အမျိုးသားထုရဲ့ (၃၇)%လောက်ဟာ ဘဝရဲ့ တစ်ချိန်ချိန်မှာ လိင်ဆက်ဆံနေရင်းနဲ့ သုတ်လွှတ်စောခြင်း ပြဿနာရပ်ကို ကြုံတွေ့ရနိုင်တက်ပါတယ်။ အချိန်မတိုင်ခင် သုတ်လွှတ်စော ခြင်းက လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှု ချို့ယွင်းချက်တစ်မျိုးဖြစ်ပြီး အထူးသဖြင့် ဒီကိစ္စက ကြာရှည်စွာ ဒါမှမဟုတ် ပြင်းထန်စွာ ဖြစ်နေမယ်ဆိုရင် လိင်ဆက်ဆံမှုကို ခံစားဖို့ စွမ်းရည်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ အချို့သော အမျိုးသားတွေဆိုရင် လိင်ဆက်ဆံမှုကို လုံးဝ ရှောင်ကြဉ်လိုက်တဲ့အထိပါ ဖြစ်စေတက်ပါတယ်။
Photo : Men Health Clinic
သုတ်လွှတ်စော ခြင်းဆိုတာက လိင်ကိစ္စနဲ့ လိင်ဆက်ဆံရေးအကြောင်းကို လေ့လာနေဆဲဖြစ်တဲ့ လူငယ်ယောကျာ်းလေးများမှာ အထူးသဖြင့် ကြုံတွေ့ရတက်ပါတယ်။ ယခင်ကတော့ သုတ်လွှတ်မြန်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ အကြောင်းအရင်းများကြောင့်သာ ဖြစ်တယ်လို့ အဓိက ထင်မြင်ယူဆတက်ကြပေမယ့် သုတ်လွှတ်ခြင်း လုပ်ဆောင်ချက်ကို ထိန်းချုပ်တဲ့ ဦးနှော်က်အတွင်း ဓာတုမညီမျှမှုကြောင့်ပါ ဖြစ်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
Photo : Preferred Mens’ Medical Centre
အချိန်မတိုင်ခင် သုတ်လွှတ်ခြင်းကို သက်ရောက်မှု ရှိစေတဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းတွေကတော့ စိတ်ကျရောဂါ၊ ကိုယ့်ပါတနာဆီကနေ ငြင်းပယ်ခံမှာကို စိုးရိမ်ကြောက်ရွံ့ခြင်း၊ ကလေးဘဝတုန်းက မကောင်းသော လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံများ၊ ဆက်ဆံရေး ပြဿနာများ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းခြင်း၊ ငယ်စဉ်ကတည်းက လိင်ဆက်ဆံမှုကို စတင်ခဲ့ခြင်း၊ လိင်ဆက်ဆံရာမှာ စွမ်းဆောင်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကို အလျင်စလို လုပ်ဆောင်လိုစိတ် ဖြစ်ပေါ်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။
Photo : Deep Ayurveda
နောက်ပြီး လိင်တံ ထောင်မတ်နိုင်မှု ပြဿနာ၊ ဟော်မုန်းများ ပုံမှန်မဟုတ်ခြင်း၊ ဆီးလမ်းကြောင်း ဒါမှမဟုတ် ဆီးကျိတ် ရောင်ရမ်းခြင်း ပိုးဝင်ခြင်း၊ မျိုးရိုးဗီဇဆိုင်ရာ အချက်များ၊ အာရုံကြောဆိုင်ရာ ဓာတုပစ္စည်းများ ပုံမှန်မဟုတ်ခြင်း၊ ဆီးကျိတ်ကြီးခြင်း ဒါမှမဟုတ် ကျောက်တည်ခြင်း၊ ဆီးချိုရောဂါနဲ့ သိုင်းရွိုက်ဟော်မုန်း အလွန်အမင်း ထုတ်လွှတ်ခြင်းတို့လို ဇီဝကမ္မဆိုင်ရာ အကြောင်းရင်းတွေကြောင့်လည်း သုတ်လွှတ်မြန်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
Featured Photo : Your Doctor Online