ယနေ့ခေတ်မှာ နည်းပညာတွေ ဖွံဖြိုးတိုးတက်လာနဲ့အမျှ တစ်ယောက်နဲ့ တစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းအလိုက် ဖြစ်စေ ပြောဆိုဆက်ဆံဖို့ ဆက်သွယ်ရေး နည်းပညာ တွေက တိုးတက်လာပါတယ်။ တစ်ပြိုက်နက်တည်းမှာပဲ ထိုဆက်သွယ်ရေး ကွန်ယက်များရဲ့ လျှို့ဝှက်ချက်၊ ကိုယ်ရေးကိုယ်တာ ဆိုင်ရာ ဒေတာများနဲ့ ပတ်သတ်ပြီး လုံခြုံရေးတွေကလည်း စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာစေပါတယ်။ ထိုအထဲမှာ လူအချင်းချင်း ပြောဆိုရာတွင် အသုံးပြုတဲ့ ဆက်သွယ်ရေး အက်ပ် တွေကလည်း အပါအဝင်ပါပဲ။

အလုံခြုံဆုံး ကြားခံနယ်

Photo : New York Post

ကိုယ့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေ လုပ်ဖော်ကိုင်ဖက်များနဲ့ အထူးသဖြင့် ကိုယ်ချစ်တဲ့သူနဲ့ ပြောဆိုဆက်သွယ်သော စကားဝိုင်းတိုင်းက လုံခြုံမှုရှိသင့်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များ ပေါက်ကြားသွားတာ၊ အခြားသူတစ်ဦးထံ အလွယ်တကူ ရောက်သွားတာမျိုး ဘယ်သူမှ မကြိုက်ကြပါဘူး။ လက်ရှိ ကျွန်တော်တို့က တစ်ယောက်နဲ့ တစ်ယောက် ပြောဆိုဆက်သွယ်ရာမှာ များသောအားဖြင့် စာတိုပို့တဲ့ အက်ပ်တွေ အသုံးပြုကြတယ် မဟုတ်ပါလား။ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ အထဲမှာ လုံခြုံမှုရှိတဲ့ အက်ပ်ရှိသလို ထင်သလောက် လုံခြုံမှုမရှိတဲ့ အက်ပ်တွေလည်း ပါနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ စာရေးသူက စာပို့ရာမှာ အသုံးပြုနိုင်တဲ့ အလုံခြုံဆုံး အက်ပ်တွေ တစ်နည်းအား ဖြင့် ကွီးတို့ချစ်သူလေးနဲ့ ဖြစ်စေ တီးတိုးစကားဆိုဖို့ အလုံခြုံဆုံး ကြားခံနယ် လေးတွေကို ဖော်ပြပေးချင်ပါတယ်။

Signal

အလုံခြုံဆုံး ကြားခံနယ်

Photo : Dark Reading

Signal ကတော့ ၂၀၂၂ ခုနှစ်ရဲ့ အလုံခြုံဆုံး စာတိုပို့ အက်ပ် တစ်ခုအဖြစ် စာရင်းသွင်းခံထားရပြီး အသုံးပြုရ အလွန်လွယ်ကူတဲ့ အခမဲ့ အက်ပ် တစ်ခုလည်း ဖြစ်ပါတယ်။ ဆက်သွယ်ရေးအတွက် Signal ကို ယုံယုံကြည်ကြည် အသုံးပြုသူ သန်းပေါင်းများစွာ ရှိတယ်လို့ ဆိုပါတယ်။ Signal မှာ ဒေတာအားလုံးကို လုံခြုံစေရန် အဆင့်မြင့် end-to-end encryption ကို အသုံးပြုထားပါတယ်။ လုံခြုံသော စာတိုပေးပို့ခြင်းသည် ကိုယ်ရေးကိုယ်တာဒေတာများ ထိန်းသိမ်းသည့်နည်းပညာ ဖြစ်သောကြောင့် ၎င်းက မျှဝေသည့် အခိုက်အတန့်များပေါက်ကြားခြင်း သို့မဟုတ် မရည်ရွယ်သော လက်ခံသူထံ စာတိုပေးပို့ခြင်း အန္တရာယ်မှ ရှောင်ရှားနိုင်ဖို့ သေချာစေပါတယ်။ ကွီးတို့အတွက် တူနှစ်ကိုယ်ကြား စာပို့ဖို့ အလုံခြုံဆုံး ကြားခံနယ် လေးဆိုလည်း မမှားပါဘူး။

