လူတစ်ယောက် ကျန်းမာနေဖို့အတွက် တစ်ကိုယ်ရည် သန့်ရှင်းရေးက အရေးကြီးသလိုပဲ ကွီးတို့ ညီလေးရဲ့ သန့်ရှင်းရေးသည်လည်း အင်မတန်မှ အရေးကြီးပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်း မှု မရှိတဲ့အခါ ပြင်ပမှ ရောဂါ ပိုးမွှားပေါင်းစုံ ဝင်ရောက်လာမှာဖြစ်ပြီး ကွီးတို့ ညီလေး က ချစ်တင်းနှော ဖို့ ငြင်းဆန်နေမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရဲ့ ညီလေးနဲ့ သူ့ရဲ့ ဖွားဖက်တော်ကို သန့်ရှင်း ရေး နေ့စဥ် ပြုလုပ်ခြင်းအားဖြင့် ကွီးတို့ရော ကွီးတို့ ရှော်တီလေးပါ ချစ်တင်းနှော နေစဥ်အတွင်း အရေပြားနဲ့ ပတ်သက်တဲ့ ရောဂါများ မခံစားရမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ တစ်နေ့တာလုံးအတွက် အရေးကြီးဆုံး လိုက်နာမယ့် အချက် (၃) ချက်ရှိပါတဘ်။ ဒီအချက် (၃) ချက်ကို လိုက်နာဖို့ မေ့လျော့နေခဲ့မယ်ဆိုရင်တော့ တစ်ကိုယ်ရည် သန့်ရှင်း ရေး ပိုင်း ထိခိုက်ပြီး ကွီးတို့ ညီလေးက ချစ်တင်းနှော ဖို့ ငြင်းဆန်နေမှာပဲ ဖြစ်ပါတယ်။

(၁) နေ့စဥ် မှန်မှန် ရေချိုးပါ

man shower

ကွီးတို့ရဲ့ ခန္ဓာကိုယ်သည် တစ်နေကုန် သွားလာလှုပ်ရှားထားရတဲ့အတွက်ကြောင့် ချွေးနံ့ တထောင်းထောင်း၊ ဖုန်မှုန့်များ အလိမ်းလိမ်း တက်နေတာကြောင့် ရေမချိုးဘူးဆိုရင်တော့ ဘက်တီးရီးယားများ ပျော်မွေ့ရာ အိမ် တစ်အိမ် ဖြစ်သွားပါလိမ့်မယ်။ အထူးသဖြင့် ကွီးတို့ ညီလေးနဲ့ သူ့ရဲ့ ဖွားဖက်တော် နေရာတစ်ဝိုက်ကို အမြဲတမ်း သန့်ရှင်းရေး ပြုလုပ်ပေးသင့်ပါတယ်။ အထူးသဖြင့် ချစ်တင်းမနှောခင်အချိန်နဲ့ ချစ်တင်းနှော ပြီးတဲ့အခါမှာလည်း သန့်စင်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုး သန့်စင်ပေးမှသာလျှင် မှိုနဲ့ ဘက်တီးရီးယားများက အရေပြားပေါ်မှာ စုဝေးမနေမှာ ဖြစ်ပါတယ်။

(၂) ဆပ်ပြာ အပျော့စားများ အသုံးပြုပါ

သန့်ရှင်း ချစ်တင်းနှော

ကွီးတို့ရဲ့ ညီလေးနဲ့ ဖွားဖက်တော်တို့သည် ဆပ်ပြာ အပြင်းစားများနဲ့ ထိတွေ့မိမယ်၊ အမွှေးနံ့များတဲ့ ဆပ်ပြာများနဲ့ ဆေးကြော သန့်စင်မိမယ်ဆိုရင်တော့ အရေပြားက ယားယံလာပါလိမ့်မယ်။ ဒါ့ကြောင့် ညီလေးနဲ့ သူ့ရဲ့ ဖွားဖက်တော်ကို ဆေးကြော သန့်စင်မယ်ဆိုရင် အနံ့ ပါဝင်မှု နည်းတဲ့ ဆပ်ပြာ (သို့) ဆပ်ပြာ အပျော့စားများနှင့်သာ ဆေးကြော သန့်စင်သင့်ပါတယ်။

(၃) ခြောက်သွေ့အောင် သုတ်တဲ့အခါမှာလည်း ဂရုစိုက်ပါ

သန့်ရှင်း ချစ်တင်းနှော

ကွီးတို့ ရေချိုး သန့်စင် ရုံနဲ့ ကိစ္စတွေ အကုန် ပြီးပြတ်သွားတာ မဟုတ်ပါဘူး။ ရေစင်အောင် ခြောက်သွေ့အောင် သုတ်ဖို့လည်း လိုအပ်ပါတယ်။ ရေ မခြောက်သေးတဲ့အချိန်မှာ အဝတ်အစားတွေ ဝတ်ဆင်မိမယ်ဆိုရင် မှိုနှင့် ဘက်တီးရီးယားများ ပေါက်ဖွားမှုကို အားပေး အားမြှောက် ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အဝတ်အစား မဝတ်ခင်မှာ ခြောက်သွေ့အောင် ပြုလုပ်ပြီးမှသာလျှင် အဝတ်အစား ဝတ်စားဆင်ယင် သင့်ပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ ညီလေးကို ဒီအချက် (၃) ချက်နဲ့ သေချာ ဂရုစိုက်ဖြစ်ရဲ့လား။

Source: Health.ucdavis

Featured Image: Freepik