တစ်နှစ်ပြီး တစ်နှစ် သီချင်းကောင်းတွေက အမြဲဆိုသလို ထွက်ရှိနေတာပဲဖြစ်ပါတယ်။ သီချင်း အသစ်တွေ ထွက်လာတိုင်း သီချင်းဟောင်းတွေက စုပုံလို့လာပါတယ်။ ဒါပေမဲ့ သီချင် အဟောင်း တွေပဲလေ ဆိုပြီး အထင် မသေးလိုက်ပါနဲ့၊ ယနေ့ထိတိုင် နားထောင်လို့ ကောင်း နေဆဲပါပဲ။

ကွီးတို့လည်း အဟောင်း ဖြစ်ပေမယ့် နားထောင်လို့ ကောင်း နေဆဲဖြစ်တဲ့ သီချင်းကောင်းတွေကို တစ်ခါတစ်ခေါက် ပြန်လည် နားသောတ ဆင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် သီချင်းများကို နားဆင်ကြည့်လို့ရပါတယ်။

(၁) Love Story By Taylor Swift

Taylor Swift ဆိုပြီး လူသိများလာတဲ့ သီချင်းကောင်းတွေထဲက သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ရိုမီယိုနဲ့ ဂျူးလိယက်အကြောင်းကို ပုံဖော်ပြထားတာပဲဖြစ်ပါတယ်။

(၂) I’m Your’s By Jason Mraz

ဒီသီချင်းကလည်း ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒီသီချင်း စထွက်ပြီးကတည်းက အမေရိကန် ဘေလ်ဘုတ်ချတ်ထဲမှာ အကောင်းဆုံး သီချင်း ၁၀ ပုဒ် စာရင်းထဲတွင် ၇၃ ပတ်တိုင်တိုင် နေရာယူထားခဲ့တာပဲဖြစ်ပါတယ်။

(၃) You’re Beautiful By James Blunt

၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပြီး ကိုယ့်ရဲ့ ရည်းစားဟောင်းကို သူ့ရဲ့ အချစ်သစ်နဲ့ တွဲတွေ့လိုက်ရတဲ့ ခံစားချက်ကို ရေးဖွဲ့ထားတာပဲဖြစ်ပါတယ်။ လှလှပပကို ကြေကွဲဝမ်းနည်းဖွယ်ကောင်းတဲ့ သီချင်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။

(၄) Fallin’ For You By Colbie Caillat

ကျနော်တို့က လူတစ်ယောက်ကို အရူးအမူး ကြွေဖူးကြတယ်၊ သူတို့ကို ဖွင့်ပြောရမှာလည်း ကြောက်တယ်။ ဒါပေမဲ့ သူတို့ကိုလည်း ကိုယ့်ရဲ့ ခံစားချက်တွေကို ရူးမတက် ဖွင့်ပြောချင်နေမိတယ်။ ဒီလို အခြေအနေမျိုးကို လူတိုင်း ကြုံတွေ့ဖူးကြပါလိမ့်မယ်။ ဒီသီချင်းလေးက ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒီသီချင်းရဲ့ မြန်မာလို ပြန်ဆိုတေးကိုလည်း ကွီးတို့ ရင်းနှီးကြပါလိမ့်မယ်။

(၅) Crazy in Love By Beyonce

မြူးမြးကြွကြွ သီချင်းဟောင်းလေး တစ်ပုဒ် နားချင်တယ်ဆိုရင်တော့ Beyonce ရဲ့ Crazy in Love သီချင်းလေးကို နားဆင်ကြည့်လိုက်ပါ။ ဒီသီချင်းကတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

(၆) A Thousand Miles By Vanessa Carlton

ဒီသီချင်းလေးကတော့ ၂၀၀၂ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ သီချင်း အဟောင်း သီချင်း ကောင်း တစ်ပုဒ်ပဲဖြစ်ပါတယ်။ သီချင်းရဲ့ သံစဥ်လေးကို နားထောင်လိုက်ကတည်းက ကွီးတို့ ရင်းနှီးတဲ့ သီချင်းတစ်ပုဒ် ဖြစ်မယ်ဆိုတာ ရဲရဲကြီး ပြောရဲပါတယ်။

(၇) You Belong With Me By Taylor Swift

အထက်တန်း ကျောင်းသားဘဝကို ပြန်လည် အမှတ်ရချင်တယ်ဆိုရင်တော့ Taylor Swift ရဲ့ You Belong With Me သီချင်းလေးကို နားဆင်ကြည့်သင့်ပါတယ်။ ဒီသီချင်းကလည်း Taylor Swift ဆိုပြီး နာမည်ကြီးလာစေတဲ့ သီချင်းများထဲက တစ်ပုဒ်ပဲဖြစ်ပါတယ်။

(၈) This I Promise You By NSYNC

ယနေ့ခေတ်မှာ EXO တို့ BTS တို့ နာမည်ကြီးတယ်ဆိုရင် ၂၀၀၀ ပြည့်နှစ် အစောပိုင်းတုန်းက NSYNC အဖွဲ့ဆိုတာကလည်း ၂၀၀၀ ပြည့်နှစ်ရဲ့ EXO (သို့) BTS လို့ ပြောလို့ရပါတယ်။ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံရတဲ့ Boy Band တစ်ခုပဲဖြစ်ပါတယ်။

(၉) Make You Feel My Love By Adele

Adele ရဲ့ ပရိသတ်တွေလည်း ဒီသီချင်းလေးကို ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

(၁၀) We Belong Together By Mariah Carey

ခရစ်စမတ် ပြီးသွားပေမယ့် Mariah Carey ရဲ့ သီချင်းကို နားထောင်ချင်သေးတယ်ဆိုရင်တော့ We Belong Together သီချင်းလေးကို နားထောင်သင့်ပါတယ်။

ကွီးတို့ရော ဟောင်းပေမယ့် ကောင်းနေဆဲဖြစ်နေတဲ့ သီချင်းကောင်းလေးတွေထဲက ဘယ်သီချင်းကို နားထောင်ဖြစ်နေပါသလဲ။

Source : Musicindustryhowto

Featured Photo : Inc.com