သစ်သား များအသုံးပြုကာ  DIY အိမ်ထောင် ပရိဘောဂများ ဖန်တီးချင်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ဝိုင်ဘား ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

သစ်သားဖြင့် ပြုလုပ်ထားတဲ့ DIY ဝိုင်ဘား များကတော့ မိမိ မီးဖိုချောင်ကို လှလှပပ အလှဆင်ချင်သူများအတွက် အသင့်တော်ဆုံးပါပဲ။ ဒါ့အပြင် ပါတီပွဲများ ကျင်းပပြုလုပ်တဲ့အခါမှာလည်း ဝိုင်ဘားများသည် မရှိမဖြစ်လိုအပ်တဲ့အတွက်ကြောင့် ကွီးတို့အတွက် ဒီနည်းလမ်းများက အသုံးတည့်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

သစ်သား DIY ဝိုင်ဘား

Photo: Bunnings

နောက်ဆုံး ထွက်လာရမယ့် ပုံချောကတော့ ပုံမှာ ပြထားတဲ့ ဝိုင်ဘားပုံစံအတိုင်း ထွက်လာအောင် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

သစ်သား DIY ဝိုင်ဘား

ဒီလိုပုံစံ ရရှိဖို့ရန်အတွက် Pallet သစ်သားပြား တစ်ပြား လိုအပ်ပါလိမ့်မယ်။ Pallet သစ်သားပြားကို သုံးပုံ တစ်ပုံခန့်ကနေ လွှဖြင့် ဖြတ်လိုက်ပါ။

သစ်သား DIY ဝိုင်ဘား

ထို့နောက် ပိုရှည်တဲ့ သစ်သားပြားကို ဒေါင်လိုက် ထောင်ကာ အပေါ်ဘေးအစွန်းနှင့် အောက်ဘေးအစွန်း တစ်ဖက် တစ်ချက်စီကို ၄၅ ဒီဂရီခန့် ထပ်ဖြတ်ရပါမယ်။

သစ်သား DIY ဝိုင်ဘား

ထို့နောက် ထို ၄၅ ဒီစရီခန့် ဖြတ်ထားတဲ့ Pallet သစ်သားပြားကို စောစောက ၃ ပုံ ၁ ပုံခန့် ဖြတ်ထားတဲ့ သစ်သားပြားနှင့် သွားဆက်ကာ အင်္ဂလိပ် အက္ခရာ “J” ပုံသဏ္ဍာန် ဖြစ်သွားအောင် ဆက်လိုက်ပါ။

ဒီအဆင့်အထိ ပြီးသွားပါက သစ်သား DIY ဝိုင်ဘား တစ်ဝက်ခန့် ပြီးသွားပါပြီ။

Wooden wine bar

ထို့နောက် နောက်ထပ် သစ်သားပြး အရှည် နှစ်ပြားကိုလည်း စောစာကလိုပဲ ၃ ပုံ ၁ ပုံခန့် ဖြတ်ပါ။ ပိုရှည်တဲ့ သစ်သားပြားကို ၄၅ ဒီဂရီခန့် ဖြတ်ပါ။

Wooden wine bar

ထို့နောက် စောစောက ထောင်ထားတဲ့ “J” ပုံသဏ္ဍာန် ဝိုင်ဘားပေါ်မှာ တင်ကာ ထုရိုက်လိုက်ပါ။ ထို့နောက် ဝိုင်ဘားရဲ့ မျက်နှာပြင်ကို ချောမွတ်သွားဖို့ရန်အတွက် ဆေးသုတ်ပေးနိုင်ပါတယ်။

Wooden wine bar

အားလုံး ပြီးသွားတဲ့အခါမှာတော့ အခုလိုမျိုး ရုပ်လုံး ပေါ်လာပြီး ခန့်ညားလှပတဲ့ သစ်သား DIY ဝိုင်ဘားတစ်ခု ရရှိသွားပြီပဲ ဖြစ်ပါတယ်။

Wooden wine bar

ကွီးတို့အနေနဲ့ ဒီ့ထက် ပိုရှည်ပြီး ပိုကြီးတဲ့ ဝိုင်ဘား ပုံစံမျိုး ပြုလုပ်ချင်တယ်ဆိုရင်တော့ နောက်ထပ် ပုံစံတူတစ်မျိုး ထပ်မံ ပြုလုပ်ကာ အစွန်းနှစ်ဖက်ကို ဆက်ပေးလိုက်လို့ရပါတယ်။ ကွီးတို့အနေနဲ့ စိတ်ကူးဥာဏ်ရှိသလောက် အိုင်ဒီယာများ ကွန့်မြူးပြီး ဒီ့ထက် ပိုမိုလှပတဲ့ ဝိုင်ဘားများကိုလည်း ဖန်တီးနိုင်ပါသေးတယ်။

Source: Bunnings

Featured Image: Bunnings