မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အိုးထရက်ဖိုဒ့်မှာ နည်းပြရာထူးနဲ့ပတ်သက်ပြီး ဝုလ်ဗ်အသင်းနည်းပြ ဂယ်ရီအိုနေးလ် နဲ့ ဆွေးနွေးလိုနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

Gary O’Neil

Photo : Goal.com

ယူနိုက်တက် အသင်းပိုင်ရှင်အသစ် ဆာဂျင်မ် ရက်ကလစ်ဖ်က ဒီနွေရာသီမှာ အသင်းရဲ့နည်းပြဖွဲ့စည်းမှုကို အပြောင်းအလဲ လုပ်ချင်နေပြီး သရဲနီတို့ရဲ့ လက်ရှိ နည်းပြ တန်ဟတ် နေရာမှာ အစားထိုးခန့်အပ်ဖို့ နည်းပြသစ် ရှာဖွေနေတာ ဖြစ်ပါတယ်။

နည်းပြ တန်ဟတ်ရဲ့ ယူနိုက်တက်အသင်းဟာ ဒီရာသီ ရလဒ်ဆိုးရွားနေပြီး လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့အဆင့် ၆ နေရာမှာ ရပ်တည်နေကာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လည်း လွဲချော်ဖို့ အလားအလာ ရှိနေတာကြောင့် အိုးထရက်ဖိုဒ်မှာ တန်ဟတ်ရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေပါတယ်။

ယူနိုက်တက်အသင်း တာဝန်ရှိသူတွေကတော့ အသင်းရဲ့ နည်းပြသစ်ခန့်အပ်ဖို့ ဂါရတ်ဆောက်ဂိတ် ၊ ရောဘတ်တိုဒီဇာဘီ ၊ သောမတ်ဖရန့် တို့နဲ့ ချိတ်ဆက်နေပြီး ESPN ရဲ့ဖော်ပြချက်အရ ဝုလ်ဗ်အသင်း နည်းပြ ဂယ်ရီအိုနေးလ် ကိုပါ အလားအလာရှိတဲ့ ပစ်မှတ်တစ်ခုအနေနဲ့ စိတ်ဝင်စားလျက်ရှိနေတယ်လို့ ဆိုထားပါတယ်။

ဘုန်းမောက်အသင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ အသက် ၄၀ အရွယ် အင်္ဂလန်လူမျိုးနည်းပြ ဂယ်ရီအိုနေးလ် ဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လထဲမှာ ဝုလ်ဗ်အသင်း နည်းပြ လိုပတ်တယ်ဂီ နေရာမှာ နည်းပြအသစ်အဖြစ် အစားထိုးခန့်အပ်ခံခဲ့ရပြီး ဝုလ်ဗ်အအသင်းနဲ့အတူ အထင်ကြီးစရာကောင်းတဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ထားကာ ဒီရာသီ အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာမှာ ရပ်တည်အောင် စွမ်းဆောင်ပေးထားပါတယ်။

Gary O’Neil

Photo : The Telegraph

လက်ရှိအချိန်မှာ နည်းပြ ဂယ်ရီအိုနေးလ် ဟာ ဝုလ်ဗ်အအသင်းနဲ့ စာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိနေသေးပြီး အကယ်၍ ယူနိုက်တက်ကို ပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုပါက သရဲနီတို့အနေနဲ့ အင်္ဂလန်လူမျိုးနည်းပြအတွက် စာချုပ်ဖျက်သိမ်းကြေး ပေးဆောင်သွားရဖွယ် ရှိနေပါတယ်။

Featured Photo : The Sun