စတိုင်လ်ကျပြီး အမြဲတမ်းမိုက်ချင်တဲ့ ကွီးတို့ရေ၊ မိမိုက်ပြီး အလန်းစား ဖြစ်ချင်ရင် အဝတ်အစားကို ဖက်ရှင်ကျအောင် ဝတ်တတ်ရုံနဲ့ မပြီးသေးဘူး။ ကွီးတို့ရဲ့ ဖက်ရှင် ကို ပံ့ပိုးပေးပြီး စတိုင်လ်ကျမှုကို နောက်တစ်ဆင့် ထပ်မြင့်စေမဲ့ အသုံးအဆောင်တွေကလည်း အရေးပါပါတယ်။ ဒီနေ့မှာတော့ ကွီးတို့အတွက် အဖိုင်းစား ဘဲရီး တစ်ဗွေ ဖြစ်ဖို့ ပံ့ပိုးပေးနိုင်တဲ့ အမျိုးသား အသုံးအဆောင်အချို့ကို ဖော်ပြပေးချင်ပါတယ်။

(၁) နာရီ

အဖိုင်းစား ဘဲရီး

Photo : Lazada Philippines

နာရီတွေက အမျိုးသားတို့အတွက် ဘယ်တော့မှ မရိုးတဲ့ မရှိမဖြစ် အသုံးအဆောင်တစ်ခုလို့ ပြောလို့ရပါတယ်။ ကိုယ့်ရဲ့အသွင်အပြင်နဲ့ ဖက်ရှင်ကို ပိုမိုပေါ်လွင်အောင် နာရီတွေက ပံ့ပိုးပေးနိုင်ပါတယ်။ နာရီကောင်းကောင်းတစ်လုံးက ကွီးတို့ရဲ့ ပရော်ဖက်ရှင်နယ်ဘဝမှာ ဖြစ်စေ၊ ကိုယ်ပိုင်ဘဝမှာ ဖြစ်စေ ရှိသင့်တဲ့အရာပါ။ ဒါကြောင့် နာရီမှာ ရင်းနှီးမြှပ်နှံဖို့ မနှမြောပါနဲ့။ နာရီကိုရွေးချယ်တဲ့အခါမှာ ဂန္ထဝင်ဆန်ပြီး အမြဲတမ်းအတွက် အဆင်ပြေတဲ့ ဒီဇိုင်းကိုရှာပါ။

(၂) နေကာမျက်မှန်

အဖိုင်းစား ဘဲရီး

Photo : Amazon UK

နေကာမျက်မှန်တွေက မိမိတို့ မျက်လုံးကို နေရောင်ခြည်မှလာတဲ့ ပြင်းထန်တဲ့ UV rays တွေကနေ ကာကွယ်ဖို့အတွက် အသုံးပြုကြတဲ့အပြင် ဖက်ရှင်အတွက်လည်း အရေးပါတဲ့ အသုံးအဆောင်တစ်ခုပါ။ မိမိုက်ပြီး စတိုင်လ်ကျဖို့ဆိုရင် နေကာမျက်မှန်တွေကို ချန်ထားလို့မရပါဘူး။ နေကာမျက်မှန်ကို ရွေးချယ်တဲ့နေရာမှာ ကိုယ့်ရဲ့မျက်နှာပုံသဏ္ဍန်နဲ့ လိုက်ဖက်တာကို ရွေးချယ်ရပါမယ်။ ဒါ့အပြင် Accessories တွေ အများကြီး မသုံးချင်ရင် ခပ်မိုက်မိုက် နေကာမျက်မှန်တစ်လက်တည်းနဲ့ အဖိုင်းစား ဘဲရီး တစ်ဗွေ ဖြစ်လို့ရပါတယ်။

