သိမ်ငယ် စိတ် ဆိုတာသည် လူတိုင်းနီးပါး ကြုံတွေ့ရတဲ့အရာတစ်ခုဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သိမ်ငယ်စိတ်ကို ခံစားရတတ်ပါတယ်။ ဥပမာ ငယ်ရွယ်စဥ်က လူကြီးတစ်ယောက်ယောက်က ကိုယ့်ကို အခြားသူများနဲ့ နှိုင်းယှဥ်ပြီး ကိုယ့်ကို သူ့ရဲ့ ခြေဖျားတောင် မမှီဘူးဆိုပြီး လိုက်နှိုင်းယှဥ်လွန်းတဲ့အခါမှာလည်း သိမ်ငယ်စိတ်က တဖြည်းဖြည်း ခိုအောင်းလာတတ်ပါတယ်။ တဖြည်းဖြည်းနဲ့ အချိန်ကြာလာတဲ့အခါ သိမ်ငယ်စိတ်က တဖြည်းဖြည်း ကြီးထွားလာပြီး ကွီးတို့ရဲ့ ဘဝကို ဝါးမျိုသွားပါလိမ့်မယ်။

သိမ်ငယ်စိတ်က ကွီးတို့ရဲ့ ဘဝကို ဝါးမျိုသွားတဲ့အခါ အခုဖော်ပြပေးမယ့် ဆိုးကျိုးများကို ခံစားရတတ်ပါတယ်။

(၁) စိတ်ကျန်းမာရေးကို ထိခိုက်လာမယ်

ကျန်းမာရေး

ဟုတ်ပါတယ်။ အရင်ဦးဆုံး ထိခိုက်မှာကတော့ ကွီးတို့ရဲ့ စိတ်ကျန်းမာရေးပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ သိမ်ငယ်စိတ်ကြောင့် ပျော်ရွှင်ရမယ့် အချိန်မှာလည်း မပျော်ရွှင်အား၊ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဝင့်ကြွားရမယ့် အချိန်မှာလည်း ဂုဏ်ယူဝင့်ကြွားဖို့ကိုလည်း မေ့လျော့နေလာတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မပြည့်စုံသလို အားငယ်နေသလို ခံစားရလာခြင်းကတော့ ကွီးတို့ရဲ့ စိတ်ကျန်းမာရေး အားနည်းနေကြောင်း ဖော်ပြနေတာပဲဖြစ်ပါတယ်။

(၂) ပေါင်းသင်း ဆက်ဆံရေးတွေ ပျက်ပြားလာမယ်

ပေါင်းသင်း

ကိုယ့်ရဲ့ သိမ်ငယ်စိတ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အခြားသူတွေနဲ့ လိုက်ယှဥ်နေမိပါလိမ့်မယ်။ ဘယ်သူကတော့ဖြင့် ငါ့ထက် သာတယ်၊ ဘယ်သူကတော့ဖြင့် ငါ့အနောက်မှာ ကျန်ခဲ့ပြီ စသည်ဖြင့် လိုက်နှိုင်းယှဥ်နေမယ်။ ဖိနှိပ်လို့ ရတဲ့သူတွေကိုလည်း အတင်းကာရော ဖိနှိပ်မယ်။ မိတ်ဆွေစစ်တွေကိုလည်း အထင်မှား အမြင်မှားလာပြီး နောက်ဆုံးမှာတော့ ပေါင်းသင်းဆက်ဆံရေးတွေလည်း ထိခိုက်ပျက်ပြားလာမှာပဲဖြစ်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ကျဆင်းလာမယ်

ယုံကြည်မှု

သိမ်ငယ်စိတ်ကြောင့် ကွီးတို့ရဲ့ မိမိကိုယ်ကိုယ် မိမိ ယုံကြည်မှုတွေသည်လည်း ကျဆင်းသွားမှာပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ကျဆင်းလာတဲ့အခါ ဘာဆိုဘာမှ မလုပ်နိုင်တော့ဘဲ​ ကြံစည်ထားသမျှ အရာအားလုံးသည်လည်း သဲထဲရေသွန်ကာ အကုန်လုံး ပျက်စီးသွားပါတော့မယ်။ အောင်မြင်မှုဆိုတာသည်လည်း ကိုယ်နဲ့ အလှမ်းအဝေးကြီးမှာ ကျန်ခဲ့ပါလိမ့်မယ်။

(၄) ကိုယ့်ရဲ့ လုပ်ငန်း ကိုင်ငန်းတွေကို ထိခိုက်လာမယ်

သိမ်ငယ် စိတ်

သိမ်ငယ်စိတ် ဝင်လာတဲ့အခါ မကောင်းမြင်စိတ်များသည်လည်း တဖြည်းဖြည်း ကပ်ပါလာပါလိမ့်မယ်။ လေ့လာချက်များအရ သိမ်ငယ်စိတ်နဲ့ မကောင်းမြင်စိတ် ကြီးမားသူများသည် လုပ်ငန်းကိုင်ငန်းတွေ မအောင်မမြင် ဖြစ်ကာ ကျဆုံးလာတတ်တာကို လေ့လာသိရှိရပါတယ်။

