Will Smith ဆိုတာကတော့ အထူးတလည် မိတ်ဆက်ပေးဖို့ မလိုလောက်အောင်ပဲ ဒိတ်ဒိတ်ကြဲ အောင်မြင်ကျော်ကြားတဲ့ အမေရိကန်သရုပ်ဆောင် ဟောလိဝုဒ်စတားတစ်ယောက်ဆိုတာ အားလုံးသိပြီးသား ဖြစ်မှာပါ။ The Pursuit of Happyness ၊ Men in Black အပါအဝင် ပရိသတ်တွေရဲ့ နှလုံးသားထဲ တစ်သက်တာစွဲထင်ကျန်ခဲ့စေတဲ့ ရုပ်ရှင်ဇာတ်ကားကောင်း များစွာကို ပုံဖော်ဖန်တီးနိုင်ခဲ့သူ ဖြစ်ပါတယ်။ တကယ်တော့ Will ကြီး ဟာ သရုပ်ဆောင် ပညာမှာတင်မဟုတ်ပဲ အဆိုအပိုင်းမှာပါ မိုက်စ်စကေး ကြမ်းတဲ့ စွယ်စုံရ Legend ကြီးတစ်ဦး ဖြစ်ပါတယ်။ Will Smith ဟာ တကယ့်ကို Talent ရှိတဲ့ Rapper တစ်ယောက်ဆိုတာ သူ့ရဲ့သီချင်းတွေကို နားထောင်ကြည့်မယ်ဆိုရင် သိနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Will Smith ပရိသတ်မှန်ရင် နားထောင်ဖူးသင့်တဲ့ သူ့ရဲ့အမိုက်စား သီချင်းကောင်းတွေထဲကအချို့ကို ရွေးချယ်တင်ဆက်ပေးချင်ပါတယ်။

(၁) Miami

Source : WillSmithVEVO

Will ကြီး ရဲ့သီချင်းတွေထဲမှာ Miami ကတော့ တော်တော်လေး Hit ဖြစ်တဲ့ သီချင်းတစ်ပုဒ်လို့ ပြောရပါမယ်။ ဒီသီချင်းလေးက စိတ်အာရုံကို ဖမ်းစားနိုင်တဲ့ စည်းချက်တွေ ၊ အမှတ်တရဖြစ်ဖွယ် သီစဉ်စာသားတွေနဲ့ နားထောင်သူတွေကို ပျော်ရွှင်စေတဲ့ ခံစားမှု အပြည့်အဝ ပေးစွမ်းပါတယ်။

(၂) Gettin’ Jiggy Wit it

Source : WillSmithVEVO

ဒီသီချင်းက ၁၉၉၇ ခုနှစ်မှာ ထွက်ခဲ့တာပါ။ Will Smith မိုက်စ်စကေး ပြထားတဲ့ နာမည်ကြီး ဟစ်ဟော့သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ Billboard Hot 100 Chart မှာ နံပါတ် ၁ နေရာ ရောက်ရှိခဲ့တဲ့အထိ အောင်မြင်မှုအကြီးအကျယ် ရခဲ့ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ကခုန်လို့ကောင်းတဲ့ ပျော်ရွှင်စရာ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

(၃) Men in Black- From “Men in Black”

Source : WillSmithVEVO

Will Smith ရဲ့ အမိုက်စား Rap စကေးကို ခံစားနားဆင်နိုင်မယ့် သီချင်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ သီချင်းစာသားတွေက လုံးဝအလန်းကြီးပါပဲ။ Men in Black ရုပ်ရှင်ထဲက ထူးဆန်းထွေလာ လက်နက်ကိရိယာတွေ ၊ ယာဉ်တွေ ၊ ကမ္ဘာမြေကို ဂြိုလ်သားတွေရန်ကနေ ကာကွယ်တဲ့ မစ်ရှင်တွေအကြောင်းကို Rap စာသားတွေနဲ့ ဆိုပြသွားတာပါ။ ခံစားနားဆင်ကြည့်လိုက်ပါဦး။

(၄) Esta Rico

Source : Marc Anthony

Está Rico သီချင်းက ၂၀၁၈ ခုနှစ်တုန်းက ထွက်ခဲ့တာပါ။ Marc Anthony ၊ Bad Bunny တို့နဲ့အတူတွဲဖန်တီးထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီသီချင်းက လက်တင် ၊ ဟစ်ဟော့နဲ့ ရက်ဂေတန် ဂီတပုံစံတွေ ပေါင်းစပ်ထားတဲ့ အမိုက်စား သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ Artist တစ်ယောက်ချင်းစီရဲ့ မတူညီတဲ့ ကိုယ်ပိုင်ဂီတပုံစံတွေကို ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။

(၅) Y’All Know

Source : willsmithmad

Y’All Know သီချင်းက ကွီးတို့ကို စိတ်ခွန်အားဖြည့်ပေးမယ့် သီချင်းကောင်းတစ်ပုဒ်ပါပဲ။ အိမ်မက်တွေနောက်လိုက်ဖို့ ၊ ပန်းတိုင်တွေဆီ မရောက်ခင် ဘယ်တော့မှ လက်မလျော့ဖို့ ၊ ဇွဲလုံ့လနဲ့ စိတ်ဓာတ်ခိုင်မာမှုတွေကို ရည်ညွှန်းထားတဲ့ အမိုက်စားသံစဉ်စာသားတွေနဲ့ စိတ်ခွန်အားဖြည့် သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

နောက်ထပ် ပရိသတ်တို့ရဲ့အချစ်တော် Will ကြီး မိုက်စ်စကေး ကြမ်း ရှယ်ဖြုတ်ထားတဲ့ သီချင်းကောင်းတွေ အများကြီး ကျန်ရှိနေပါသေးတယ်။ ကွီးတို့ရော Will Smith သီချင်းတွေထဲမှာ ဘယ်တစ်ပုဒ်ကို အကြိုက်ဆုံး ဖြစ်မလဲ ကွန်းမန့်မှာ ရေးခဲ့ပါဦး။

Featured Photo : The Boombox