သီချင်း အသစ်များကို နားထောင်ချင်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ သီချင်းလေးတွေကို နှုတ်ဆက် နိုင်အောင်လို့ သီချင်းကောင်း သီချင်းသစ်များကို ဝေမျှပေးလိုက်ရပါတယ်။

(၁) Lose Control By Teddy Swims

Source Teddy Swims

သီချင်း အစမှာ တီးလုံးလေးက မြူးမြူးကြွကြွနဲ့ စတင်ထားတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ သီချင်းလေးရဲ့ အဓိပ္ပါယ်ကတော့ အချစ်မှာ ပြိုလဲသွားတာက စွဲလမ်းခြင်းတစ်မျိုးလိုဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ဆုံးရှုံးသွားရတတ်ပါတယ်။ ဒါပေမဲ့ ကိုယ် ချစ်ရတဲ့သူသာဆိုရင် ကိုယ့်ကို ထိန်းကွပ်ပေးမယ့်သူရှိတဲ့အတွက်ကြောင့် လုံခြုံစိတ်ချရတဲ့ ဖီလင်မျိုး ခံစားရကြောင်း ရေးသားသီဆိုထားတာပဲ ဖြစ်ပါတယ်။

(၂) Lovin On Me By Jack Harlow

သီချင်းမြူးမြူးလေးတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် Jack Harlow ရဲ့ Lovin On Me သီချင်းလေးကလည်း ကွီးတို့အကြိုက်နဲ့ ကွက်တိကျပါလိမ့်မယ်။

Source: Jack Harlow

(၃) Houdini By Dua Lipa

Source: Dua Lipa

Dua Lipa ရဲ့ Houdini သီချင်းကတော့ ပြီးခဲ့တဲ့ နှစ်လလောက်ကမှ အသစ်ထွက်ရှိထားတာပဲ ဖြစ်ပါတယ်။ ဒီသီချင်းလေးကတော့ တစ်ကိုယ်တည်း လူပျိုကြီးသမားတွေအတွက် ရေးဖွဲ့ပေးထားတဲ့ သီချင်းပဲဖြစ်ပါတယ်။

(၄) HISS By Megan Thee Stallion

Source: Megan Thee Stallion

ဒီသီချင်းအသစ်ကတော့ ထွက်ရှိထားတာ ရက်ပိုင်းလောက်ပဲ ရှိပါသေးတယ်။ ရက်ပ်သီချင်းတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် နားထောင်လို့ကောင်းတဲ့ သီချင်းသစ်တစ်ပုဒ်ပဲ ဖြစ်ပါတယ်။

(၅) Strangers By Kenya Grace

Source: Kenya Grace

ဒီသီချင်းလေးကတော့ သမီးရည်းစား ဆက်ဆံရေးမှာ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့ သံသရာလည်နေတဲ့ အချစ်ကို စိတ်ကုန်နေကြောင်း ရေးသားသီဆိုထားတာပဲ ဖြစ်ပါတယ်။

(၆) In The City By Charli XCX & Sam Smith

Source: Charli XCX

ဒီသီချင်းလေးကတော့ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ရှာဖွေနေကြောင်း သီဆိုထားတာပဲ ဖြစ်ပါတယ်။ ဆောင်းရာသီလေးနဲ့ လိုက်ဖက်တဲ့ သီချင်း သစ်တစ်ပုဒ်ဖြစ်တာကြောင့် ကွီးတို့လည်း ဒီသီချင်းလေးနဲ့ နှုတ်ဆက် လို့ရအောင် ဝေမျှေပးလိုက် ရပါတယ်။

(၇) Stick Season By Noah Kahan

Source: Noah Kahan

သီချင်းမြူးမြူးကြွကြွလေးကို နှစ်သက်ကြတဲ့ ကွီးတို့အတွက် Noah Kahan ရဲ့ Stick Season လေးကလည်း နားထောင်လို့ ကောင်းပြီး ကွီးတို့က ဂီတာ တစ်လက်နဲ့ တီးခတ်ပြီး သီဆိုချင်တယ်ဆိုရင်လည်း ရပါသေးတယ်။

(၈) I Remember Everything (Feat. Kacey Musgraves) By Zach Bryan

Source: Zach Bryan

ဒီသီချင်းလေးကတော့ ရည်းစားဟောင်းနဲ့ ပတ်သက်ခဲ့တဲ့ အတိတ်က အကြောင်းတွေကို ပြန်လည် သတိရနေပြီး ဘယ်ကနေ ဘယ်လို စမှားသွားမှန်း မသိ ဖြစ်နေတာကို သီဆိုထားတာပဲ ဖြစ်ပါတယ်။

(၉) yes, and? By Ariana Grande

Source: Ariana Grande

ဒီသီချင်းလေးကတော့ ပြီးခဲ့တဲ့ သုံးပတ်လောက်ကမှ အသစ် ထွက်ရှိထားတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီသီချင်းလေးကတော့ သူ့ဘေးပတ်ပတ်လည်က ဒရာမာပေါင်းများစွာ၊ ကောလဟလပေါင်းများစွာကို ပြန်လည်ချေပပြီး သီဆိုထားတာပဲ ဖြစ်ပါတယ်။

(၁၀) Cupid (Twin Ver.) By FIFTY FIFTY

Source: FIFTY FIFTY Official

ဒီသီချင်းလေးကတော့ ကိုရီးယား ဗားရှင်းနဲ့ တော်တော်ပေါက်ခဲ့တဲ့အတွက်ကြောင့် အခုလိုမျိုး အင်္ဂလိပ်ဗားရှင်းနဲ့ ထပ်မံ ထုတ်လွှင့်ခဲ့တာပဲဖြစ်ပါတယ်။ ဒီဗားရှင်းကလည်း အခုချိန်ထိ လူကြိုက်များနေဆဲပဲ ဖြစ်ပါတယ်။

ကွီးတို့ရော လက်ရှိမှာ ဘယ်လိုသီချင်းကောင်းတွေကို နားထောင်နေပါသလဲ။

Source : Music.apple.com

Featured Photo : Dissolve