တေးဂီတ သံစဥ်​လေးတွေက ဖျော်ဖြေရေးတစ်ခုထက် ပိုပါတယ်။ ဒါ့အပြင် လူတွေရဲ့စိတ်ကို လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။ ပျော်စရာသီချင်းလေးတွေ နားထောင်ရင် ပျော်ရွှင်မှုလေး ခံစားလာရသလို၊ စိတ်အားတတ်ကြွဖွယ် သီချင်းလေးတွေ နားထောင်ရင်လည်း စိတ်အားတတ်ကြွမှုတွေ ခံစားလာရတယ် မဟုတ်ပါလား။ ဒါ့အပြင် သီချင်းလေးတွေက ကိုယ့်ခံစားချက်ကို တစ်ပါးသူသိအောင် အကောင်းဆုံးဖော်ပြပေးနိုင်တဲ့ ကြားခံနယ်ဆိုလည်း မမှားပါဘူး။ ဒါကြောင့် ဒီနေ့မှာတော့ ပုရိသတို့ စိတ်အစဉ်ကို လှုပ်ခတ်စေမဲ့ အလွမ်း တေးများ ကို နားဆင်ခံစားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

“Missing You” by Steve Perry

Source : Steve Perry

ချစ်ရသူတစ်ဦးတစ်ယောက်နဲ့ လမ်းခွဲတဲ့အခါ အမှတ်တရတွေဟာ ကွီးတို့ရင်ထဲမှာ ကျန်ခဲ့ပါသလား။ တစ်ယောက်သောသူနဲ့ အတူရှိခဲ့တုန်းက အမှတ်တရတွေကို မမေ့နိုင်ဖြစ်နေပြီး လွမ်းနေရတဲ့ အကြောင်းလေးကို Steve Perry ရဲ့ Missing You ဆိုတဲ့ သီချင်းလေးမှာ နားဆင်နိုင်ပါတယ်။

“Thinking Bout You” by Ariana Grande

Source : SSBQ Production

အခုထပ်ပြီး ဖော်ပြချင်တာကတော့ အသံပါဝါကောင်းကောင်းနဲ့ ရင်ထဲထိစေမဲ့ သီချင်းတွေကို သီဆိုလေ့ရှိတဲ့ ပုရိသတို့ အသည်းစွဲ အဆိုတော်မလေး Ariana Grande ရဲ့ သီချင်းကောင်းလေးဖြစ်တဲ့ Thinking Bout You ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ ဒီသီချင်းလေးက တစ်စုံတစ်ယောက်ကို အထူးတလည် လွမ်းဆွတ်သတိရနေပုံကို နားဆင်ရမဲ့ ချိုမြိန်တဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။

“Lay Me Down” by Sam Smith

Source : Sam Smith

ဒီ သီချင်းလေးကတော့ Sam Smith ရဲ့ အရောင်းရဆုံး Album ဖြစ်တဲ့ ‘In the Lonely Hour’ မှာပါတဲ့ သီချင်းကောင်း တစ်ပုဒ် ဖြစ်သလို သူရဲ့ ဂီတခရီးလမ်းကို စတင်စေခဲ့တဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ နားထောင်လို့ကောင်းတဲ့ သံစဉ်လေးနဲ့ အလွမ်းအကြောင်း ဘယ်လိုရေးဖွဲ့ထားသလဲ ဆိုတာကိုတော့ သီချင်းလေးမှာ ခံစားလိုက်ရအောင်။

“I Will Always Love You” by Whitney Houston

Source : Whitney Houston

ဒီသီချင်းလေးကတော့ အလွမ်းဓာတ်ခံရှိတဲ့ ကွီးတို့စိတ်နှလုံး အာရုံကို လှုပ်ခတ်စေမဲ့ The Bodyguard ဇာတ်ကားမှာ ပါဝင်တဲ့ နာမည်ကြီး သီချင်းကောင်း​လေး တစ်ပုဒ်ပါ။ ဒီသီချင်းရဲ့ စာသားလေးကတော့ အကြောင်းအမျိုးမျိုးကြောင့် ချစ်ရသူကို လက်လွှတ်ပေးလိုက်ရပေမဲ့ အမြဲချစ်နေမဲ့ အကြောင်းသီဆိုထားတာ ​ဖြစ်ပါတယ်။

“Miss You Like Crazy” by Natalie Cole

Source : Benilto Silva

ကွီးတို့ ရင်ကိုလှုပ်ခတ်စေမဲ့ အလွမ်း တေးများ ထဲက တစ်ခုကတော့ Natalie Cole ရဲ့ Miss You Like Crazy ဆိုတဲ့သီချင်းလေးပဲ ဖြစ်ပါတယ်။ လမ်းခွဲပြီးတဲ့နောက် တစ်ယောက်သောသူကို နာရီတိုင်း၊ မိနစ်တိုင်း ရူးရူးမူးမူး လွမ်းနေမိတဲ့သူတွေအတွက် ခံစားချက်နဲ့ တိုက်ဆိုင်မဲ့သီချင်းလေးပါပဲ။

လွမ်းတဲ့စိတ်ဟာ ကိုယ်ချစ်ရတဲ့သူနဲ့ ခဏတာဝေးကွာနေလို့ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် အပြီးတိုင် ခွဲခွာလိုက်ရခြင်းကြောင့် ဖြစ်စေ ချစ်ခြင်းကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တစ်ခုပါ။ ချစ်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းလို့လည်း ဆိုလို့ရပါတယ်။ ကွီးတို့လည်း ချစ်ရသူနဲ့ ထာဝရ နီးစပ်နိုင်ပါစေလို့ ဆန္ဒပြုလျက်…………….

Source : Zing Instruments

Featured Photo : Vista Create