Telegram

Apps

Photo : Tom’s Guide

စာတိုပေးပို့ခြင်းအတွက် လုံခြုံမှုအရှိဆုံး အက်ပ်တွေထဲမှာ ကျွန်တော်တို့ လက်ရှိသုံးနေကြတဲ့ Telegram ကလည်း အပါအဝင် ဖြစ်ပါတယ်။ သို့သော် Telegram သည် စာတိုပေးပို့ခြင်း ဝန်ဆောင်မှုတစ်ခုထက် များစွာပိုပါတယ်။ ၎င်းမှာ အသုံးပြုသူအုပ်စုများ၊ ထုတ်လွှင့်မှုများနှင့်အတူ ကမ္ဘာတစ်ဝှမ်းမှာ ဆိုရှယ်မီဒီယာ ပလပ်ဖောင်းတစ်ခုအဖြစ် ကြီးထွားလာခဲ့ပြီး အချို့သော ဆိုရှယ်မီဒီယာ အကောင့်များက သန်းနှင့်ချီသော Follower များကို လက်ခံရရှိနိုင်ပါတယ်။ Telegram မှာ မက်ဆေ့ချ်များကို ကိုယ်တိုင်ဖျက်ရန်၊ ဗီဒီယိုများနှင့် စာရွက်စာတမ်းများကို မျှဝေရန်နှင့် အသုံးပြုသူ ၂၀၀,၀၀၀ အထိ ပါသော Group Chat များမှာ ပါဝင်နိုင်ပါတယ်။

WhatsApp

Apps

Photo : CNBCTV

WhatsApp ကလည်း ရေပန်းအစားဆုံးနှင့် လူကြိုက်အများဆုံး လုံခြုံသော Chat အက်ပ်များထဲမှ တစ်ခုဖြစ်ပါတယ်။ WhatsApp သည် ပိုမိုလုံခြုံသောဆက်သွယ်ရေးအတွက် ၎င်းတို့၏ အသုံးပြုသူများထံ end-to-end encryption ကို ခွင့်ပြုသည့် ပထမဆုံး Chat Platform ဖြစ်ပါတယ်။ ဒေတာသိုလှောင်မှုနှင့် ပတ်သတ်ပြီးတော့ WhatsApp သည် ၎င်းရဲ့ဆာဗာမှာ ဒေတာများကို သိမ်းဆည်းမထားသောကြောင့် ဟက်ကာများရဲ့ အန္တရာယ်ကို ရှောင်ရှားရန် ဒေတာကို လွန်စွာကာကွယ်ထားပါတယ်။ ထို့အပြင်၊ WhatsApp တွင် ကုဒ်ဝှက်ထားသော မက်ဆေ့ချ်များကို ကြည့်ရှုရန် သော့မရှိပါ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ စာတို့ပေးပို့ခြင်းနဲ့ ဆက်သွယ်ရေးအတွက် Andorid ရော၊ iOS မှာပါ အသုံးပြုနိုင်တဲ့ အလုံခြုံဆုံးသော အက်ပ်များပဲ ဖြစ်ပါတယ်။ ကွီးတို့ရော ချစ်သူလေးနဲ့ နှစ်ကိုယ်ကြား တီးတိုးစကားဆိုရင် အသုံးပြုတဲ့ အလုံခြုံဆုံး ကြားခံနယ် လေးက ဘယ်တစ်ခုပါလဲ။

Source : MirrorFly, Tom’s Guide

Featured Photo : T Mobile