လျို့ဝှက်ချက်တွေမရှိတဲ့ ရိုးရှင်းတဲ့ဘဝကို လူတိုင်းနှစ်သက်ကြမှာပါ။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကျွန်တော်တို့ဘဝထဲက ကိုယ်ရေးကိုယ်တာတွေကို လူတိုင်းကိုလိုက်ပြောပြနေလို့မရပါဘူး။ ခင်မင်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုတောင် မပြောပဲ ထိန်ချန်ထားသင့်တဲ့ အကြောင်းအရာတွေဆိုတာ ရှိပါတယ်။ သင့်အနေနဲ့ သင့်ဘဝနဲ့ပတ်သတ်ပြီး ဘယ်လိုအချက်တွေ ၊ အကြောင်းအရာတွေကို တခြားဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မပြောပြသင့်ဘူးလဲဆိုတာကို ဒီဆောင်းပါးလေးမှာ ဝေမျှပေးချင်ပါတယ်။

(၁)  ရည်မှန်းချက်နဲ့ အစီအစဉ်တွေအကြောင်း

Goals

Photo : Minute School

သင့်ဘဝမှာ ချမှတ်ထားတဲ့ Goals တွေ ၊ အနာဂတ် Plans တွေနဲ့ပတ်သတ်ပြီး အခြားသူတွေကို အိတ်သွန်ဖာမှောက် ဘယ်တော့ မပြောပြသင့်ပါဘူး။ သင်ချမှတ်ထားတဲ့ ပန်းတိုင်တွေကို မရောင်ခင်အထိ သိုသိုသိပ်သိပ်နဲ့ Low Key လေးပဲ ကြိုးစားလုပ်ဆောင်နေတာဟာ ပိုသင့်တော်ပါတယ်။ အောင်မြင်လာပြီဆိုမှ သင်ကျော်ဖြတ်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်းကို ပြန်လည်မျှဝေချင်ရင် မျှဝေလို့ရပါတယ်။

(၂) အမှောင်ဘက်ခြမ်းက လျှို့ဝှက်ချက်တွေအကြောင်း

Secrets

Photo : Transitions In Business

လူတိုင်းမှာ Dark Secrets တွေရှိပါတယ်။ ဒီလို ကိုယ့်ရဲ့အမှောင်ဘက်ခြမ်းက လျို့ဝှက်ချက်တွေကို အခြားသူစိမ်းတွေထံ ချပြစရာမလိုပါဘူး။ ဒါတွေဟာ တစ်ချိန်မှာ သင့်အပေါ်အနိုင်ယူ နိုင်မယ့် ပျော့ကွက်တွေ ဖြစ်နေနိုင်ပါတယ်။

(၃) အားနည်းချက်တွေအကြောင်း

 Weakness

Photo : Shortform

ကျွန်တော်တို့အားလုံးမှာ အားသာချက်တွေ ရှိသလို အားနည်းချက်တွေလည်း ကိုယ်စီရှိကြပါတယ်။ လူတစ်ယောက်က အခြားလူတစ်ယောက်ကို ချုပ်ကိုင်ထိန်းစေတဲ့နေရာမှာ အားနည်းချက်တွေက အဓိကကျပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သင့်ရဲ့ အားနည်းချက်တွေကို သင်မဟုတ်တဲ့ အခြားလူတစ်စုံတစ်ယောက်ကို ပြောပြဖို့ မသင့်တော်ပါဘူး။

(၄) ဝင်ငွေအကြောင်း

Money

Photo : Massage Business Blueprint

သင့်ရဲ့ ဝင်ငွေကလည်း လျို့ဝှက်ထားသင့်တဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ လူတွေက သင့်ရဲ့ဝင်ငွေ ၊ ပိုင်ဆိုင်မှု ပမဏကို အတိအကျသိလာတာနဲ့အမျှ မနာလိုခြင်း ၊ ငွေကြေးအရှုပ်အရှင်းကိစ္စတွေနဲ့ လိမ်လည်ခြင်း ၊ ခြိမ်းခြောက်ခြင်း စတဲ့ မကောင်းတဲ့ဘက်ကို ဦးတည်နေတဲ့ ခြေလှမ်းတွေ စတင်လာဖို့ ရာခိုင်နှုန်းများပါတယ်။ ဒါကြောင့် သင့်ဝင်ငွေ ၊ သင့်ဘဏ်အကောင့်ထဲမှာ စုဆောင်းထားတဲ့ ငွေကြေးပမဏကို လျှို့ဝှက်ထိန်ချန်ထားဖို့ အရေးကြီးပါတယ်။

Featured Photo : InfoWorld