ဝိတ် အမြန် ကျဖို့ အသည်းအသန် တွေ ကြိုးပမ်းနေရတာ ညိုကီတို့လား။ တကယ်တော့ ဝိတ် အမြန် ကျဖို့ အဲ့ဒီလောက်ကြီး အသည်းအသန် ကြိုးပမ်းနေစရာ မလိုပါဘူး။ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကိုသာ တစ်နေ့လျှင် မနက် တစ်ကြိမ်၊ ည တစ်ကြိမ် ပြုလုပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ခန္ဓာကိုယ်မှာ ပိုနေတဲ့ အဆီတွေ ရှိတော့မှာ မဟုတ်ပါဘူး။

လေ့ကျင့်ခန်း (၁)

man workout

Push-Ups (ဒိုက်ထိုးခြင်း) က ခန္ဓာကိုယ်အပေါ်ပိုင်း (ရင်ဘတ်၊ ပခုံး၊ နောက်ကျောကြွက်သားများ၊ Biceps၊ Triceps) နဲ့ ဝမ်းဗိုက်ကြွက်သားတို့ကို အားကောင်းစေပြီး ကျစ်လစ်သန်မာစေတဲ့ ခန္ဓာကိုယ်ပြည့် လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။  ဒီလေ့ကျင့်ခန်းကို ၁၀ ကြိမ်မှ ၁၂ ကြိမ် ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း (၂)

man workout

အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို ကားထားပါ။ ထို့နောက် လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ်မှာ ထောက်ထားလိုက်ပါ။ ပြီးသွားတဲ့အခါ ဟိုဘက်ထောက်လိုက် ဒီဘက်ထောက်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ပါ။ ဒီလေ့ကျင့်ခန်းရဲ့ နာမည်ကတော့ Baboon Jump ပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

ဝိတ် အမြန်

နောက်ထပ်လေ့ကျင့်ခန်းကတော့ Split Jump ပဲဖြစ်ပါတယ်။ ပုံထဲအတိုင်း အရှေ့သို့ ခုန်လိုက်၊ တစ်ဖန် အနောက်သို့ ခုန်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာဖြစ်ပါတယ်။ စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၄)

ဝိတ် အမြန်

တစ်ကိုယ်လုံးက အဆီတွေနဲ့ ဝမ်းဗိုက်ကအဆီတွေ လျင်လျင်မြန်မြန်လောင်ကျွမ်းဖို့ဆိုရင် ဒီခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ရှားရတဲ့ Burpees လေ့ကျင့်ခန်းကို ပြုလုပ်သင့်ပါတယ်။ ဒီလေ့ကျင့်ခန်းက ကွီးတို့ရဲ့ Cardio ခံနိုင်ရည်အားကို မြင့်တတ်စေတဲ့ လေ့ကျင့်ခန်းတစ်ခုဆိုလည်း မမှားပါဘူး။ဒီလေ့ကျင့်ခန်းကို ၁၀ ကြိမ်ပြုလုပ်ပြီး ခေတ္တနားပါ။ ထို့နောက် လေ့ကျင့်ခန်းကို ပြန်လည်စတင်ပါ။ အခုမှ ဒီလေ့ကျင့်ခန်းကို စလုပ်မယ့်သူများအနေဖြင့် ကိုယ်ရဲ့ ခံနိုင်ရည်အားအလိုက် လေ့ကျင့်ခန်းကို အကြိမ်ရေ နည်းနည်းနဲ့ စတင်နိုင်ပြီး နောက်ပိုင်းမှ ဖြည်းဖြည်းချင်းတိုးသွားပါ။

လေ့ကျင့်ခန်း (၅)

ဝိတ် အမြန်

အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ ဝမ်းလျားမှောက်နေပါ။ ထို့နောက် ခြေထောက်နှစ်ဖက်နှင့် လက်နှစ်ဖက်ကို မြှောက်လိုက်ပါ။ ပုံပါအတိုင်း ပြုလုပ်ရမှာဖြစ်ပါတယ်။ စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၆)

ဝိတ် အမြန်

Plank လေ့ကျင့်ခန်းကတော့ ကွီးတို့ ထောက်နိုင်သလောက် ၁ မိနစ်ဆိုလည်း ၁ မိနစ်၊ ၂ မိနစ်ဆိုလည်း ၂ မိနစ် ထောက်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၃ ကျော့ ထောက်ဖို့တော့ မမေ့ပါနဲ့။

ကွီးတို့ရဲ့ ခန္ဓာကိုယ်က အဆီပိုတွေ ကျသွားဖို့ ဒီလေ့ကျင့်ခန်းတွေနဲ့ ချဖို့ ရယ်ဒီပဲလား။

Source: Menshealth

Featured Image: Airsculpt