သစ်ကြံ့ပိုးခေါက် ဝီစကီ Whiskey ဆိုတာ အနောက်နိုင်ငံရဲ့ အကြိုက်အရသာတစ်မျိုးပါ။ အရှေ့တိုင်းသားတွေအနေနဲ့လည်း ဒီယမကာရဲ့ အရသာကို ကိုယ်တိုင် ဖော်စပ် မြည်းစမ်းကြည့်နိုင်ပါတယ်။

Cinnamon Whiskey လို့ ခေါ်တဲ့သစ်ကြံ့ပိုးခေါက် ဝီစကီ Whiskey တွေက အစပိုင်းမှာ ပုံမှန်ထက် ချိုပါတယ်။ နောက်ပိုင်းမှာ ရှတတ အရသာထွက်ပြီး ယစ်မူးစေတာပါ။ ဒါကပဲ ဒီ ဝီစကီ Whiskey ရဲ့ ထူးခြားချက်ပါ။ တချို့တွေကသစ်ကြံ့ပိုးခေါက် ဝီစကီ Whiskey ကို Hot Coffee နဲ့ တွဲသောက်ကြတာတွေ ရှိပါတယ်။ သစ်ကြံ့ပိုးခေါက်စီရီယယ်တွေတောင် ထွက်ပါတယ်။ သိပ်ပြီး ရှုပ်ရှုပ်ထွေးထွေး လုပ်စရာ မလိုတဲ့ အိမ်တွင်းဖြစ် နည်းလမ်းတွေလည်း ရှိပါတယ်။

cinnamon-whiskey Sour

Photo : themanual

ကိုယ်တိုင် အိမ်မှာ ဒီဝီစကီ Whiskey ကို DIY လုပ်မယ်ဆိုရင် ဈေးသိပ်မကြီးတဲ့ 750ml ဝီစကီ ၁ ပုလင်း ၊ သစ်ကြံ့ပိုးခေါက် ၈ ချောင်း ၊ Simple Syrup ၃ အောင်စ နဲ့ ကြိုက်တတ်ရင် ငရုတ်သီးအပွအနီခြောက် ၆ တောင့် လိုပါတယ်။ လုပ်ဖို့အတွက် ဝီစကီ Whiskey ပုလင်းကို ပုလင်းလွတ်ခပ်ကြီးကြီးတစ်ခွက်ထဲ လှယ်ထားထားရမှာပါ။ ပြီးရင် သစ်ကြံ့ပိုးခေါက် ချောင်းတွေနဲ့ Simple Syrup ကို ခွက်အကြီးထဲ ထည့် ၊ သေသေချာချာ အဖုံးပိတ်ပြီး Shake ရပါတယ်။

ပြီးရင် ငါးရက်လောက် ပုလင်းထဲ ထည့်ထားပြီး နေ့တိုင်း Shake ပေးရမှာပါ။ ငါးရက်ကြာပြီးရင် (ကြိုက်တတ်ရင်) ပုလင်းကြီးထဲ ငရုတ်ပွခြောက်တွေ ထည့်ပြီး ထပ် Shake ရမှာပါ။ ဒီလို လုပ်ပြီးရင် ၃-၄ ရက်ထပ်ပြီး ဒီအတိုင်းထားပြီး အရသာ မြည်းကြည့်ပါ။ ကိုယ့်စိတ်ကြိုက် အရသာအပြင်းအပျော့ ရပြီဆိုရင် ပုလင်းသစ်ထဲ ပြောင်းထည့်လို့ ရပြီ ဖြစ်ပါတယ်။

Featured Photo : liquor