ကွီးတို့ရဲ့ ရစ်စိန် ကောက်တေးတွေကြောင့် စိတ်ညစ်နေပါသလား။ ကောက်တေးလေးတွေ စိတ်ကောက်နေတဲ့အချိန်မှာ ဘယ်လိုပြန်ချော့ရမှန်း မသိဖြစ်နေတယ်ဆိုရင်တော့ အကောင်းဆုံး လက်နက်သာ ထုတ်သုံးလိုက်ပါ။ ထိုလက်နက်ကတော့ အခြားမဟုတ်ပါဘူး၊ သူ(မ)ကို ရည်ညွှန်းတဲ့ သီချင်း လေးတွေ အသုံးပြုပြီး ကွီးတို့ရဲ့ ရစ်စိန် ကောက်တေးတွေကို ချော့ရမှာပဲ ဖြစ်ပါတယ်။

(၁) “Thinking Out Loud” By Ed Sheeran

Source: Ed Sheeran

စိတ်ကောက်နေပေမယ့်လည်း ကိုယ့်ရဲ့ အချစ်တွေက ဘယ်တော့မှ လျော့မသွားဘူး။ အဘိုးကြီး အဘွားကြီး ဖြစ်သွားတဲ့အထိ သက်ဆုံးတိုင်ချစ်နေမယ်ဆိုရင်တော့ ဒီသီချင်းလေးကိုသာ ဆိုပြလိုက်ပါ။

(၂) “Nothing’s Gonna Change My Love For You” By George Benson

Source: George Benson

ဘယ်အရာကမှ သူ(မ)ကို ချစ်တဲ့ ကွီးတို့ရဲ့ အချစ်ကို မတားဆီးနိုင်ဘူးဆိုရင်တော့ ဒီသီချင်းလေးကို ဆိုပြလိုက်ပါ။ ကောက်တေးလေးတွေ ချက်ချင်း ပြုံးလာပါလိမ့်မယ်။

(၃) “Just The Way You Are” By Bruno Mars

Source: Bruno Mars

မင်းရဲ့ ဖြစ်တည်မှုအတိုင်းပဲ၊ အရှိကို အရှိအတိုင်းလေး ချစ်ချင်တယ်ဆိုပြီး ဖော်ကျူးချင်တယ်ဆိုရင်တော့ ဒီသီချင်းလေးကို သေသေချာချာ လေ့ကျင့်ထားပါ။

(၄) “Right Here Waiting” By Richard Marx

Source: Richard Marx

ဒီသီချင်းလေးကတော့ LDRS ချစ်သူများအတွက် အဆင်ပြေစေမယ့် သီချင်းကောင်းတစ်ပုဒ်ပါ။ မင်းက ဘယ်နေရာမှာပဲ ရောက်နေနေ ကိုယ်က နေရာဟောင်းလေးမှာ မင်း ပြန်ရောက်လာမယ့်နေ့ကို စောင့်မျှော်နေမယ်လို့ ဖော်ကျူးထားတာပဲ ဖြစ်ပါတယ်။

(၅) Marry Me By Jason Derulo

Source: Jason Derulo

ဒီသီချင်းလေးက ၂၀၁၃ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပေမယ့် ယနေ့ထိတိုက် လူကြိုက်များနေတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီ သီချင်း လေးနဲ့ ကွီးတို့ရဲ့ ရစ်စိန် လေးကို လက်ထပ်ခွင့်တောင်းချင်လည်း ရပါသေးတယ်။

(၆) Yellow” By Coldplay

Source: Coldplay

ဒီသီချင်းလေးကတော့ သူငယ်ချင်းကနေ ချစ်သူဖြစ်သွားကြတဲ့ သမီးရည်းစားတွေအတွက် အသင့်တော်ဆုံး သီချင်းလေး တစ်ပုဒ်ပဲဖြစ်ပါတယ်။

(၇) “All of Me” By John Legend

Source: John Legend

မင်းဆီမှာ အပြစ်အနာဆာတွေ ရှိနေလည်း မမှုဘဲ ခေါင်းအစ ခြေဖျားအဆုံး ရှိသမျှ အရာအားလုံးကို ချစ်မြတ်နိုးတယ်လို့ ဖော်ကျူးချင်တယ်ဆိုရင်တော့ ဒီသီချင်းလေးကိုသာ ဆိုပြလိုက်ပါ။

(၈) “I’m Yours” By Jason Mraz

Source: Jason Mraz

ကိုယ်က မင်းအတွက် မွေးဖွားလာတာပါလို့ သီကျူးချင်တယ်ဆိုရင်တော့ Jason Mraz ရဲံ I’m Yours သီချင်းလေးက အသင့်တော်ဆုံးပါပဲ။

(၉) “One Call Away” By Charlie Puth

Source: Charlie Puth

မင်းသာ ဖုန်းလေးတစ်ချက်ဆက်လိုက် မင်းအနားကို လေအလျင်ထက် ပိုမြန်တဲ့ အလျင်နဲ့ ရောက်လာမယ်လို့ ဂုဏ်ဖော်ချင်တယ်ဆိုရင်တော့ ဒီသီချင်းကိုသာ သတိရလိုက်ပါ။

(၁၀) You & I By One Direction

Source: One Direction

One Direction အဖွဲ့က နာမည်ကြီး အချစ်သီချင်းတစ်ပုဒ်ထဲမှာ ဒီသီချင်းလေးတစ်ပုဒ် အပါအဝင်ပါပဲ။

ဒီလောက်ဆိုရင်တော့ ကွီးတို့လည်း အချစ် သီချင်း ကောင်းတွေ အသုံးပြုပြီး ကိုယ့်ရဲ့ ရစ်စိန် ကောက်တေးလေးတွေကို ချော့နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Featured Image: Freepik