ကမ္ဘာနဲ့ တစ်ဝှမ်းမှာ သုတ်ပိုး လှူ ခြင်းက ခေတ်စားလျက်ရှိပါတယ်။ ဆေးရုံအသီးသီးကလည်း ပရိုဂရမ်များ ပြုလုပ်ပြီး သုတ်ပိုး လှူဒါန်းဖို့အတွက် ဖိတ်ခေါ်တာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ လှူချင်တဲ့သူသည် သူတို့ ဖော်ပြထားတဲ့ သတ်မှတ် အရည်အချင်းတွေ ပြည့်မှီမှသာလျှင် လှူဒါန်းနိုင်မှာပဲဖြစ်ပါတယ်။

တကယ်လို့ ကွီးတို့က လှူချင်ပေမယ့် ကွီးတို့ သုတ်ပိုး ကို လှူ လို့ မရတဲ့ အကြောင်းအရင်း အများအပြားရှိနိုင်ပါတယ်။ အဓိက အကြောင်းအရင်းများကတော့ အခုဖော်ပြမယ့် အချက်များပဲဖြစ်ပါတယ်။

ကွီးတို့ အသက်က သတ်မှတ်ထားတာထက် ကျော်လွတ်သွားလို့

healthy man

Sperm Bank အများစုက သုတ်ပိုး လှူဒါန်းမယ့်သူသည် အသက် ၁၈ နှစ်ကနေ ၂၈ နှစ်အတွင်းသာ ဖြစ်ရမယ်ဆိုပြီး သတ်မှတ်ထားပါတယ်။ ၂၈ နှစ်နဲ့အထက် အသက်ကြီးသွားပြီဆိုရင်တော့ လက်မခံကြပါဘူး။

ကွီးတို့ဆီမှာ STD လို့ခေါ်တဲ့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ ရှိနေလို့

STD

STD လိုမျိုး လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ ရှိနေပြီဆိုရင်တော့ ဘယ်လိုမှကို လှူဒါန်းဖို့ လက်မခံကြတော့ပါဘူး။ သုတ်ပိုးဘဏ်များကလည်း လှူဒါန်းဖို့ လျှောက်ထားသူများအား HIV ၊ ကလိုင်မီးဒီးယား၊ ကာလသားရောဂါ၊ ဆီးပူညောင်းကျရောဂါ၊ အသည်းရောင် အသားဝါပိုးများ ရှိ မရှိ စစ်ဆေးပြီးမှသာလျှင် လှူဒါန်းမယ့် အစီအစဥ်ကို ဆက်လက် ရှင်းပြပေးမှာပဲဖြစ်ပါတယ်။

အခြားသော ကျန်းမာရေး အခံများ (သို့) မျိုးရိုးဗီဇအလိုက် ရောဂါများ ရှိနေတဲ့အခါ

သုတ်ပိုး လှူ

ကွီးတို့ လှူဒါန်းလိုက်တဲ့ သုတ်ပိုးများထဲတွင် ကွီးတို့ရဲ့ မျိုးရိုးဗီဇတွေသည် စီးဆင်းသွားမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် မျိုးရိုးဗီဇအရ ကျန်းမာရေး ကောင်းမွန်ဖို့လည်း လိုအပ်သလို လက်ရှိမှာလည်း ခံစားနေရတဲ့ ရောဂါများ ကင်းရှင်းနေကြောင်း ပြသဖို့ လိုအပ်ပါတယ်။

ကွီးတို့ရဲ့ သုတ်ပိုး အရေအတွက်က နည်းနေလို့ (သို့) လုံးဝ မရှိလို့

သုတ်ပိုး လှူ

လှူဒါန်းမယ့် သူအနေနဲ့ ပထမဦးဆုံး ချိန်းဆိုထားတဲ့ရက်မှာ ကွီးတို့ ထုတ်လွှတ်လိုက်တဲ့ သုတ်ရည်ထဲတွင် သုတ်ပိုးအကောင်ရေ အလုံအလောက် ရှိ မရှိ စစ်ဆေးပါတယ်။ သုတ်ပိုး အကောင်ရေ မလုံလောက်တာပဲဖြစ်ဖြစ်၊ လုံးဝ မပါရှိတာပဲဖြစ်ဖြစ် လှူဒါန်းခွင့် မပေးကြတော့ပါဘူး။

ဒီအချက်များကြောင့်လည်း အချို့ကွီးတွေက လှူဒါန်းချင်ပေမယ့် လှူခွင့်မရတာပဲဖြစ်ပါတယ်။

ကွီးတို့လည်း ဒီလိုမျိုး ပရိုဂရမ်များတွင် လှူဒါန်းချင်တယါ်ဆိုရင်တော့ အဘက်ဘက်က ပြီးပြည့်စုံနေမှသာလျှင် လှူဒါန်းခွင့်ရမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ သုတ်ပိုးကို လှူဒါန်းဖို့ အစီအစဥ် ဆွဲနေတာလား။

Source: Spermbankcalifornia

Featured Image: Dexus