(၃) လက်ကောက်များ၊ လက်ပတ်များ

အဖိုင်းစား ဘဲရီး

Photo : DMARGE

အခုနောက်ပိုင်းမှာ အမျိုးသားဝတ် လက်ပတ်တွေ၊ လက်ကောက်တွေကလည်း ခေတ်စားလာပါတယ်။ လက်ကောက်တွေ၊ လက်ပတ်တွေက အမျိုးသားတို့ ဖက်ရှင်ကို တစ်ဆင့်မြှင့်ပေးနိုင်ရုံသာမက အမိုက်စား အသွင်အပြင်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ကွီးတို့အနေနဲ့ လက်ကောက်တွေ၊ လက်ပတ်တွေ တစ်ခါမှ မဝတ်ဆင်ရသေးရင်တော့ အခုက စတင်ဖို့ အချိန်ကောင်းပါပဲ။

(၄) ဆွဲကြိုးများ

Photo : Robb Report

လက်ကောက်များ၊ လက်ပတ်များကဲ့သို့ပင် ဆွဲကြိုးများကလည်း တစ်နေ့ထက်တစ်နေ့ အမျိုးသားတို့ ဖက်ရှင်မှာ နေရာယူလာပါတယ်။ ကွင်းဆက်ပုံစံ ဆွဲကြိုး တစ်နည်းအားဖြင့် Chain ကြိုးပုံစံတွေကို အမျိုးသားတို့ ပိုပြီး အကြိုက်များလာကြပါတယ်။ ဆွဲကြိုးတွေက ကွီးတို့ ရွေးချယ်တဲ့ ပုံစံပေါ်မူတည်ပြီး ပိုပြီးမိမိုက်စေသလို အထာကျတဲ့ ပုံစံကိုလည်း ပေးစွမ်းနိုင်ပါတယ်။

(၅) လက်စွပ်များ

Photo : Vancouver Diamonds

လက်စွပ်တွေကလည်း ဖက်ရှင်မှာ အရေးပါတဲ့ အသုံးအဆောင်တစ်ခုပါပဲ။ သို့သော်လည်း အမျိုးသားတော်တော်များများက လက်စွပ်များကို Accessories အနေနဲ့ ရွေးချယ်ဝတ်ဆင်ဖို့ သိပ်မစဉ်းစားကြပါဘူး။ တကယ်တော့ လက်စွပ်များက ကွီးတို့ရဲ့ မိမိုက်တဲ့ အသွင်အပြင်နဲ့ လေးနက်မှုကို ပေးစွမ်းနိုင်တာ တွေ့ရမှာပါ။ ခပ်မိုက်မိုက်စတိုင်လ်နဲ့ ဂေါ်ချင်ရင် လက်စွပ်တွေကို ဝတ်ဆင်ဖို့ မမေ့ပါနဲ့။

(၆) ခါးပတ်များ

Photo :Ringers Western

ကွီးတို့ဖက်ရှင်ကို ပံ့ပိုးပေးနိုင်ပြီး စတိုင်လ်ကို တစ်ဆင့်မြင့်စေတဲ့ အသုံးအဆောင်တွေကိုပြောပါဆိုရင် ခါးပတ်တွေကိုလည်း ချန်ထားလို့မရပါဘူး။ ခါးပတ်တွေက ကွီးတို့ရဲ့ဝတ်စားဆင်ယင်မှုရဲ့ အလုံးစုံ အသွင်အပြင်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဖက်ရှင်ကျတဲ့ အမျိုးသားတိုင်းအတွက် ခါးပတ်တွေက မရှိမဖြစ်ပါပဲ။ ပုံစံအမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုး ရှိတဲ့အထဲက ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ လိုက်ဖက်တဲ့ ခါးပတ်ကို ရွေးချယ်ဝတ်ဆင်ပါ။

ကွီးတို့ရေ ဒါလေးတွကိုသာ သေချာရွေးချယ် ဝတ်ဆင်တတ်ရင် မိမိုက်တဲ့ အဖိုင်းစား ဘဲရီး ဖြစ်ပြီဆိုတာ ယုံလိုက်ဗျာ။

Source : The Adult Man

Featured Photo : Men’s Health