ဝီစကီချစ်သူကွီးတို့အနေနဲ့ ဝီစကီလည်း သောက်ချင်တယ် ကော်ဖီလည်း သောက်ချင်တယ်ဆိုရင်တော့ ထိုအရာနှစ်ခုပေါင်းစပ်ကာ ဖျော်စပ်ထားတဲ့ ဝီစကီ ကော်ဖီ လေး သောက်နိုင်ပါတယ်။

ဒီ ဝီစကီ ကော်ဖီ ကို စတင်တီထွင်ခဲ့သူကတော့ Joe Sheridan ဖြစ်ပြီး ၁၉၄၂ ခုနှ်က စတင်တီထွင်ခဲ့တာပါ။ သူသည် အိုင်ယာလန်နိုင်ငံရဲ့ လေဆိပ်အနီးတစ်ဝိုက်မှာ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ တစ်ညနေမှာ ရာသီဥတုပြင်းထန်တဲ့အတွက်ကြောင့် လေယာဉ်ချိန်ကို ဖျက်သိမ်းလိုက်ရပြီး ခရီးသည်များသည် သူ့ဆိုင်သို့ ရောက်ရှိလာပါတယ်။ အဲ့ဒါနဲ့ပဲ Joe က သူ့ဆိုင်ရဲ့ စားသုံးသူတွေအတွက် ဖျော်ရည်တစ်ခွက် ဖျော်ပေးလိုက်ပါတယ်။ ဝီစကီ နဲ့ ကော်ဖီ ရောဖျော်ထားတဲ့အရာကို သောက်သုံးလိုက်တဲ့သူက ဒါဘာဖျော်ရည်လဲဆိုပြီး မေးလိုက်ပါတယ်။ အိုင်းရစ်ရှ်စတိုင်လ်ကော်ဖီလို့ Joe က ဖြေလိုက်ပါတယ်။

ဒီလိုနဲ့ပဲ အိုင်းရစ်ရှ်စတိုင်လ် ဝီစကီ ကော်ဖီဆိုပြီးဖြစ်လာပါတယ်။

ဝီစကီ ကော်ဖီ

ဒီ အိုင်းရစ်ရှ်စတိုင်လ် ဝီစကီ ကော်ဖီလေး ဖျော်ချင်တယ်ဆိုရင်တော့ လိုအပ်မယ့်အရာတွေက သကြားညို လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ကော်ဖီပြင်းပြင်း စားပွဲတင်ဇွန်း ၈ ဇွန်း (ကော်ဖီအပူဖြစ်ရပါမယ်)၊ ဝီစကီ စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် Heavy Cream စားပွဲတင်ဇွန်း ၂ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။

ပြုလုပ်နည်းအဆင့်ဆင့်

၁။ အရင်ဦးဆုံး ပါဝင်ပစ္စည်းများကို တစ်စုတစ်စည်းတည်း ထားထားပါ။

ဝီစကီ ကော်ဖီ

၂။ သကြားညိုကို အပူဒဏ် ခံနိုင်သော ခွက်တစ်လုံးထဲ ထည့်ထားပါ။

ဝီစကီ ကော်ဖီ

၃။ ကော်ဖီပူပူလေးထည့်ပါ။ ထို့နောက် ဝီစကီထည့်ပါ။

ဝီစကီ ကော်ဖီ

၄။ ထို့နောက် သကြားများ ပျော်ဝင်သွားသည်အထိ မွှေပေးလိုက်ပါ။

၅။ Heavy Cream များကို အမြှုပ်များ ဖြစ်သွားအောင်လို့ မွှေခလောက်ပေးလိုက်ပါ။

irish coffee

၆။ ထို့နောက် ထိုခရင်မ်များကို ဖျော်ရည်ပေါ်မှာ ပေါလောပေါ်နေအောင်လို့ ဖြည်းဖြည်းချင်းစီ လောင်းထည့်ရပါမယ်။

လောင်းချရမယ့် နည်းကတော့ ဇွန်းတစ်ချောင်းကို မှောက်ခုံထားထားပြီး ထိုဇွန်းပေါ်ကနေတဆင့် ဖြည်းဖြည်းချင်းစီ လောင်းထည့်ရမှာဖြစ်ပါတယ်။

irish coffee

၇။ ခရင်မ်အမြှုပ်များ ဖျော်ရည်ပေါ်မှာ နေရာယူထားပြီးပြီဆိုရင်တော့ အရသာရှိတဲ့ အိုင်းရစ်ရှ် ဝီစကီ ကော်ဖီတစ်ခွက် ရရှိသွားပြီဖြစ်ပါတယ်။ အမြှုပ်တွေကို မမွှေပဲ ဒီအတိုင်း သောက်သုံးရမှာဖြစ်ပါတယ်။

irish coffee

ကွီးတို့လည်း အိုင်းရစ်ရှ်ဝီစကီကော်ဖီလေး သောက်သုံးပြီးသွားရင် အတွေ့အကြုံလေးတွေ ပြန်လည်ဝေမျှခဲ့ပါဦး။

Source: Thespruceeats

Featured Image: Tastingtable