နေရာအနေအထားတစ်ခုနဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတွေ အနေနဲ့ ကိုယ်လုပ်နေတဲ့ လုပ်ငန်းခွင်နဲ့ ပတ်သတ်တဲ့ ဝတ်စားဆင်ယင်မှုက အရေးကြီးလှပါတယ်။ ပရော်ဖက်ရှင်နယ် ဝတ်စားဆင်ယင်မှုက အရေးကြီးကြောင်း ကွီးတို့သိပြီး သားဖြစ်မှာပါ။ ထို့အတူ လူတစ်ယောက်ရဲ့ ဒုတိယ မျက်နှာဖြစ်တဲ့ ဆံပင် စတိုင်လ် ကလည်း အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်ပါတယ်။ ကွီးတို့ ဘယ်လိုပဲ ပရော်ဖက်ရှင်နယ် ဝတ်စားဆင်ယင်မှုကို ဖြည့်စွက်ထားပါစေ၊ ဆံပင်ပုံစံ မသပ်ရပ်ဖူးဆိုရင် ကွီးတိုရဲ့ Impression အပေါ် အနည်းနဲ့ အများသက်ရောက်နိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်ထဲက ကွီးတို့အတွက် လုပ်ငန်းခွင်နဲ့ သင့်တော်ပြီး သပ်ရပ်ကြည့်ကောင်းစေမဲ့ Business Hairstyles များကိုတင်ပြပေးချင်ပါတယ်။
(၁) Side-Styled Medium Business Cut

Photo : Haircut Inspiration
ကွီးတို့အတွက် လုပ်ငန်းခွင်နဲ့ သင့်တော်ပြီး သပ်ရပ်ကြည့်ကောင်းစေမဲ့ Business Hairstyles များထဲ က ပထမဆုံး တစ်ခုကတော့ Side-Styled Medium Business Cut ပဲဖြစ်ပါတယ်။ ဒီဆံပင် ပုံစံကတော့ ကွီးတို့ရဲ့ သပ်ရပ်တဲ့ပုံစံကို ထင်ရှားစွာ ပေါ်လွင်စေပါတယ်။ အလယ်ဆံပင်ကို အလွှာစတိုင်လ် ထားခြင်းဖြင့် ကွီးတို့ လိုသလို ပုံသွင်းလို့ ရပါတယ်။
(၂) Slicked Back

Photo : Haircut Inspiration
ဒီ ဆံပင်ပုံစံကတော့ ကွီးတို့ကို ဘယ်တော့မှ ခေတ်နောက်ကျ မကျန်နေစေခဲ့မဲ့ ဆံပင် စတိုင်လ်ပါ။ လုပ်ငန်းခွင်အတွက် ရိုးရှင်းပြီး သပ်ရပ်တဲ့ ဆံပင်စတိုင်လ်အဖြစ် ဟန်ချက်ညီစေပါတယ်။ ဆံပင် အလတ်စားလောက်ရှည်တဲ့ကွီးတို့ ညှပ်ကြည့်သင့်တဲ့ ဆံပင်စတိုင်လ်ပါ။
(၃) Ivy League

Photo : Haircut Inspiration
ဒီ ဆံပင်စတိုင်လ်ကတော့ သင်္ဘောသားတွေ ညှပ်တဲ့ ဆံပင်စတိုင်လ်ကို ကြိုက်နှစ်သက်ပြီး အပေါ်ဘက်ကို အနည်းငယ် ရှည်တဲ့ပုံစံကို လိုချင်တဲ့ကွီးတို့အတွက် ရွေးချယ်ဖို့ အကောင်းဆုံးပါပဲ။ Lvy League ဆံပင်စတိုင်လ်က အောင်မြင်စတိုင်လ်ကျတဲ့ စီးပွားရေးသမား ပုံစံတစ်ခုပါ။ သန့်ရှင်းသပ်ရပ်မှုကိုလည်း ပေါ်လွင်စေပြီး ထိန်းသိမ်းရတာလည်း လွယ်ကူပါတယ်။
(၄) Taper Haircut

Photo : Haircut Inspiration
ကွီးတို့အတွက် သပ်ရပ်ကြည့်ကောင်းစေမဲ့ Business Hairstyles ကို ညှပ်ဖို့ ရွေးချယ်မယ်ဆိုရင် ဒီဂန္တဝင် ဆန်ဆန် Taper Haircut ကတော့ဘယ်တော့မှ မမှားပါဘူး။
(၅) Tousled Quiff

Photo : Haircut Inspiration
ဆံပင်ခွေအများစုက သပ်ရပ်တယ်လို့ မထင်ရပါဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ လုပ်ငန်းခွင်တဲ့ လိုက်ဖက်တဲ့ သပ်ရပ်တဲ့ ဆံပင်စတိုင်လ်ဖြစ်ဖို့ မခဲယဉ်းလို့ပါ။ ကွီးတို့အနေနဲ့ အနည်းငယ်လှိုင်းရှိတဲ့ ဆံပင်ဆိုရင် ခေါင်းလိမ်းဂျယ် ဒါမှမဟုတ် ပုံသွင်းဆီ အနည်းငယ်မျှနဲ့ လက်နဲ့ထိုးဖွပြီး လိုသလို ပုံသွင်းကြည့်လိုက်ပါ။
(၆) Dapper Thin Part with Side Brush

Photo : Haircut Inspiration
အရမ်း သပ်ရပ်တဲ့ ဆံပင်ပုံစံကိုလိုချင်ပါသလား။ ဒါဆို အများကြီးမစဉ်းစားပါနဲ့။ ကွီးတို့ ဆံပင်ဘေးဘက်တွေကို အနည်းငယ်ပါးလိုက်ပါ။ ဆံပင်ကိုသေချာခွဲပြီး သပ်ရပ်စွာဖြီးပါ။ တကယ်ကိုကွီးတို့ကို တိကျထက်မြက်တဲ့ပုံစံကို ပေးစွမ်းပါလိမ့်မယ်။
အခုဖော်ပြပေးလိုက်တာကတော့ လုပ်ငန်းခွင်မှ ကွီးတို့အတွက် သပ်ရပ်ကြည့်ကောင်းစေမဲ့ Business Hairstyles များ ပဲ ဖြစ်ပါတယ်။ ကွီးတိုနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်ကို ရှာနေတယ်ဆိုရင် အထောက်အကူ ပြုပါလိမ့်မယ်။
Source : Haircut Inspiration
Featured Photo: Business
