သင်္ကြန် ပိတ်ရက်အတွင်းမှာ မြူးတူး ကခုန်ချင်တဲ့ ကွီးတို့အတွက် သီချင်း ကောင်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

ဒီသီချင်းလေးတွေက ကွီးတို့ကို သင်္ကြန်တွင်းမှာ ပျော်ပါး ကခုန်နိုင်အောင် ကူညီပေးပါလိမ့်မယ်။

(၁) Happier By Marshmallo ft. Bastille

Source: Marshmallo

ဒီသီချင်းလေးကတော့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ သီချင်းက လူကြိုက်များလွန်းလို့ Billboard ရဲ့ နံပါတ် (၁) နေရာမှာ အချိန်အကြာကြီး ရပ်တည်နေခဲ့တာပဲ ဖြစ်ပါတယ်။  ကွီးတို့ရော အခုဖော်ပြသွားတဲ့ သီချင်းတွေထဲက ဘယ်သီချင်းကို နှစ်သက်ပါသလဲ။

(၂) Houdini By Dua Lipa

Source: Dua Lipa

Dua Lipa ရဲ့ သီချင်းတွေက မြူးမြူးကြွကြွနဲ့ နားထောင်လို့ ကောင်းပါတယ်။ ဒီသီချင်းအသစ်ကလည်း သူ့ရဲ့ ပုံစံအတိုင်း မြင်တွေ့ရမှာပါ။

(၃) Fix You By Coldplay

Source: Coldplay

Coldplay ရဲ့ Fix You သီချင်းကလည်း သင်္ကြန် တွင်းမှာ မြူးတူး ကခုန် ပျော်ပါးချင်တဲ့ ကွီးတို့အတွက် ရွေးချယ် သင့်တဲ့ သီချင်း ကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

(၄) “Fight Song” by Rachel Platten

Source: Rachel Platten

ဒီသီချင်းက နားဆင်သူတို့ကို ယုံကြည်မှုရှိရန်နှင့် ဘယ်လို အတားအဆီးများ ရှိနေစေကာမူ ရှေ့ဆက် လျှောက်လှမ်းဖို့ ခွန်အားပေးထားပါတယ်။ မြူးမြူးတူးတူးနဲ့ တက်ကြွစေမယ့် သီချင်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

(၅) Not Afraid By Eminem

Source: Eminem

ဘယ်တော့မှ မဟောင်းပဲ တတ်ကြွစေမယ့် သီချင်းကောင်းတစ်ခုကို ပြောပါဆိုရင် Eminem ရဲ့ “Not Afraid” ပဲ ဖြစ်ပါတယ်။ ဒီသီချင်းရဲ့ ခေါင်းစဉ် “Not Afraid” ဆိုတဲ့အတိုင်း ကွီးတိုဘဝမှာ လုပ်စရာရှိတာတွေကို ဆက်လုပ်သွားပါ။ ဘယ်အရာကိုမှ မကြောက်ရွံပါနဲ့။ ကွီးတို့ကို ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ဘဝရဲ့ အောင်မြင်မှုတွေ ၊ ကိုယ်လိုချင်တဲ့ အရာဆီကို ဆက်လက်လျှောက်လှမ်းပါ။ စိတ်ဓာတ်ကျနေတယ်ဆိုရင် ဒီသီချင်းလေးကို လိုက်ပါ။

(၆) “Lifestyles of the Rich & Famous” by Good Charlotte

Source: by Good Charlotte

နောက်ထပ်ဖော်ပြပေးချင်တဲ့ သီချင်းကတော့ Good Charlotte ရဲ့ Lifestyles of the Rich & Famous ဖြစ်ပါတယ်။ ဒီသီချင်းက Punk ဂီတ နှစ်သက်သူများ အကြိုက်တွေ့စေခဲ့တဲ့ သီချင်းတစ်ပုဒ်ပါပဲ။ ဒီသီချင်းက Good Charlotte ကို နေရာတစ်နေရာ ရစေခဲ့တဲ့ ထိပ်တန်း Hit 20 တစ်ပုဒ်လည်း ဖြစ်ပါတယ်။

(၇) I’m Good (Blue) – David Guetta & Bebe Rexha

Source: David Guetta

ဘဝမှာ ဘာပဲကြုံလာခဲ့ပါစေ ရင်ဆိုင်ဖို့အသင့်ပဲ။ လက်ရှိအချိန်ကိုလည်း အကောင်းဆုံး ဖြတ်သန်းမယ်ဆိုပြီး သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ David Guetta ပရိသတ်တွေရော Bebe Rexha ပရိသတ်တွေလည်း အကြိုက်တွေ့ကြမယ့် သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

ကွီးတို့ရော ဒီသီချင်းတွေနဲ့ အပီအပြင် ကဲဖို့ ရယ်ဒီပဲလား။

Source: YouTube

Featured Image: Leisurepoolscanada.ca