ကွီးတို့က တီထွင်ဖန်တီးမှုလုပ်ရတာ ကြိုက်တဲ့ သူတစ်ယောက်လား။ ကိုယ်တိုင် အသုံးတည့်တဲ့ ပစ္စည်းလေးတွေ ဖန်တီးရတာကလည်း တကယ့်ကို စိတ်ကြည်နူးပျော်ရွင်စရာပါပဲ။ ကွီးတို့ရဲ့ အားလပ်ချိန် တွေကို အိမ်အတွက် အသုံးဝင်တဲ့ ပစ္စည်းလေးတွေ ကိုယ်တိုင်ဖန်တီးရင်း ကုန်ဆုံးချင်တယ်ဆိုရင်တော့ အလွယ်တကူပြုလုပ်နိုင်မယ့် DIY ပရော့ဂျက် လေးတွေကို ပြောပြပေးပါမယ်။

(၁) သစ်သားအိမ်နံပါတ်ဆိုင်းဘုတ်

Photo : The Architecture Designs

ကွီးတို့ကိုယ်တိုင် အလွယ်ကူဆုံး ဖန်တီးနိုင်မယ့် DIY ပရော့ဂျက်လေးကတော့ သစ်သားအိမ်နံပါတ်ဆိုင်းဘုတ်ပဲ ဖြစ်ပါတယ်။ အိမ်နံပါတ်ဆိုင်းဘုတ် ဆိုတာဟာ အိမ်တစ်အိမ်ရဲ့ အဓိကအမှတ်အသားတစ်ခု ဖြစ်ပါတယ်။ သစ်သားအိမ်နံပါတ် ဆိုင်းဘုတ်လေးကတော့ ကွီးတို့ရဲ့အိမ်လေးကို ပေါ်လွင်နေစေမှာဖြစ်ပြီး အမှတ်တရ အမြဲရှိနေစေမှာ ဖြစ်ပါတယ်။ အသေးစား DIY လက်ရာလေးတွေ ဖန်တီးချင်တယ် ၊ လုပ်ရတဲ့ အဆင့်တွေမများပဲ လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်း ဖန်တီးလို့ ရပါတယ်။

(၂) ဘီယာခွက်အောက်ခံပြား

Photo : Instructables

သစ်သားအပိုင်းအစလေးတွေနဲ့ ဖန်တီးလို့ရမယ့် DIY ပရော့ဂျက် လေးပါ။ ဘီယာခွက် ၊ ဘီယာပုလင်းတွေရဲ့ အောက်ခံပြားလေးတွေက လုပ်ရတာ အရမ်းကို ရိုးရှင်းလွယ်ကူပါတယ်။ အဝိုင်း ဒါမှမဟုတ် လေးထောင်ပုံစံလေးတွေ နှစ်သက်သလို ဖန်တီးလို့ရပြီး ကွီးတို့စိတ်ကြိုက်ဆေးရောင်ခြယ် အလှဆင်နိုင်ပါတယ်။

(၃) သစ်သားသော့ချိတ်

Photo : Pinterest

အိမ်သော့ ၊ ကားသော့လို အရေးကြီးတဲ့သော့တွေ အထားမှားလို့ မကြာခဏ ရှာနေရတယ်ဆိုရင်တော့ သစ်သားသော့ချိတ်လေးတစ်ခု ဖန်တီးလိုက်ပါ။ DIY သစ်သားသော့ချိတ်လေးက လုပ်ရတာ ဘာမှအရမ်းကြီး ခက်ခက်ခဲခဲမရှိသလို လက်ဝင်တာမျိုးလည်း မရှိပါဘူး။ ရိုးရိုးရှင်းရှင်း သစ်သားပြားတစ်ခုပေါ်မှာပဲ သော့ချိတ်လေးတွေ တွဲရိုက်လိုက်ရုံနဲ့ အဆင်ပြေပါတယ်။

Featured Photo : Etsy