ဝတ်စားဆင်ယင်မှုဟာ ကိုယ့်ရဲ့အသွင်အပြင်နဲ့ Impression ကိုပြသတဲ့နေရာမှာ ပထမဆုံး အရေးပါတဲ့နေရာက ပါဝင်ပါတယ်။ အထူးသဖြင့် ကွီးတို့ လုပ်ငန်းပိုင်းဆိုင်ရာအတွက် Business Suit ဝတ်ဆင်တဲ့နေရာမှာ ဒီအတိုင်း သာမာန် ဝတ်စားဆင်ယင်မှု ကဲ့သို့မဟုတ်ဘဲ သိထားရမဲ့ အချက်လေးတွေ ရှိပါတယ်။ ဒါကြောင့် ကွီးတို့အတွက် Business Suit ကို ဘယ်လို လိုက်ဖက်ညီစွာ စနစ်တကျ ဝတ်ဆင်ရမလဲ ဆိုတာပြောပြချင်ပါတယ်။

(၁) ကိုယ်ခန္ဓာကိုယ် အရွယ်အစားနဲ့ သင့်လျော်သော ဝတ်စုံ ဖြစ်ပါစေ

Business Suit လိုက်ဖက်ညီစွာ စနစ်တကျ

Photo : Bespoke Tailor

ကွီးတို့ရေ Business Suit ကို လိုက်ဖက်ညီစွာ စနစ်တကျနဲ့ ဝတ်ဆင်ရာမှာ ပထမဆုံးအရေးကြီးတဲ့ အချက်ကတော့ ကွီးခန္ဓာကိုယ်နဲ့ ဝတ်စုံနဲ့ Size မှန်ကန်ဖို့ပါပဲ။ ဒါမှသာ ပွလွန်း ချောင်လွန်းနေတာမျိုး မဖြစ်တော့မှာပါ။ ဒါ့အပြင် ကုတ်အင်္ကျီကို ဝတ်ဆင်တဲ့နေရာမှာ အောက်ဆုံး ကြယ်သီးကို ဖြုတ်ထားလေ့ ရှိကြပါတယ်။

(၂) ထိုင်တဲ့အခါမှာ ကုတ်အင်္ကျီ ကြယ်သီးကိုဖြုတ်ဖို မမေ့ပါနဲ့

Business Suit လိုက်ဖက်ညီစွာ စနစ်တကျ

Photo : Hockerty

ကွီးတို့ရေ ထိုင်တဲ့အခါ၊ နေ့လည်စာစားတဲ့အခါ ကုတ်အင်္ကျီရဲ့ ကြယ်သီးတွေကို ဖြုတ်ရမှာပါ။ ဒါမှသာ ကွီးတို့ သက်တောင့်သက်သာ ရှိပြီး ဝတ်စုံပုံစံကိုလည်း မပျက်စီးစေမှာပါ။ ဒါပေမဲ့ အရေးကြီးတဲ့ ဧည့်သည်လာလို့ တွေ့ရင်ဖြစ်စေ၊ လုပ်ငန်းခွင်မှ နောက်တစ်နေရာသို့ သွားသည်ဖြစ်စေ ကြယ်သီး ပြန်တပ်ဖို့ မမေ့ပါနဲ့။

(၃) ရှပ်အင်္ကျီ ရဲ့ ကြယ်သီးများကို အကုန်တပ်ထားပါ

Business Suit လိုက်ဖက်ညီစွာ စနစ်တကျ

Photo : Hockerty

ကွီးတို့ Business Suit ဝတ်ဆင်ရာမှာ ကုတ်အင်္ကျီ အောက်က ဝတ်ဆင်ထားတဲ့ရှပ်အင်္ကျီရဲ့ ကြယ်သီးတွေဟာ အမြဲတပ်ထားဖို့လိုပါတယ်။ ဒါမှသာ ကွီးတို့ကို သပ်ရပ်တင့်တယ်တဲ့ပုံ ပေးစွမ်းမှာပါ။ ကော်လံများကိုလည်း ညီညာစေရန် သတိပြုပါ။ ထို့အပြင် ရှပ်အင်္ကျီရဲ့ လက်တွေက ကုတ်အင်္ကျီ အောက်ကနေ အများကြီးထွက်မနေသင့်ပါဘူး။ ရှပ်အင်္ကျီ လက်အဖြူကို အနည်းငယ်သာပေါ်နေပါစေ။

(၄) ဘောင်းဘီနဲ့ ခြေအိတ်များကို ဂရုပြုပါ

Formal dress

Photo : The Fashionisto

ကွီးတို့ရေ အပေါ်ပိုင်း ရှပ်အင်္ကျီ နဲ့ ကုတ်အင်္ကျီ နဲ့သာမက ကွီးတို့ရဲ့ ဘောင်းဘီနဲ့ ခြေအိတ်တွေကိုပါ ဂရုပြုရပါမယ်။ ဘောင်းဘီကို ရှည်လွန်းတိုလွန်းတာမျိုး မဖြစ်ပါစေနဲ့။ ဘောင်းဘီအရှည်က ကွီးတို့ဖိနပ်ထိပ် အထိရောက်ပါစေ။ ထို့အတူ ကွီးတို့ရဲ့ ခြေအိတ်ကိုလည်း လုံလုံလောက်လောက်ရှည်စေရန် ဂရုပြုပါ။ ကွီးတို့ဘောင်းဘီနဲ့  ခြေအိတ်ကြားက နေရာလွတ်နေတာမျိုး မရှိပါစေနဲ့။

(၅) နက်ကတိုင်ရဲ့ အရှည်ကို ဂရုစိုက်ပါ

Formal dress

Photo : Unplash

ကွီးတို့ရေ နက်ကတိုင်ကလည်း Business Suit ကို လိုက်ဖက်ညီစွာ စနစ်တကျ ဝတ်ဆင်ရာတွင် အရေးကြီးပါတယ်။ နက်ကတိုင် ရွေးချယ်ရာမှာ သူ့ရဲ့အနံနဲ့ အရှည်ကို ဂရုစိုက်ရပါမယ်။ နက်ကတိုင်ရဲ့ အရှည်ဟာ ပျှမ်းမျှ ခန္ဓကိုယ်အချိုးအစားရှိတဲ့ အမျိုးသား တစ်ဦးအတွက် ၃ လက်မ မှ ၃.၇၈ လက်မ (၇.၇၅ မှ ၉.၅ စင်တီမီတာ) ထက် မရှည်သင့်ပါဘူး။ ကွီးတိုရဲ့ ခါးပတ်ခေါင်းထိပ်အထိ နက်ကတိုင်အရှည်ဟာ အသင့်တော်ဆုံး ဖြစ်ပါတယ်။ နက်ကတိုင် အရောင်များနဲ့ ဒီဇိုင်းများကိုပါ သေချာဂရုပြုပြီး ရွေးချယ်ပါ။

ကွီးတို့ရေ ဒီအချက်လေးတွေက ကွီးတို့ Business Suit ကို လိုက်ဖက်ညီစွာ စနစ်တကျ နဲ့ စတိုင်လ် ကျကျဝတ်ဆင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

Source : Hockerty

Featured Photo : Business