ကွီးတို့ အနားမှာ စကီလေးတွေ ဝိုင်းဝိုင်းလည် ချင်တယ်ဆိုရင် လုပ် သင့်တဲ့အရာတစ်ခုရှိပါတယ်။ ထိုအရာက ဘာများဖြစ်မယ်လို့ ထင်ပါသလဲ။

ထိုအရာက အခြားတော့ မဟုတ်ပါဘူး။ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ကာ ခန္ဓာကိုယ်ကို ကြည့်ကောင်းအောင် ထိန်းရမှာပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပြီး ခန္ဓာကိုယ်ကို ကြည့်ကောင်းအောင် ထိန်းမယ်ဆိုရင် ကွီးတို့ရဲ့ အသားအရေသည်လည်း အလိုလို ကြည့်ကောင်းလာမှာဖြစ်ပြီး ကိုရီးယားမင်းသားတောင် ရှုံးသွားပါလိမ့်မယ်။

စကီလေးတွေ ကွီးတို့အနားမှာ ဝိုင်းဝိုင်းလည် ဖို့အတွက်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို မှန်မှန် ပြု လုပ် ပေးဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း (၁)

ဒီလေ့ကျင့်ခန်း ပြုလုပ်ဖို့အတွက် အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို ကားထားပါ။ ထို့နောက် တင်ပါးကို နောက်ပစ်ပြီး Squat ထိုင်လိုက်ပါ။

Squat ထိုင်ပြီးနောက်မှာ ချက်ချင်းဆိုသလို အပေါ်သို့ ခုန်လိုက်ရပါမယ်။

ထိုအဆင့်များအတိုင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

လေ့ကျင့်ခန်း (၂)

Source: Menshealth

ဒီလေ့ကျင့်ခန်းကတော့ Plank ထောက်ရမယ့် လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

ပြုလုပ်နည်းကတော့ အဆင့်တွေ အများကြီး ရှုပ်ယှက်ခတ်မနေပါဘူး။ ကွီးတို့အနေနဲ့ ပုံပါအတိုင်း ၁ မိနစ်ခန့် Plank ထောက်ပေးရမှာဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ လက်မောင်းကြွက်သားများကို သန်မာလာစေပြီး ဝမ်းဗိုက်ရှိ အဆီပိုများကို ဖယ်ရှားပေးကာ ဝမ်းဗိုက်ကြွက်သားများကို သန်မာလာစေမှာပါ။

လေ့ကျင့်ခန်း (၃)

ဝိုင်းဝိုင်းလည် လုပ်

Source: Menshealth

နောက်ထပ်ပြုလုပ်ရမယ့် လေ့ကျင့်ခန်းရဲ့ နာမည်ကတော့ Russian Twist လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ သူကတော့ ပုံပါအတိုင်း ခန္ဓာကိုယ်ကို ပြုလုပ်ထားကာ ခန္ဓာကိုယ် အပေါ်ပိုင်းကို ဘယ်လှည့်လိုက် ညာလှည့်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ဘယ် ညာကို တစ်ကြိမ်လို့ သတ်မှတ်ရမှာဖြစ်ပြီး စုစုပေါင်း အကြိမ်ရေ ၃၀ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

ဝိုင်းဝိုင်းလည် လုပ်

Source: Gfycat

ဒီလေ့ကျင့်ခန်းလေးရဲ့ နာမည်ကတော့ Sumo Squat ဖြစ်ပါတယ်။ ရိုးရိုး Squat လေ့ကျင့်ခန်းနဲ့ မတူတာကတော့ Sumo Squat ပြုလုပ်တဲ့အခါ ပေါင်နှစ်ဖက်ကို ချဲနိုင်သလောက် အကျယ်ကြီး ချဲထားရမှာဖြစ်ပါတယ်။ ထို့နောက် တင်ပါးကို နောက်ပစ်ကာ လေ့ကျင့်ခန်း ပြုလုပ်ရမှာဖြစ်ပါတယ်။ အလေးတုံး အသုံးပြုကာ လေ့ကျင့်ခန်း ပြုလုပ်နိုင်သလို အလေးတုံး မပါဘဲနဲ့လည်း လေ့ကျင့်ခန်း ပြုလုပ်နိုင်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်မှ ၂၀ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

ဝိုင်းဝိုင်းလည် လုပ်

ဒီလေ့ကျင့်ခန်းရဲ့ နာမည်ကတော့ Spider Crawl ပဲဖြစ်ပါတယ်။ သူ့နာမည်အတိုင်းပဲ ခန္ဓာကိုယ်ကို ပင့်ကူလူသားတစ်ကောင်လိုမျိုး ပြုလုပ်ရမှာဖြစ်ပါတယ်။ ညာခြေကို ဘေးဘက်သို့ ကားထုတ်ကာ ညာတံတောင်နှင့် ထိကပ်လိုက်၊ ဘယ်ခြေကို ဘေးဘက်သို့ ကားထုတ်ကာ ဘယ်တံတောင်နှင့် ထိကပ်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရပါမယ်။ ဘယ် ညာကို တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၁၄ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၁) ကနေ (၅) အထိ ပြီးသွားတဲ့အခါ စက္ကန့် ၃၀ ခန့် အနားယူပါ။ ထို့နောက် နောက်တစ်ကျော့ ပြန်စပါ။ နောက်ထပ် စက္ကန့် ၃၀ အနားယူပြီး နောက်ဆုံး တစ်ကျော့ လေ့ကျင့်ခန်း အစကနေ အဆုံးအထိ ဆော့ကစားရမှာဖြစ်ပါတယ်။

Source: Mensjournal

Featured Image: Freepik