဆိုပြုထားတဲ့ ဝိတ်ကျစေဖို့ အထောက်အကူပြုတဲ့ အစားအစာများ ကို ဖော်ပြပေးလိုက်ပါတယ်။

အဆီနည်းသော အသားများ

ဝိတ်ကျစေဖို့ အစားအစာများ

Photo : Eat This, Not That

ကြက်၊ ကြက်ဆင်နှင့် မြက်စားအမဲသားကဲ့သို့ အဆီနည်းတဲ့ ပရိုတင်းရင်းမြစ်များက ကွီးတို့ကို ပြည့်ဝစေပြီး အစာစားချင်စိတ်ကို လျော့ကျစေကာ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေပါတယ်။ အလားတူ အပင်အခြေခံပရိုတင်းဓာတ်တွေက တူညီတဲ့အကျိုးကျေးဇူးတွေရပြီး အမျှင်ဓာတ်လည်း မြင့်မားတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဝိတ်ကျစေဖို့ အ‌ထောက်အကူပြုတဲ့ အစားအစားများ ပဲ ဖြစ်ပါတယ်။

ကြက်ဥ

ဝိတ်ကျစေဖို့ အစားအစာများ

Photo :  Grateful

ကြက်ဥမှာ မရှိမဖြစ်လိုအပ်သော ဗီတာမင် (ဗီတာမင် C မှလွဲ၍) နှင့် ဖော့စဖရပ်စ်၊ ကယ်လ်စီယမ်နှင့် ပိုတက်စီယမ်ကဲ့သို့သော သတ္တုဓာတ်ကြွယ်ဝပါတယ်။ ပြီးပြည့်စုံတဲ့ ပရိုတင်းရင်းမြစ် ဖြစ်တဲ့အပြင်  အရသာလည်း ရှိပါတယ်။ အစာလည်း ခံပါတယ်။

ဟင်းသီးဟင်းရွက်များ

ဝိတ်ကျစေဖို့ အစားအစာများ

Photo : Diary Council of California

ဟင်းသီး ဟင်းရွက် မျိုးစုံက ကိုယ်အလေးချိန် လျော့ကျစေပါတယ် ။ ဥပမာအားဖြင့်၊ ဘရိုကိုလီ၊ ပန်းဂေါ်ဖီ၊ ဘရပ်ဆဲလ်ပင်ပေါက်နှင့် ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီးလို ဟင်းသီးဟင်းရွက်တွေက အမျှင်ဓာတ် နှင့် ဗီတာမင်များကြွယ်ဝပြီး အစာခြေပြဿနာများကို လျှော့ချပေးပါတယ်။ တစ်ချိန်တည်းမှာပင် အစိမ်းရင့်ရောင်အရွက်များဟာ ပရိုတင်းဓာတ်ပါဝင်ပြီး ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့  အစာတွေဖြစ်ပါတယ်။ ပြီးတော့ တရုတ်နံနံလို ကြွပ်ရွတဲ့ အသီးအရွက်တွေက သရေစာအတွက် ကယ်လိုရီနည်းတဲ့ ရွေးချယ်စရာ အကောင်းဆုံးပါပဲ။

ပန်းသီး

ဝိတ်ကျစေဖို့ အစားအစာများ

Photo : Times of India

ပန်းသီးတွေမှာ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပါတယ်။ အသီးအနှံတွေမှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေရှိပြီး Phytochemicals နဲ့ ဗီတာမင် စီ တို့ ပါဝင်ပါတယ်။

ဘယ်ရီသီးများ

berry

Photo : Whole Foods markets

ဘယ်ရီသီးတွေမှာလည်း အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ နဲ့ ဗီတာမင် စီ  ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်ကို အကောင်းဆုံးလုပ်ဆောင်ဖို့ အထောက်အကူပေးပါတယ်။

ပုဇွန်

weight loss food

Photo : Eatwell101

ပုဇွန်စားသုံးခြင်းက ကွီးတို့ရဲ့အစာအိမ်ကို ပြည့်ဝမှု ဖြစ်စေပြီး Cholecystokinin သို့မဟုတ် CCK ဟော်မုန်းထုတ်လုပ်မှုကို နှိုးဆွပေးပါတယ်။ ၎င်းက အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။ ဒါ့အပြင် ပုဇွန်နှင့် အခြားအခွံမာပင်လယ်စာတွေမှာ ဇင့်နှင့် ဆီလီနီယမ် လို့ခေါ်တဲ့ ခုခံအားကျန်းမာရေးအတွက် အရေးကြီးတဲ့ သတ္တုဓာတ်နှစ်မျိုးပါဝင်တဲ့အပြင် စွမ်းအင်ကို တိုးမြှင့်စေပါတယ်။

Raw Oats

weight loss food

Photo : Eat This, Not That

Raw Oats မှာ အစာခြေခြင်းကို ခံနိုင်ရည်ရှိတဲ့ ကစီဓာတ်များ ကြွယ်ဝတဲ့အတွက်  ကိုယ်အလေးချိန် လျှော့ချရန် အလွန်အဆင်ပြေတယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။ အစာချေမှုဖြစ်စဉ်မှာ ခံနိုင်ရည်ရှိသော ကစီဓာတ်က ဆဲလ်များကို အင်ဆူလင်ကို ပိုမိုတုံ့ပြန်စေတဲ့ အကျိုးကျေးဇူးကို ဖြစ်စေပါတယ်။ အကျိုးကျေးဇူးအနေနဲ့  ခန္ဓာကိုယ်အလယ်ပိုင်းရှိ အဆီစုတာကို လျှော့ကျစေပါတယ်။

ရေ

weight loss food

Photo : Right to Water

ရေက အစာမဟုတ်သော်လည်း ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်အလေးချိန် လျှော့ချရမှာ အရေးကြီးပါတယ်။ ခန္ဓာကိုယ် လုပ်ငန်းစဉ်များအားလုံး လုပ်ဆောင်ရန် ရေလိုအပ်ပါတယ်။ ဇီဝဖြစ်စဉ်များမှန်ကန်ဖို့ ရေဓာတ် အပြည့်အဝ ရှိဖို့ လိုအပ်ပါတယ်။

ကွီးတို့ရေ  ကျွမ်းကျင်သူတွေ အဆိုပြုထားတဲ့ ဝိတ်ကျစေဖို့ အထောက်အကူပြုတဲ့ အစားအစာများ ကို စားသောက်ခြင်းက မှန်ကန်တဲ့ ကိုယ်အလေးချိန် လျှော့ချနည်း ဖြစ်ပါတယ်။

Source : Forbes

Featured Photo : Qua Nutrition