ဝီစကီကို ကြိုက်နှစ်သက်တဲ့ ကွီးတို့ရှိပါသလား။ ဒါဆိုရင်တော့ ဝီစကီ နဲ့ဖျော်စပ်ထားတဲ့ ကော့လ်တေးတွေကိုလည်း ကြိုက်နှစ်သက်ကြမှာ အသေအချာပါပဲ။ ကမ္ဘာပေါ်မှာ ဝီစကီနဲ့ ဖျော်စပ်ထားတဲ့ ကော့လ်တေး အမျိုးအစားပေါင်းများစွာ၊ ဖျော်စပ်နည်းများစွာနဲ့ အရသာမျိုးစုံကို နေရာအလိုက် ခံစားရနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ စာရေးသူက ကွီးတို့ကို ဂန္တဝင် ဝီစကီ ကော့လ်တေး အချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Rod Roy Cocktail

Photo : Cocktail Society
ကွီးတို့ကို ပထမဆုံးဖော်ပြပေးချင်တဲ့ ဂန္တဝင် ဝီစကီ ကော့လ်တေး တစ်ခုကတော့ Rod Roy Cocktail ပဲ ဖြစ်ပါတယ်။ Rob Roy က ၁၈၉၄ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့ပြီး ၎င်းကို စကော့တလန်ရိုးရာ သူရဲကောင်း Rob Roy MacGregor ရဲ့ ဘဝအပေါ်အခြေခံပြီး ဂုဏ်ပြုသောအားဖြင့် အမည်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီကော့တေးကို ဖျော်စပ်ဖို့အတွက် Scotch ဝီစကီ၊ ချိုမြသော အနီရောင် Vermouth နဲ့ Angostura bitters (သို့မဟုတ် လိမ္မော်ခါးသီး) လိုအပ်ပါတယ်။
Vieux Carre

Photo : Art of Drinks
New Orleans မှ ကော့လ်တေးတစ်ခု ဖြစ်တဲ့ Vieux Carré က Cognac၊ ဝီစကီ နှင့် Vermouth တို့ပါ၀င်သော ကော့လ်တေး တစ်ခုဖြစ်ပါတယ်။ ၎င်းက Manhattan နှင့် Old Fashioned ပုံစံတူပြီး ၁၉၃၀ ခုနှစ်များမှာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
Brooklyn Cocktail

Photo : Imbibe Magazine
ဒီကော့လ်တေးကလည်း Manhattan နဲ့ဆင်တူပါတယ်။ ဆန်းပြားသော ရင်သပ်ရှုမောဖွယ် အသွင်အပြင်ကို ပေးတဲ့ ဒီကော့လ်တေးကို ၁၉၀၈ ခုနှစ်တွင် ပထမဆုံး ဖျော်စပ်ခဲ့ပြီး Manhattan အောက်ပိုင်းရှိ စားသောက်ဆိုင်တွင် ဘားသမား Jack Grohusko မှ ဖန်တီးခဲ့ပါတယ်။
New York Sour

Photo : Food & Wine
ဒီဝီစကီကော့လ်တေးကိုတော့ ကွီးတို့ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒီကော့လ်တေးမှာ ခေတ်မီသော ခံစားချက်ရှိသော်လည်း၊ ၎င်းကို Chicago Bartender မှ ၁၈၈၀ ခုနှစ်များတွင် ဖန်တီးခဲ့သည်ဟု ယူဆရပြီး နောက်ပိုင်းတွင် New York City တွင် လူကြိုက်များလာကာ New York Sour ဆိုတဲ့ နာမည် ရလာခြင်း ဖြစ်ပါတယ်။
Boulevardier Cocktail

Photo : A Lush Life Manual
ဒီကော့လ်တေးကတော့ ပြင်သစ်နိုင်ငံ၊ ပါရီတွင်တည်ရှိသော အထင်ကရ Harry’s New York Bar မှ ၁၉၂၀ ခုနှစ်များရဲ့ ဂန္တဝင်ကော့တေးများထဲမှ တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကော့လ်တေးကို Boulevardier ဟုခေါ်သော Paris မဂ္ဂဇင်းကို တည်ထောင်ခဲ့သူ အမေရိကန် စာရေးဆရာ Erskine Gwynne ကို အစွဲပြု၍ Boulevardier Cocktail ဟု အမည်ပေးခဲ့ခြင်းဖြစ်ပါတယ်။
Sazerac Cocktail

Photo : Cocktails-LoveToKnow
နောက်ထပ်ဖော်ပြချင်တဲ့ ဝီစကီ ကော့လ်တေး တစ်ခုကတော့ Sazerac Cocktail ပဲဖြစ်ပါတယ်။ ဒီဒဏ္ဍာရီ ဝီစကီကော့လ်တေးကို New Orleans ဆေးကုဆရာ Antoine Peychaud မှ တီထွင်ခဲ့ခြင်းဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒီကော့လ်တေးကို ဖျော်စပ်ရန် Cognac၊ ကောက်ဝီစကီ၊ သကြား၊ Absinthe၊ နှင့် Peychaud’s bitters စတာတွေ လိုအပ်ပါတယ်။
ဝီစကီချစ်သူ ကွီးတို့ရော ဘယ်ဝီစကီကော့လ်တေးကို အရင်ဆုံး မြည်းကြည့်ချင်ပါသလဲ။
Source : The Kitchen Community
Featured Photo : The Kitchen Community
