သီချင်းကောင်းတွေကို အစဉ်အမြဲ နားထောင်နေတဲ့ သီချင်းချစ်သူ ကွီး တို့ရှိပါသလား။ သီချင်းတွေရဲ့ သံစဉ်စာသားတွေက ကျွန်တော်တို့ရဲ့ စိတ်အစဉ်ကို လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ခံစားမှု အမျိုးမျိုးကိုလည်း ပေးစွမ်းနိုင်စွမ်းရှိပါတယ်။ ကွီးတို့ကို စိတ်အားတတ်ကြွအောင်လည်း လုပ်နိုင်သလို ၊ လွမ်းဆွေးစေအောင်လည်း လုပ်နိုင်တာ သီချင်းတွေပါပဲ။ ကွီးတို့ရော ဘယ်လိုသီချင်းတွေကို နားထောင်လေ့ ရှိပါသလဲ။ ဒီနေ့မှာတော့ သီချင်းချစ်သူ ကွီးတို့အတွက် ကောင်းနိုးရာရာ အမျိုးအစားစုံလင်တဲ့ သီချင်းကောင်း လေးတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

The Call

Source : Backstreet Boys

ကွီးတို့အတွက် ပထမဆုံးဖော်ပြချင်တဲ့ သီချင်းလေးကတော့ Backstreet Boys ရဲ့ The Call ဆိုတဲ့ သီချင်းလေးပါ။ The Call ဆိုတဲ့ သီချင်းလေးကတော့ ရည်းစားက လိမ်လည်လှည့်ဖြားခဲ့တာကို တွေ့ရှိခဲ့တဲ့ အကြောင်း သီဆိုထားတာ ဖြစ်ပါတယ်။

Cinema

Source : Harry Styles

နောက်ထပ်ဖော်ပြပေးချင်တဲ့ သီချင်းလေး တစ်ပုဒ်ကတော့ Harry Styles ရဲ့ Cinema ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။ ။ Cinema က Harry Styles ရဲ့  ၂၀၂၂ မှာ ထွက်ရှိထားတဲ့ အယ်လ်ဘမ် ဖြစ်တဲ့ ‘Harry’s House’ မှာ ပါဝင်တဲ့ ၈ ပုဒ်မြောက် သီချင်းဖြစ်ပါတယ်။ အချစ်သီချင်းကောင်းလေးတွေ နားဆင်ခံစားချင်တဲ့ ကွီးတို့အတွက်တို့ ကွက်တိပါပဲ။

Not Afraid

Source : EminemMusic

ဘယ်တော့မှ မဟောင်းပဲ တတ်ကြွစေမယ့် သီချင်းကောင်းတစ်ခုကို ပြောပါဆိုရင် Eminem ရဲ့ “Not Afraid” ပဲ ဖြစ်ပါတယ်။ ဒီသီချင်းရဲ့ ခေါင်းစဉ် “Not Afraid” ဆိုတဲ့အတိုင်း ကွီးတိုဘဝမှာ လုပ်စရာရှိတာတွေကို ဆက်လုပ်သွားပါ။ ဘယ်အရာကိုမှ မကြောက်ရွံပါနဲ့။ ကွီးတို့ကို ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ဘဝရဲ့ အောင်မြင်မှုတွေ ၊ ကိုယ်လိုချင်တဲ့ အရာဆီကို ဆက်လက်လျှောက်လှမ်းပါ။ စိတ်ဓာတ်ကျနေတယ်ဆိုရင် ဒီသီချင်းလေးကို လိုက်ပါ။

Melt

Source : Kehlani

ဒီအချစ် သီချင်းကောင်း လေးကတော့ R&B နဲ့ Soul အမျိုးအစား သီချင်းလေးဖြစ်တဲ့ Kehlani ဆိုထားတဲ့ “Melt” ပဲဖြစ်ပါတယ်။  ဒီသီချင်းလေးမှာ ဆက်ဆံရေးတစ်ခုရဲ့ ပျော်ရွှင်ဖွယ် ၊ တပ်မက်မှု ၊ ချစ်ခင်မှုနှင့် သဟဇာတရှိသော အခြေအနေတွေကို နားဆင်ခံစား ရမှာပါ။

Drivers license

Source : Olivia Rodrigo

နောက်ထပ် တစ်ပုဒ်ကတော့ ပုရိသ တော်တော်များများရဲ့ အသည်းကျော်လေး Olivia Rodrigo ရဲ့ Drivers license ပဲ ဖြစ်ပါတယ်။ ဒီသီချင်းဟာ၂၀၂၁ ခုနှစ်ရဲ့ အအောင်မြင်ဆုံး သီချင်းများထဲမှာ ပါဝင်ခဲ့ပြီး တကယ်ကို နားထဲစွဲနေစေမယ့် သီချင်းလေး တစ်ပုဒ်ပါပဲ။

When You’re Looking Like That

Source : Westlife

ဘယ်လောက်ပဲ ကြာနေပါစေ ၊ ဘယ်တော့မှ ဟောင်းမသွားမယ့် သီချင်းတွေထဲမှာ Westlife ရဲ့ သီချင်းတွေကလည်း အပါအဝင်ပါပဲ။ အနည်းငယ်မြူးကြွတဲ့ သံစဉ်တွေနဲ့ နားဆင်ခံစားလို့ကောင်းတဲ့ ဒီ When You’re Looking Like That ကိုလည်း နားဆင်ခံစား ကြည့်ပါဦး။

Victory

Source : Bad Boy Entertainment

“Victory” ဆိုတဲ့ သီချင်းကိုတော့ Puff Daddy ကသီဆိုထားပြီး Featuring အနေနဲ့ The Notorious B.I.G နဲ့ Busta Rhymes တိုကပါဝင်ထားပါတယ်။ ဒီသီချင်းထဲမှာ “Excellence is my presence, never tense, ever hesitant “စတဲ့ စိတ်ခွန်အားပေးတဲ့ Rap စာသားတွေနဲ့ အမိုက်စား သီချင်းတစ်ပုဒ်ပါပဲ။

Back to Black

Source : Amy Winehouse

ဒီသီချင်းလေးက Amy Winehouse ရဲ့ ခင်ပွန်းဟောင်း Blake Fielder-Civil နှင့် ပြန်လည် ပေါင်းစည်းပြီးနောက် ထွက်ရှိလာတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ မပြေလည်တဲ့ အဆိပ်သင့်ဆက်ဆံရေး တစ်ခု ပြီးပြတ်ပြီးနောက် ချစ်ခဲ့ဖူးသူဆီ ပြန်သွားတာက သူမအတွက် ပိုပြီးအဆင်ပြေတဲ့အကြောင်း သီဆိုထားတဲ့ သီချင်းလေးပါ။ ကွီးတိုရော ဒီသီချင်းလေးနဲ့ တိုက်ဆိုင်တဲ့ အဖြစ်လေးများ ကြုံဖူးပါသလား။

သီချင်းချစ်သူ ကွီးတို့အတွက် အမျိုးအစား စုံလင်တဲ့ သီချင်းကောင်းလေးတွေကို ဝေမျှ‌ပေးလိုက်တာ ဖြစ်ပါတယ်။ ကွီးတို့ အကြိုက်ဆုံး သီချင်းတွေ ရှိရင်လည်း ဝေမျှပေးခဲ့ပါဦးနော်။

Featured Photo : Vista Create