နွေရောက်လာပြီဆိုတော့ ရာသီဥတုကလည်း တစ်နေ့ထက်တစ်နေ့ ပူလာပါပြီ။ နွေမှာ အပူသက်သာပြီး စတိုင်လည်းကျစေမယ့် အမျိုးသားတို့အတွက် ဆံပင်စတိုင် တချို့ကို တင်ဆက်ပေးပါမယ်။ သန့်သန့်ခန့်ခန့်နဲ့ ခပ်ရှင်းရှင်း စတိုင်မျိုးမှ ကြိုက်တဲ့ ကွီးတို့ကတော့ အခုပြောပြမယ့် ဆံပင်စတိုင်တွေက လုံးဝကွက်တိကျစေမှာပါ။
(၁) High And Tight

Photo : The Trend Spotter
High And Tight ဆံပင်စတိုင် ကတော့ ဘေးဘက်နဲ့ အနောက်ဘက်ဆံပင်တွေကို ခပ်တိုတို ခပ်ပါးပါးနဲ့ အရှေ့ဘက်ကိုတော့ မဆိုသလောက်လေး အရှည်ထားကာ နောက်ကခပ်ဝဲဝဲ လှန်ဖြီးထားရတဲ့ ပုံစံမျိုးပါ။ ယောက်ျားပီသပြီး သန့်သန့်ပြန့်ပြန့် အသွင်အပြင်မျိုး ပေးစွမ်းတဲ့အပြင် ပြုပြင်ထိန်းသိမ်းမှု သိပ်လုပ်စရာမလိုတဲ့ ဆံပင်စတိုင်တစ်ခု ဖြစ်ပါတယ်။
(၂) Short Afro

Photo : The Trend Spotter
Short Afro ကတော့ ဒီနှစ်တွေအတွင်းမှာ ရေပန်းစားလာတဲ့ Afro Hairstyle ကိုမှ ခပ်တိုတို ၊ အုံပါးပါး ညှပ်ထားတဲ့ ဆံပင်စတိုင် ဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်းနဲ့ ရုပ်ရည်အသွင်အပြင်ကို ပိုမိုပေါ်လွင်မှု ရှိစေတဲ့အပြင် အခုလိုပူအိုက်တဲ့ နွေရာသီနဲ့ လုံးဝအံကိုက်ပါပဲ။
(၃) Buzz Cut With Line Up

Photo : The Trend Spotter
Buzz Cut ဆံပင်စတိုင်ကတော့ ရိုးရှင်းပြီး ဆံပင်ထိန်းသိမ်းမှု မရှိသလောက်နည်းတဲ့အပြင် အမျိုးသားတိုင်းနဲ့ လိုက်ဖက်တဲ့စွယ်စုံရ ဆံပင်အတိုစတိုင်တစ်ခု ဖြစ်ပါတယ်။ အခုဆံပင်စတိုင်ကတော့ Buzz Cut ကိုမှ Line တွေ ထင်းနေအောင် သေချာပုံဖော်ထားတဲ့အတွက် ပို Sharp ဖြစ်ပြီး ကိုယ့်ရဲ့ Personality ကို ပိုမိုပေါ်လွင်စေမှာပဲ ဖြစ်ပါတယ်။
(၄) Short Wavy Hair

Photo : The Trend Spotter
ဒါကတော့ ပင်ကိုယ်လှိုင်းအတွန့် ဆံသားပိုင်ရှင် ကွီးတို့အတွက် သပ်သပ်ရပ်ရပ်နဲ့ လုံးဝစတိုင်ကျစေမယ့် ဆံပင်စတိုင် တစ်ခုဖြစ်ပါတယ်။ ဘေးဘက်နဲ့ အနောက်ဘက်တွေကို ခပ်ပါးပါးရှိတ်ထိုးထားပြီး အပေါ်ကို ဆံသားလှိုင်းအတွန့်အတိုင်း ခပ်ဝဲဝဲလေး လှန်ဖြီးထားရတဲ့ ပုံစံပါ။ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိတဲ့အပြင် ရှင်းသန့်တဲ့ အသွင်အပြင်ကို ရရှိစေမှာ ဖြစ်ပါတယ်။
(၅) Edgar Haircut
Photo : The Trend Spotter
Edgar Haircut က လူငယ်/လူလတ်ပိုင်းတွေနဲ့ တော်တော်လေး လိုက်ဖက်တဲ့ ဆံပင်စတိုင် တစ်ခု ဖြစ်ပါတယ်။ အပေါ်ဘက် ဆံပင်ကလွဲရင် ဘေးနောက် ပတ်ပတ်လည်ကို တိုတိုကပ်ကပ် ရှိတ်ထိုးထားတဲ့ ရှင်းရှင်းသန့်သန့် ပုံစံမျိုးပါ။ မျက်နှာရှည်တဲ့ သူတွေ ၊ ဘဲဥပုံ မျက်နှာကျရှိတဲ့ အမျိုးသားတွေနဲ့ လိုက်ဖက်မှုပိုရှိပြီး ငယ်ရွယ်နုပျိုတဲ့အသွင်ကို ပေးစွမ်းမှာဖြစ်ပါတယ်။
အခုပြောပြပေးခဲ့တဲ့ ရှင်းရှင်းသန့်သန့်နဲ့ စတိုင်ကျစေတဲ့ ဆံပင်စတိုင် တွေထဲမှာ ကွီးတို့ ဘယ်တစ်ခုကို အကြိုက်ဆုံး ဖြစ်မလဲ???
Featured Photo : Ape To Gentleman
 
											
				 
									
 
	 
	 
	 
	 
	 
	