ခေတ်ဟောင်းဂန္ထဝင် ကော့လ်တေးတွေ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ ၁၉၂၀ ခုနှစ်တွေဆီကို ပြန်လည်ခေါ်ဆောင်သွားမယ့် Mary Pickford ကော့လ်တေးဖျော်စပ်နည်းလေး မျှဝေပေးချင်ပါတယ်။ Mary Pickford ကော့လ်တေး ဆိုတာကတော့ Prohibition Era Drink လို့ လူသိများပြီး အရက်မသောက်ရ တားမြစ်ချက်ထုတ်ထားတဲ့ ၁၉၂၀ ဝန်းကျင်ကာလတွေအတွင်း ကျူးဘားမှာ စတင်တီထွင်ခဲ့တာ ဖြစ်ပါတယ်။

Photo : A Couple Cooks

အဲ့ဒီခေတ် အဲ့ဒီကာလရဲ့ နာမည်အကြီးဆုံး အသံမဲ့ရုပ်ရှင်မင်းသမီးကြီး Mary Pickford ရဲ့ နာမည်ကို အစွဲပြုပြီး Mary Pickford ကော့လ်တေးလို့ နာမည်ပေးခဲ့တာပါ။ Mary Pickford ကော့လ်တေးကို Rum ဖြူ ၊ နာနတ်သီးဖျော်ရည် ၊ Maraschino Liqueur ၊ Grenadine စတဲ့ ပါဝင်ပစ္စည်းတွေနဲ့ အဓိကဖျော်စပ်ပါတယ်။ ကော့လ်တေးဖျော်စပ်နည်းက ရိုးရိုးရှင်းရှင်းပါပဲ။

Photo : A Couple Cooks

အရင်ဆုံး ကော့လ်တေး Shaker ထဲကို Rum ဖြူ ၂ အောင်စ ၊ နာနတ်သီးဖျော်ရည် ၁ အောင်စခွဲ ၊ Maraschino Liqueur စားပွဲတင်ဇွန်း ၁ ဇွန်း ၊ Grenadine စားပွဲတင်ဇွန်း ၂ ဇွန်း တို့ကို ရေခဲလက်တဆုပ်စာနဲ့ ရောထည့်ပြီး အေးခဲလာတဲ့အထိ ရှိတ်ပေးရပါမယ်။ ပြီးတဲ့အခါ ကော့လ်တေး ဖန်ခွက်ထဲကိုပြောင်းထည့်ပြီး ချယ်ရီသီးလေးအလှဆင်ကာ ခေတ်ဟောင်းအငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ Mary Pickford ကော့လ်တေးရဲ့ အရသာကို မြည်းစမ်းကြည့်လို့ရပါပြီ။

Featured Photo : Maine Spirits