အချစ်တွေနဲ့ ပြည့်နှက်နေတဲ့ ဖေဖော်ဝါရီလလေးကို အချစ်သီချင်း ကောင်းကောင်းလေးတွေနဲ့ မဖြတ်သန်းချင်ကြဘူးလား။ ကွီးတို့ရဲ့ အချစ် ရပ်ဝန်းကို ပိုမို အသက်ဝင်လာစေမယ့် သံစဥ် လေးတွေ နားထောင်ရင်း ဖေဖော်ဝါရီလလေးကို ရိုမန့်တစ်ဆန်ဆန် ဖြတ်သန်းချင်တယ်ဆိုရင်တော့ ဒီသီချင်းတွေက အသင့်တော်ဆုံးပါပဲ။​

(၁) Stand By Me By Ben E. King

၁၉၆၁ ခုနှစ်တုန်းက အင်မတန်မှကို လူကြိုက်များပြီး နာမည်ကြီးခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။​ ကွီးတို့လည်း သီချင်းဟောင်းလေးတွကို နှစ်သက်တယ်ဆိုရင်တော့ ဒီသီချင်းကိုလည်း ကြိုက်နှစ်သက်မှာ အမှန်ပါပဲ။

Source: Soulful Sounds

(၂) From This Moment On By Shania Twain

ကိုယ် ချစ်ရတဲ့သူအတွက် ဘာအန္တရာယ်တွေပဲ ကြုံလာလာ၊ ဘယ်လို အခက်အခဲတွေပဲ ရှိနေပါစေ၊ အမြဲတမ်း ဘေးနားကနေ အသင့်ရှိနေပေးမယ်လို့ သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Source: Shania Twain

(၃) Just The Way You Are By Billy Joel

သူ့ကောင်မလေးကို သူ့အရှိအတိုင်း ချစ်တယ်ဆိုတဲ့ အကြောင်းကို ရေးဖွဲ့ သီဆိုထားတဲ့ သီချင်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဘာမှ ပြောင်းလဲပစ်စရာမလိုဘူး၊ သူ့ရဲ့ ပင်ကိုယ် ပုံစံလေးကိုက ချစ်ဖို့ ကောင်းတာ ဆိုတဲ့ အကြောင်းကို သီဆိုထားတာပါ။

Source: Billy Joel

(၄) Can’t Take My Eyes Off You By Frankie Valli & The Four Seasons

ဒီသီချင်းကတော့ ၁၉၆၇ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ယနေ့ထိတိုင်လည်း လူကြိုက်များနေတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။​

Source: Frankie Valli & The Four Seasons

(၅) Like I’m Gonna Lose You By Meghan Trainor Ft. John Legend

Meghan Trainor ရဲ့ လူကြိုက်အများဆုံး သီချင်းတွေထဲမှာ ဒီသီချင်းကလည်း တစ်ပုဒ် အပါအဝင်ပါပဲ။ မြူးမြူးလေးနဲ့ နားဆင်ခံစားလို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။​

Source: Meghan Trainor

(၆) Lover By Taylor Swift

ယနေ့ခေတ်ရဲ့ ရှိတ်စပီးယားလို့တောင် တင်စားခံရတဲ့ Taylor Swift က သူ့သီချင်းတွေမှာဆိုရင် အဓိပ္ပါယ် ပြည့်ဝတဲ့ စကားလုံးများကို ရွေးချယ်ပြီး သီချင်းစပ်ဆိုလေ့ရှိပါတယ်။ ဒီသီချင်းလေးထဲမှာလည်း ရိုမန့်တစ်ဆန်တဲ့ ဖီလင်မျိုးကို ထည့်သွင်းပြီး သီဆိုထားတာပဲဖြစ်ပါတယ်။

Source: Taylor Swift

(၇) Bloom By The Paper Kites

ဒီသီချင်းလေးကတော့ ရိုးရှင်းပြီး လှပတဲ့ သီချင်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။​ လူတစ်ယောက်ကို ချစ်မိသွားတဲ့အခါ သူ့အကြောင်းကိုပဲ တစ်ချိန်လုံး စဥ်းစားနေမိကြောင်း သီဆိုထားတာပဲဖြစ်ပါတယ်။

Source: thepaperkitesband

(၈) Lovebug By The Jonas Brothers

Jonas Brothers ရဲ့ Lovebug သီချင်းကလည်း နှစ်တွေ ဘယ်လောက်ကြာကြာ နားထောင်လို့ ကောင်းနေဆဲပါပဲ။ ဒီသီချင်းလေးက ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Miley Cyrus ကို ရည်ရွယ်ပြီး ရေးဖွဲ့ခဲ့တာဖြစ်တယ်လို့ Nick Jonas က အင်တာဗျူးမှာ ဖြေကြားထားပါတယ်။

Source: Jonas Brothers

(၉) A Thousand Years By Christina Perri

နှစ်တွေ ဘယ်လောက်ကြာကြာ လူတစ်ယောက်ကို မပြောင်းမလဲဘဲ ချစ်ဖူးပါသလား။ ဒါဆိုရင်တော့ ဒီသီချင်းလေးကို နားဆင်ခံစားသင့်ပါတယ်။ အချစ်ရဲ့ စွမ်းအားတွေကြောင့် အတားအဆီးတွေ မှန်သမျှကို ကျော်ဖြတ်နိုင်မှာဖြစ်ကြောင်း သီဆိုထားတာပဲဖြစ်ပါတယ်။

Source: Christina Perri

(၁၀) Can’t Help Falling in Love By Elvis Presley

အချစ်ရူးတွေကသာ အချစ်နဲ့ ပတ်သက်လာရင် တဇွတ်ထိုး လုပ်လေ့ရှိတတ်ကြပါတယ်။ ဒါပေမဲ့ အချစ်နဲ့ တွေ့တဲ့ လူတိုင်းက အချစ်ရူးလေးတွေ ဖြစ်သွားကြတာကို ဒီသီချင်းလေးက သက်သေပြပေးနေပါတယ်။

Source: Elvis Presley

အခုဖော်ပြသွားတဲ့ သီချင်းလေးတွေကတော့ ရိုမန့်တစ် ဆန်ဆန်နဲ့ နားဆင်ခံစားလို့ကောင်းတဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်။​ ချစ်သူကောင်မလေးနဲ့ နှစ်ယောက်တည်း ရှိတဲ့အချိန်လေးမျာ ဒီသီချင်းလေး နားဆင်ရင်း တန်ဖိုးရှိတဲ့အချိန်လေးကို အတူတူ ဖြတ်သန်းလိုက်ပါ။

ကွီးတို့ရော ကိုယ့်ချစ်သူ ကောင်မလေးနဲ့ နှစ်ယောက်တည်း ရှိတဲ့အချိန်ဆို ဘယ်လို သီချင်းလေးတွေကို နားဆင်လေ့ ရှိပါသလဲ။

Source : Thepioneerwoman

Featured Photo : Thedatingdivas