ဝီစကီ Whiskey ကြိုက်သူမှန်ရင် ဝီစကီ Whiskey ကော့လ်တေး တွေကိုလည်း ကြိုက်ကြပါလိမ့်မယ်။ ဝီစကီ Whiskey ကော့လ်တေးတွေဟာ ခပ်ပြင်းပြင်းရှရှနဲ့ ကွဲပြားတဲ့ ဝီစကီ Whiskey ရဲ့ အရသာကို စီးမြောခံစားနိုင်တဲ့အတွက် အမျိုးသားထုကြားမှာတော့ ရှေးဆယ်စုနှစ်များစွာကတည်းက လူကြိုက်များခဲ့ပါတယ်။  ဝီစကီ Whiskey ကို ပုံမှန်အတိုင်း သောက်ရတာ ရိုးအီလာပြီဆိုသူတွေအတွက် ကွဲပြားတဲ့ ဝီစကီ Whiskey အရသာကို ခံစားနိုင်ဖို့ မြည်းစမ်းကြည့်သင့်တဲ့ အကောင်းဆုံး ဝီစကီ Whiskey ကော့လ်တေး ၆ မျိုးကို မျှဝေပေးလိုက်ပါတယ်။

(၁) Whiskey Sour

Photo : A Couple Cooks

ဝီစကီ Whiskey ကော့လ်တေးတွေထဲမှာ လူကြိုက်အများဆုံးနဲ့ မရိုးနိုင်တဲ့ ကော့လ်တေးတစ်မျိုးကတော့ Whiskey Sour ပါပဲ။ Whiskey Sour ဟာ ၁၈၇၀ ပြည့်လွန်နှစ်တွေကတည်းက စတင်ပေါ်ပေါက်ခဲ့တဲ့ ကော့လ်တေးတစ်မျိုး ဖြစ်ပါတယ်။ ဘော်ဘွန်း ဝီစကီ Whiskey ၊ Lemon Juice ၊ Simple Syrup နဲ့ ကြက်ဥအကာကို အဓိကအသုံးပြုပြီး ဖျော်စပ်ပါတယ်။ ဝီစကီ Whiskey မူလရဲ့ အရသာကို ပျက်မသွားစေဘဲ ချိုမြိန်ပြင်းရှတဲ့ စွဲမက်ဖွယ်အရသာကို ခံစားနိုင်မယ့် ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။

(၂) Whiskey Smash

Photo : A Couple Cooks

ပေါ့ပေါ့ပါးပါးနဲ့ Refreshing ဖြစ်စေတဲ့ ကော့လ်တေးကို ညွှန်းပါဆိုရင်တော့ Whiskey Smash ကိုပဲ ညွှန်းရပါလိမ့်မယ်။ သူက အရသာ အရမ်းမပြင်းပဲ ချဉ်တင်တင်နဲ့ ခါးသပ်သပ် အရသာနဲ့ အဝင်ကောင်းတဲ့ Classic ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ ဘော်ဘွန်း ဝီစကီ Whiskey ၊ Lemon Juice ၊ Simple Syrup နဲ့ Mint Leaves တို့ကို ပေါင်းစပ်ဖန်တီးထားတာ ဖြစ်ပါတယ်။ Dinner မစားခင်နဲ့ အေးဆေး Relax လုပ်ချိန်တွေမှာ သောက်ဖို့သင့်တော်တဲ့ ဝီစကီ Whiskey ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။

