ဝီစကီ Whiskey နဲ့ ရောစပ်လို့ အကောင်းဆုံး Mixer တစ်မျိုးကတော့ Orange Juice ပါပဲ။ လိမ္မော်ရည် ရဲ့ ချိုမြမြအရသာနဲ့ ဝီစကီ Whiskey ရဲ့ စူးရှပြင်းပြတဲ့ အရသာနှစ်မျိုးပေါင်းစပ်ပြီး တကယ့်ကို Refreshing ဖြစ်စေတဲ့ လန်ဆန်းချိုမြတဲ့ ကော့လ်တေး တစ်ခွက် ဖန်တီးလို့ရပါတယ်။ လွယ်ကူရိုးရှင်းသလို လူကြိုက်လည်းများပြီး ယောကျာ်းလေးတွေရော မိန်းကလေးတွေ သောက်လို့အဆင်ပြေတဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။

Photo : A Couple Cooks

ပါဝင်ပစ္စည်း ၃ မျိုးလောက်ရှိရုံနဲ့ အိမ်မှာပဲ အကုန်အကျသက်သက်သာသာနဲ့ အလွယ်ကူဆုံး ဖျော်စပ်သောက်လို့ ရပါတယ်။ ဝီစကီ Whiskey နဲ့ လိမ္မော်ရည် ကော့လ်တေးဖျော်စပ်ဖို့ အဓိကလိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ နှစ်သက်ရာ ဝီစကီ Whiskey တစ်မျိုး ၊ Fresh Orange Juice နဲ့ Bitters တို့လိုအပ်ပါတယ်။ ဒါဆိုဖျော်စပ်နည်းအဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။

Photo : A Couple Cooks

အရင်ဆုံး Lowball ဖန်ခွက်ထဲမှာ ဝီစကီ Whiskey ၂ အောင်စ ၊ Orange Juice ၃ အောင်စနဲ့ Bitters ၂ စက်လောက်ကို ရေခဲရောထည့်ပြီး ကော့လ်တေးဇွန်းလေးနဲ့ မွှေပေးရပါမယ်။ အလှဆင်ဖို့အတွက်ကတော့ နှစ်သက်ရာ လိမ္မော်သီးစိပ်လေးနဲ့ ကော့လ်တေးချယ်ရီသီးလေးကို ဖန်ခွက်ပေါ်တင်ပြီး သောက်နိုင်ပါတယ်။ လန်းဆန်းချိုမြတဲ့ လိမ္မော် ဝီစကီ Whiskey ကော့လ်တေးတစ်ခွက် အိမ်မှာအလွယ်ကူဆုံး ဖျော်စပ်သောက်ကြည့်ရအောင်ပါ။

Featured Photo : Image Professionals