ကွီးတို့ရဲ့ အိမ်မှာ သစ်သား အတိုအထွာလေးများ ရှိတယ်ဆိုရင်တော့ အားလပ်ချိန်လေးမှာ ကွီးတို့ နှစ်သက်တဲ့ ပစ္စည်း အသစ်အဆန်း တစ်မျိုးမျိုးကို ဖန်တီး နိုင်ပါတယ်။ ထိုင်ခုံ အသေးစားပဲ ဖန်တီးချင်သလား၊ ခပ်ကြီးကြီး ကျောမှီ ထိုင်ခုံမျိုးပဲ ဖန်တီးချင်သလား။ ဒါမှမဟုတ် စားပွဲ၊ ဖုန်း (သို့) Tablet ထောက်တိုင် စသည်ဖြင့် အမျိုးမျိုး ဖန်တီးလို့ ရပါတယ်။

ဒီတစ်ခါမှာတော့ အမိုက်စား ကျောမှီ ထိုင်ခုံလေးကို သစ်သား မဟုတ်ဘဲ သစ်ကိုင်း ခပ်ကြီးကြီးနဲ့ ဘယ်လို ဖန်တီး နိုင်မလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

diy chair

အဆင့် (၁) အရင်ဦးဆုံး လုံးပတ် တောင့်တောင့်တင်းတင်းလေး ရှိပြီး ကြာရှည်ခံမယ့် သစ်တုံး တစ်တုံးကို ၁၈ လက်မ အရွယ်အစားရှိ အတုံးငယ် (၁၉) တုံးရအောင် ဖန်တီးပါ

diy chair

အဆင့် (၂) ကုလားထိုင်လေးကို ကြမ်းပြင်ပေါ်မှာ ပုံဆွဲပြီး နေရာချကြည့်ပါ။

diy chair

အဆင့် (၃) သစ်တုံးများကို တစ်ခုနဲ့ တစ်ခု အချိန် အဆက် မိနေဖို့ရန်အတွက် Drill နဲ့ အပေါက် သုံးပေါက်စီ ဖောက်ရပါမယ်။

သစ်သား ဖန်တီး

အဆင့် (၄) သစ်တုံးများကို တစ်ခုနဲ့ တစ်ခု အချိတ်အဆက်မိမိ ပြုလုပ်ပြီးတဲ့နောက်မှာတော့ အစမ်းအနေနဲ့ စမ်းကြည့်လိုက်ပါ။

သစ်သား ဖန်တီး

အဆင့် (၅) ထို့နောက် စတီးထောက်တိုင် အသုံးပြုကာ နောက်မှီကို ခိုင်ခံ့အောင် ပြုလုပ်ပါ။

သစ်သား ဖန်တီး

အဆင့် (၆) အားလုံး ခိုင်ခံ့အောင် ပြုလုပ်ပြီးတဲ့ နောက်မှာတော့ ကွီးတို့ ကိုယ်တိုင်ကိုယ်ကျ ဖန်တီးထားတဲ့ ဒီဇိုင်းမိုက်မိုက် ကျောမှီ ထိုင်ခုံ တစ်လုံး ရရှိသွားပါပြီ။

သစ်သား ဖန်တီး

အကြမ်းထည်လေးကိုမှ ထိုင်ရတာ သက်သောင့်သက်သာဖြစ်ဖို့ရန်အတွက် ကွီးတို့ ကြိုက်တဲ့ နည်းနဲ့ ထပ်ကွန့်နိုင်ပါတယ်။ ဒါမှမဟုတ် အရောင်ကိုပါ မိမိုက်နေစေချင်တယ်ဆိုရင်တော့ ကွီးတို့ ဧည့်ခန်း နံရံအရောင်နဲ့ လိုက်ဖက်တဲ့ ဆေးရောင်တစ်မျိုးမျိုးကို ဆေးသုတ်ကာ ခြယ်သနိုင်ပါတယ်။​

ဒါဆိုရင်တော့ ဒီနည်းလမ်းနဲ့ ကွီးတို့ အိမ်မှာ ကျောမှီ ထိုင်ခုံတစ်လုံး ဖန်တီးဖို့ ရယ်ဒီပဲလား။

Source: Homemade-modern

Featured Image: Grainger