သုတ်လွှတ်မြန် တာဟာ အမျိုးသားတိုင်းလိုလို စိတ်ပူကြတဲ့ လိင်မှုဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။ အိပ်ရာပေါ်မှာ ကိုယ့်ပါတနာ ကျေနပ်လောက်တဲ့အထိ လိင်မှုစွမ်းဆောင်ရည်မပြနိုင်မှာကို အမျိုးသားတိုင်း စိုးရိမ်ကြပါတယ်။ သုတ်လွှတ်မြန် ခြင်းဟာ အမျိုးသားတိုင်း ကြုံတွေ့ရနိုင်တဲ့ ပြဿနာတစ်ခု ဖြစ်ပြီး စိတ်ဖိစီးတာ ၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံတာ စတဲ့ အခြေအနေတွေကြောင့် Premature Ejaculation (PE) လို့ခေါ်တဲ့ အချိန်မတိုင်မီ သုတ်လွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သုတ်လွှတ်မြန် တဲ့ ပြဿနာ ကွီးတို့ကိုယ်တိုင် ဖြေရှင်းနိုင်မယ့် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) Stop-Start Method ပြုလုပ်ပါ

Photo : How to Control Ejaculation?

ဒီနည်းလမ်းကတော့ သုတ်လွတ်ချင်စိတ်ကို နှောင့်နှေးအောင် ဆွဲဆန့်လိုက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သုတ်လွှတ်ချင်စိတ် ခံစားရတဲ့အခါ လိင်ဆက်ဆံမှုကို ချက်ချင်းရပ်တန့်လိုက်ပါ။ စိတ်ကြွမှု လျော့ကျသွားတဲ့အခါမှ ဖြည်းဖြည်းချင်း လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို ပြန်စပါ။ ဒီနည်းအတိုင်း ၂ ကြိမ်ကနေ ၃ ကြိမ်ခန့် ပြုလုပ်ခြင်းဖြင့် သုတ်လွှတ်မြန်ခြင်းကို ထိန်းချုပ်ဖို့ ကူညီပေးနိုင်ပါတယ်။

(၂) တစ်ကိုယ်ရည်အာသာဖြေပါ

Photo : Men’s Health

သင့်ပါတနာနဲ့ လိင်ဆက်ဆံမှုမပြုမီ အနည်းဆုံး တစ်နာရီ သို့မဟုတ် နှစ်နာရီလောက် အလိုလောက်ကတည်းက တစ်ကိုယ်ရည် အာသာဖြေထားပါ။ မဆက်ဆံမီ ကြိုတင် တစ်ကိုယ်ရည်အာသာဖြေထားခြင်းဟာ သင့်အဖော်နဲ့ ဆက်ဆံချိန်မှာ အထွတ်အထိပ် မြန်မြန်ရောက်ပြီး အချိန်တိုအတွင်း သုတ်လွှတ်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။

(၃) အချိန်အတိုင်းအတာတစ်ခုအထိ လိင်ဆက်ဆံခြင်းကို ရပ်တန့်ထားပါ

Photo : Her Way

ဒီနည်းဟာ ဆန့်ကျင်ဘက်ဖြစ်ပုံရပေမယ့် ဆက်ဆံချိန်မှာ သုက်လွှတ်မြန်ခြင်းကြောင့် ကြုံတွေ့ ခံစားရမယ့် ကိုယ့်ကိုယ်ကို အားမလိုအားမရခြင်းတွေ ၊ ဖိအားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒီလို အိပ်ရာပေါ်က ဖိအားတွေနဲ့ စိတ်ဖိစီးမှုတွေကလည်း သင်ရင်ဆိုင်နေရတဲ့ သုတ်လွှတ်မြန်တဲ့ ပြဿနာကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ လိင်ဆက်ဆံခြင်းကို ခေတ္တခဏရပ်တန့်ထားပြီး ကိုယ့်ကိုယ်ကို အာရုံစိုက်ခြင်းဖြင့် လိင်မှုစွမ်းဆောင်ရည်ကို ပြန်လည်မြှင့်တင်ဖို့ အကြံပြုချင်ပါတယ်။

(၄) လိင်တံကိုညှစ်တဲ့ နည်းလမ်းသုံးပါ

Photo : Proactive Men’s Medical Center

ဒီနည်းကိုတော့ Pause-Squeeze Technique လို့ ခေါ်ပါတယ်။ တစ်ကိုယ်ရည်အာသာဖြေချိန်မှာဖြစ်ဖြစ် ၊ အဖော်နဲ့ ဆက်ဆံချိန်မှာ ဖြစ်ဖြစ် သုတ်လွတ်တော့မယ်လို့ အချက်ပြလာတာနဲ့ လိင်တံကို အချိန်အနည်းငယ်ကြာ လက်နဲ့တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ညှစ်ထားရမှာ ဖြစ်ပါတယ်။ ဆေးဘက်ဆိုင်ရာ သုတေသီတွေကတော့ လိင်တံကို စက္ကန့် ၃၀ လောက် ညှစ်ထားသင့်တယ်လို့ ဆိုပါတယ်။ ဒါဆိုရင်တော့ ပြီးမြောက်ချင်စိတ် လျှော့ကျသွားစေမှာ ဖြစ်ပါတယ်။

Photo : SPY