ဒီလို ဆိုးကျိုးများကို မခံစားချင်ဘူးဆိုရင်တော့ ကွီးတို့ရဲ့ သိမ်ငယ် စိတ် ကို မြန်မြန်ဖယ်ရှားဖို့ လိုပါလိမ့်မယ်။ ကွီးတို့ ခံစားနေရတဲ့ သိမ်ငယ် စိတ် ကို ဖယ်ရှားနိုင်မယ့် နည်းလမ်းကောင်းများလည်း ရှိပါတယ်။ ထိုနည်းလမ်းကောင်းများကတော့…

(၁) နှေးနှေးလေး သွားနေပေမယ့် အရှေ့သို့ ဆက်သွားနေတယ်ဆိုတာကို သတိရပါ

သိမ်ငယ် စိတ်

ကွီးတို့က လိပ်ကလေးတစ်ကောင်လို ဖြည်းဖြည်း နှေးနှေးလေး သွားနေတာက ကိစ္စမရှိပါဘူး။ အရေးကြီးတာက အရှေ့ကို ဆက်လက်ချီတက်နေဖို့ပါပဲ။ ဖြည်းဖြည်း နှေးနှေးလေး သွားတတ်တဲ့ လိပ်ကလေးသည်လည်း တစ်ချိန်ချိန်မှာ ပန်းတိုင်သို့ ရောက်ရှိမယ်ဆိုတာ ကွီးတို့ သိပြီးသားပဲ မဟုတ်လား။

(၂) ကိုယ့်ရဲ့ အောင်မြင်မှုကိုသာ ဂရုစိုက်ပါ

သိမ်ငယ် စိတ်

ကွီးတို့ ဘဝမှာ အောင်မြင်မှု သေးသေးလေးကို ရရှိပိုင်ဆိုင်တယ်ဆိုရင်တော့ အများကြီး ဂုဏ်ယူပစ်လိုက်ပါ။ အောင်မြင်မှုက သေးသေးလေး ဆိုပေမယ့်လည်း ကွီးတို့က ပျော်ရွှင်ဖို့အတွက် ထိုက်တန်ပါတယ်။ ကိုယ့်ရဲ့ အောင်မြင်မှုကိုသာ ဂရုစိုက်ပြီး ဘေးက အနှောင့်အယှက် အတားအဆီးများကို အာရုံ မစိုက်ဖို့ လိုအပ်ပါတယ်။​

(၃) အခြားသူများနဲ့ မိမိကိုယ်ကိုယ် မိမိ မနှိုင်းယှဥ်ပါနဲ့

သိမ်ငယ် စိတ်

ကိုယ့်ကိုယ်ကိုယ် အခြားသူများနဲ့ လိုက် မနှိုင်းယှဥ်ပါနဲ့။ အခြားတစ်ယောက်က ကွီးတို့ကို အခြားသူတွေနဲ့ လိုက်လံ နှိုင်းယှဥ်တာမျိုးကိုလည်း လက်သင့်မခံပါနဲ့။ အဲ့ဒီလို ကွီးတို့ကို အခြားသူတွေနဲ့ လိုက်နှိုင်းယှဥ်တဲ့သူတွေကလည်း စိတ်သဘောထား မပြည့်ဝတဲ့သူတွေ သူတို့ရဲ့ စိတ်ထဲမှာလည်း သိမ်ငယ်စိတ်တွေနဲ့ ပြည့်နှက်နေလို့ပဲ ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် အခြားသူတွေနဲ့ လိုက်နှိုင်းယှဥ်နေမယ့်အစား ကိုယ့်စိတ်ကို ပျော်ရွှင်စေမယ့် အရာတစ်ခုခုကို ပြုလုပ်လိုက်ပါ။

(၄) အနာဂတ်အတွက် အရမ်းကာရော စိုးရိမ်ပူပန်နေခြင်းကို ရပ်တန်းက ရပ်လိုက်ပါ

သိမ်ငယ် စိတ်

အတိတ်ဆိုတာသည် ပြုပြင်ပြောင်းလဲလို့ မရတဲ့အရာတစ်ခုဖြစ်ပြီး အနာဂတ်ဆိုတာကတော့ မသေချာ မရေရာတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ပြောင်းလဲလို့ မရတဲ့ အတိတ်အတွက် တနုံ့နုံ့ ခံစားနေမှာလား။ မသေချာ မရေရာတဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်နေမှာလား။ ထိုအရာတွေက အပိုတွေမဟုတ်လား။

ပစ္စုပ္ပန်ကတော့ ကွီးတို့အတွက် ဘဘာဝ တရားကြီးက ပေးအပ်ထားတဲ့ လက်ဆောင် တစ်ခုပါပဲ။ ထိုလက်ဆောင်ကို သေသေချာချာ အသုံးချတတ်မယ်ဆိုရင်တော့ ကွီးတို့ရဲ့ အနာဂတ်ကလည်း လှပလာမှာ အမှန်ပါပဲ။

ကွီးတို့ရော ကိုယ့်ရဲ့ သိမ်ငယ်စိတ်တွေကို ဖျောက်ဖျက်ပစ်ဖို့ ရယ်ဒီဖြစ်ပြီလား။

Source: Betterhelp

Featured Image: Entrepreneur