ဘော်ဒီ Strength တက်အောင် Gym မှာ အလေးတုံးတွေ ၊ စက်တွေနဲ့ ကစားကြပါတယ်။ ဒါဆို အလေးတုံးတွေ မပါပဲရော ကစားလို့မရဘူးလား မေးစရာရှိပါတယ်။ အဖြေကတော့ Yes ပါ။ ဝိတ်တုံးတွေမလိုပဲ ကွီးတို့ရဲ့ ဘော်ဒီ ကြံ့ခိုင်မှု ကို တက်စေဖို့အတွက် ကစားလို့ရတဲ့ Full-Body Exercises အချို့ကို ဒီဆောင်းပါးကနေတဆင့် မျှဝေပေးချင်ပါတယ်။
(၁) Push-Up To Shoulder Tap
Photo : Eat This Not That
Push-Up နဲ့ Shoulder Tap လေ့ကျင့်ခန်း ၂ ခုကို ပေါင်းစပ်ထားပါတယ်။ ဒီလေ့ကျင့်ခန်းက Chest ၊ Triceps နဲ့ Core ကြွက်သားတွေ အားလုံးကို တစ်ပြိုင်နက်တည်း အချိုးကျကျ ထိရောက်စေပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်း ကြံ့ခိုင်မှုကို တိုးစေရုံသာမက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ဟန်ချက်ညီမျှမှုကို ထိန်းညှိပေးပါတယ်။
(၂) Glute Bridge March
Photo : Eat This Not That
Glute Bridge လေ့ကျင့်ခန်းက Hips နဲ့ Lower Back ရဲ့ ကြံ့ခိုင်မှုကို တိုးစေပါတယ်။ ဒါတင်မကသေးပါဘူး။ ကွီးတို့ရဲ့ တင်ကို ပင့်မြှောက်ထားပြီး ဝမ်းဗိုက်နဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းကို တည်ငြိမ်အောင် ထိန်းညှိကစားရတဲ့အတွက် တင် ၊ နောက်ကျောအောက်ပိုင်း ၊ ဝမ်းဗိုက်နဲ့ ရင်ဘတ် ၊ ပခုံးကြွက်သားတွေ အားလုံးကို သန်မာစေမှာ ဖြစ်ပါတယ်။
(၃) Wall Sit
Photo : Eat This Not That
Squats အနေအထားနဲ့ ကျောပြင်ကို နံရံမှာ ကပ်ပြီး Lock ချထားတဲ့ပုံစံ လှုပ်ရှားမှုမရှိပဲ ငြိမ်ငြိမ်လေး ထိန်းပြီး ကစားရပါတယ်။ ဒီလေ့ကျင်ခန်းက ဝမ်းဗိုက်ကြွက်သားတွေရဲ့ သန်မာမှုကို တိုးစေပြီး တစ်ချိန်တည်းမှာပဲ ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သားအစိတ်အပိုင်းတွေရဲ့ ကြံ့ခိုင်မှုကိုလည်း တိုးစေပါတယ်။
(၄) Bear Crawl
Photo : Eat This Not That
Shoulders ၊ Core ၊ Hips နဲ့ Legs စတဲ့ Full-Body တစ်ခုလုံးရဲ့ ကြံ့ခိုင်မှု ကိုတိုးစေမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ကွီးတို့ ခန္ဓာကိုယ်ကို တွားသွားသလို ပုံစံမျိုးနဲ့ တစ်လှမ်းချင်း ၊ ဖြည်းဖြည်းချင်း လှုပ်ရှားကစားရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ဘော်ဒီရဲ့ အဓိက ကြွက်သား အစိတ်အပိုင်း တော်တော်များများကို တစ်ချိန်တည်းမှာပဲ ထိရောက်မှုရှိစေပြီး Full-Body ကျစ်လစ်သန်မာမှုကို မြှင့်တင်ပေးမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။
Source : Eat This Not That
Featured Photo : New Body Plan