ကျန်းမာရေး နဲ့ မညီဆုံး အစားအစာတွေ အကြောင်းပြောရင် သကြားလည်း ပါပါတယ်။ အပိုထပ်ထည့်သုံးထားတဲ့ Added Sugar ပါဝင်မှု မြင့်မားတဲ့ အသင့်စား အမြန်စာ Fast Food တွေနဲ့ Snacks မုန့်တွေဟာ နေ့စဉ်ကယ်လိုရီစားသုံးမှုမှာ ကြီးမားတဲ့ အချိုးအစားနဲ့ ပါဝင်နေပါတယ်။ကယ်လိုရီစားသုံးမှု မြင့်ခြင်းရဲ့ အကျိုးဆက်ကို ဒီနေ့ခေတ်လူနေမှုဘဝမှာ အဓိကကျန်းမာရေးပြဿနာတစ်ရပ်အနေနဲ့ ခေါင်းကိုက်နေကြပါတယ်။ သကြား အများကြီး ထည့်သုံးပြီး ပြုလုပ်စီမံကြတဲ့ အစားအသောက်တွေကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိူးတွေ အများကြီး ရှိပါတယ်။ Added Sugar ပါတဲ့ အစားအသောက်တွေ စားသူဟာ ဝိတ်တက်ပြီး အဝလွန်နိုင်ပါတယ်။

Added Sugars

Photo: eatshealthy

သကြားပါတဲ့ ဆိုဒါ ၊ ဖျော်ရည်နဲ့ လက်ဖက်ရည်တွေမှာ Fructose လို့ ခေါ်တဲ့ သကြားတစ်မျိုး ပါဝင်ပါတယ်။ Fructose စားတာက ပေါင်မုန့် ၊ ဆန် ၊ ဂျုံ ၊ ပြောင်း ၊ အာလူးတို့မှာ ပါတဲ့ Glucose သကြားဓါတ်ထက် လူရဲ့ ဆာလောင်စိတ် နဲ့ အစားစားချင်စိတ်ကို လှုံ့ဆော်မှု ပိုများပါတယ်။ သကြားဓါတ်ပါတဲ့ အချိုရည်တွေ သောက်နေကျလူဟာ အချိုရည်ရှောင်တဲ့သူထက် ဝိတ်ပိုတက်ကြောင်းလည်း သုတေသနတွေက လက်ခံထားကြပါတယ်။

ဝိတ်တက်လာမှုနဲ့အတူ အဝလွန်ခြင်း ၊ ရောင်ရမ်းခြင်း ၊ Triglyceride တက်ခြင်း ၊ သွေးတွင်းသကြားဓါတ်နဲ့ သွေးဖိအား မြင့်လာခြင်းတွေ ဖြစ်စေနိုင်ပြီး ကမ္ဘာ့နံပါတ်တစ်‌ သေဆုံးမှုတရားခံဖြစ်တဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေလည်း မြင့်မားလာစေတယ်လို့ ဆိုပါတယ်။ သကြားဓါတ် များတဲ့ High-Sugar Diet တွေကြောင့် ဝက်ခြံဖြစ်နိုင်ခြေလည်း ပိုများနိုင်ပါတယ်။

သကြားဓါတ်မြင့်တဲ့ အစားအစာတွေက သွေးတွင်း သကြားဓါတ်နဲ့ အင်ဆူလင် Level ထိုးတက်စေပြီး Androgen ထုတ်မှု ၊ အဆီထုတ်မှု နဲ့ ရောင်ရမ်းမှုတွေ မြင့်တက်စေတာကြောင့် ဝက်ခြံဖြစ်နိုင်ခြေနဲ့ပါ ဆက်စပ်သွားတယ်လို့ ဆိုပါတယ်။ အချိုဓါတ်တွေ ထည့်ထားတဲ့ Glycemic Index မြင့် အစားအသောက်တွေက ဝက်ခြံဖြစ်အောင် လှုံဆော်နိုင်စွမ်းရှိပြီး Glycemic နည်းတဲ့ Diet တွေ ကျွေးရင်တော့ ဝက်ခြံဖြစ်နိုင်ခြေပါ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

sugar_rejection

Photo: selecthealth

နောက်ထပ် သေလောက်အောင် ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုက Type 2 Diabetes ဖြစ်နိုင်ခြေ မြင့်မားစေတာပါပဲ။ သကြားစားသုံးမှု များလာတာနဲ့အမျှ သွေးသကြားဓါတ် Levels ကို သည်းခြေအိတ်ကနေ ထိန်းညှိပေးဖို့ ထုတ်တဲ့ အင်ဆူလင်ဟော်မုန်းထုတ်မှု ကျလာပါတယ်။ ဒီလိုနဲ့ သွေးထဲ သကြားဓါတ် တက်လာပြီး ဆီးချိုသွေးချို ဖြစ်နိုင်ခြေကို ပိုမြင့်လာစေတာပါ။

သကြားစားလို့ သေနိုင်လောက်တဲ့ ရောဂါထဲမှာ ကင်ဆာဖြစ်နိုင်ခြေမြင့်မားတာလည်း တစ်ခုအပါအဝင် ဖြစ်သလို စိတ်ဓါတ်ကျတာ ၊ အသားအရေတွေ ပျော့တွဲအိုမင်းလာတာ ၊ စွမ်းအင်တွေ ကျဆင်းစေတာ ၊ အသည်းအဆီဖုံးတာနဲ့ ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေပါ မြင့်လာနိုင်တယ်လို့ သုတေသနတွေက ဖော်ပြထားကြပါတယ်။

Featured Photo: eatthis