(၃) Whiskey Highball

Photo : A Couple Cooks

ကော့လ်တေးတစ်ခွက်ကို အချိန်ပေးပြီး အနုစိတ်ဖျော်စပ်ရတာ မကြိုက်တဲ့သူတွေကတော့ Whiskey Highball ကရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲ။ ဒီကော့လ်တေးဟာ ပါဝင်ပစ္စည်း ၂ မျိုးတည်းနဲ့ အဓိကဖျော်စပ်ထားတာ ဖြစ်ပြီး ၂၀ ရာစုအနှောင်းပိုင်းကနေ ဒီနေ့အထိ လူကြိုက်များနေဆဲဖြစ်တဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ ပြင်ဆင်ရတာလည်း အရမ်းကိုလွယ်ကူ ရိုးရှင်းပါတယ်။ နှစ်သက်ရာ ဝီစကီ Whiskey တစ်မျိုးနဲ့ Club Soda တို့ကို ရောစပ်သုံးဆောင်ရုံပါပဲ။ တချို့ကလည်း Ginger Beer သို့မဟုတ် Ginger Ale နဲ့ရောစပ် သောက်လေ့ရှိကြပါတယ်။

(၄) Old Fashioned

Photo : A Couple Cooks

ခါးသပ်ချိုမြိန်တဲ့ အရသာပေါင်းစပ်မှုနဲ့ နာမည်အကြီးဆုံး Classic ဝီစကီ Whiskey ကော့လ်တေး တစ်မျိုးကတော့ Old Fashioned ဖြစ်ပါတယ်။ Old Fashioned ကော့လ်တေးဟာ ၁၈၀၀ ပြည့်လွန်နှစ် အစောပိုင်းကာလတွေကတည်းက စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ဘော်ဘွန်း ဝီစကီ Whiskey ၊ သကြားခဲ ၊ Angostura / Orange Bitters ၊ ရေအနည်းငယ်တို့ ရောစပ်ဖျော်ပါတယ်။ ကော့လ်တေးခွက်ရဲ့ အပေါ်မှာ လိမ္မော်ခွံလေး အလှဆင်ပြီး အရသာရှိရှိ သုံးဆောင်နိုင်မယ့် ဝီစကီ Whiskey ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။

(၅) Manhattan

Photo : A Couple Cooks

Manhattan ကော့လ်တေးကတော့ New York City မှာရှိတဲ့ The Manhattan Club လို့ခေါ်တဲ့ အရက်ဘားတစ်ခုကနေ စတင်ဖန်တီးလိုက်တဲ့ ကော့လ်တေး တစ်ခွက်ဖြစ်ပါတယ်။ Rye Whiskey ၊ Vermouth နဲ့ Angostura Bitters စတဲ့ အဓိက ပါဝင်ပစ္စည်း ၃ မျိုးတည်းနဲ့ ဖျော်စပ်ထားတဲ့ Classic ဝီစကီ Whiskey ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ ဝီစကီ Whiskey လို ခပ်ပြင်းပြင်းရှရှ အရသာမျိုးကြိုက်သူတွေ မြည်းစမ်းကြည့်သင့်တဲ့ ကော့လ်တေးတစ်ခွက်ပဲ ဖြစ်ပါတယ်။

(၆) Sazerac

Photo : A Couple Cooks

လူကြိုက်များတဲ့ Classic ဝီစကီ Whiskey ကော့လ်တေးအကြောင်းပြောမယ်ဆိုရင် ချန်ထားလို့ မရတဲ့ ကော့လ်တေးတစ်မျိုးက Sazerac ပါ။ Sazerac ကော့လ်တေးကို Cognac သို့မဟုတ် Rye Whiskey နဲ့ အဓိကဖျော်စပ်ပြီး Absinthe ၊ Peychaud’s Bitters ၊ သကြားခဲ ၊ ရေအနည်း ငယ်တို့နဲ့ ရောစပ်ဖျော်ပါတယ်။ အရသာကတော့ Old Fashioned နဲ့ အနည်းငယ်ဆင်တူပြီး ခါးသပ်ချိုမြိန်တဲ့ ဝီစကီ Whiskey ကော့လ်တေးရဲ့အရသာကို စီးမြောခံစားနိုင်မှာ ဖြစ်ပါတယ်။

Featuered Photo : Lifestyle Asia Hong Kong