ကွီးတို့ရေ ကွီးတို့ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့ အရေးကြီးတဲ့ Business Dinner မျိုးပဲ ဖြစ်ဖြစ်၊ ပုံမှန်သူငယ်ချင်းတွေ စုတဲ့ စားသောက် ပွဲပဲဖြစ်ဖြစ်၊ စားသောက်တဲ့နေရာမှာ ရှိသင့်တဲ့ အမူအကျင့်များ (Table Manners) ဟာ အရေးကြီးတဲ့ အပြင် ကွီးတို့ရဲ့ Impression အပေါ်လည်း အများကြီးသက်ရောက်မှု ရှိပါတယ်။ နေ့စဉ် လူတွေနဲ့ ကဏ္ဍမျိူးစုံက ပေါင်းသင်းဆက်ဆံနေရတဲ့ အတွက် ကွီးတို့ အနေနဲ့ မိတ်ဆုံစားပွဲတွေ၊ Business Dinner တွေကတော့ မလွဲသွေ ကြုံတွေ့ရမှာပါ။ ဒီလို လူတွေနဲ့တွေဆုံ စားသောက်တဲ့ အခါ ကွီးတို့ ကိုယ်တိုင်လည်း Impression ကောင်းအောင်၊ သူတစ်ပါးကိုလည်း အနှောင့်အယှက် မဖြစ်စေရအောင် ကွီးတို့ သိထားသင့်တဲ့ Table Manners အချို့ကို မျှဝေပေးလိုက်တယ်။

(၁) ကွီးတို့ သိထားသင့်တဲ့ Table Manners များထဲက ပထမဆုံးတစ်ခုကတော့ စားပွဲ တစ်ခုရောက်ရင် ကိုယ့်ထက်အကြီးအကဲ ဒါမှမဟုတ် ဖိတ်ကြားတဲ့ အိမ်ရှင်တို့ထက် အရင်အစားအစာကို စားခြင်းမှ ရှောင်ပါ။

သိထားသင့်တဲ့ Table Manners

Photo : Scoop Whoop

(၂) ပူတဲ့ အစားအစာများကို စားသောက်တဲ့အခါ အေးအောင်မှုတ်တာမျိုးကို မလုပ်ပါနဲ့။ အခြားသူများကို စင်နိုင်လို့ပါ။ အစားအစာကို အေးအောင် ခေတ္တစောင့်ပါ။

သိထားသင့်တဲ့ Table Manners

Photo : iStock

(၃) နောက်ထပ် သိထားသင့်တဲ့ Table Manners တစ်ခုကတော့ လူတော်တော်များများ သတိမထားမိဘဲ လုပ်မိတတ်ပါတယ်။ အဲ့ဒါကတော့ အစားဝါးနေစဉ် ရေ သို့မဟုတ် အချိုရည်သောက်ခြင်းကို ရှောင်ပါ။

သိထားသင့်တဲ့ Table Manners

Photo : Scoop Whoop

(၄) ထို့အတူ အစာဝါးနေစဉ် သို့မဟုတ် ပါးစပ်ထဲမှာ အစာတွေရှိနေစဉ် စကားပြောခြင်း ကိုရှောင်ပါ။

သိထားသင့်တဲ့ Table Manners

Photo : Forbes

(၅) အစားစား နေစဉ် နဲ့ အစာဝါးနေစဉ် ပါးစပ်ကို အမြဲပိတ်ထားပါ။

သိထားသင့်တဲ့ Table Manners

Photo : HelpGuide.org

(၆) အစာကို ဖြည်းဖြည်းချင်းစားပြီး အသားကို တစ်ကြိမ်လျှင် တစ်ကိုက်စာသာ လှီးဖြတ်ပါ။

သိထားသင့်တဲ့ Table Manners

Photo : iStock

(၇) တံတောင်ဆစ်များကို ထမင်းစားစားပွဲပေါ် မှာ ထောက်ထားခြင်းမှ ရှောင်ကြဉ်ပါ။

Dinner

Photo : Scoop Whoop

(၈) အစားစားနေစဉ် လက်ကိုင်ဖုန်း ကြည့်နေခြင်းကို ရှောင်ပါ။ ကွီးတို့ အစားစားခြင်းနှင့် ထမင်းစားပွဲမှာ စကားဝိုင်းပေါ်သာ အာရုံထားရှိပါ။

Dinner

Photo : Times

(၉) အစားစားပြီးတဲ့ အခါ ဇွန်း ဒါမှမဟုတ် ပန်းကန်ကို လုံးဝမလျှက်ပါနဲ့။

Dinner

Photo : iStock

(၁၀) ကွီးတို့ စားသောက်ခြင်း ပြီးဆုံးသွားပြီဆိုရင် ဇွန်း ၊ခရင်း နဲ့ ဓားတို့ကို ပန်းကန် အလယ်မှာထားလိုက်ပါ။

Dinner

Photo : TripAdvisor

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ သိထားသင့်တဲ့ Table Manners အချို့ပဲ ဖြစ်ပါတယ်။ ကွီးတို့ အနေနဲ့ ဒီအချက်တွေကို သိရှိထားပြီး လိုက်နာခြင်းဖြင့် လူတွေနဲ့ ကဏ္ဍမျိူးစုံက ပေါင်းသင်းဆက်ဆံနေရတဲ့  ကွီးတို့အတွက် လှုမှုဆက်ဆံရေးမှာ အထောက်အကူကောင်း ဖြစ်စေမှာပါ။

Source : Scoop Whoop

Featured Photo : Desmoinesregister