လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုမှာ အမျိုးသားတိုင်းက ကိုယ်ကိုယ်တိုင်အတွက်သာမက တစ်ဖက်လူအတွက်ပါ စိတ်ကျေနပ်မှု ရစေချင်ကြပါတယ်။ အိပ်ရာပေါ်မှာ အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့ ကြိုးစားကြသော်လည်း တစ်ခါတစ်ရံမှာ ကိုယ့်ရဲ့ အလေ့အထတွေ၊ အပြုအမူတွေက တစ်ဖက်သားအတွက် စိတ်တိုင်းမကျစရာ ဖြစ်နေတတ်ပါတယ်။ ဒီလိုမျိုး ဖြစ်လာရင် အမျိုးသားတို့အတွက်လည်း လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုဒဏ်ကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် တစ်ဖက်သားနဲ့ ဆက်ဆံရေးကိုလည်း ထိခိုက်စေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အမျိုးသားတို့ သိထားသင့်တဲ့ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုမှာ သူမတို့ စိတ်တိုင်းမကျရခြင်းရဲ့ အချက်တွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိခြင်း

သူမတို့ စိတ်တိုင်းမကျရခြင်းရဲ့

Photo : Wockhardt Hospitals

တစ်ကိုယ်ရည် သန့်ရှင်းရေးက ကျန်းမာရေးအတွက် မဖြစ်မနေလိုအပ်သည်သာမက ကိုယ့်ရည်ကိုယ်သွေးကို ဖော်ပြတဲ့နေရာမှာလည်း အရေးပါပါတယ်။ ဒါကြောင့် လူတိုင်း တစ်ကိုယ်ရည် သန့်ရှင်းရေးကို အလေးထား ဂရုပြုသင့်ပါတယ်။ ဒါ့အပြင် အမျိုးသားတို့ရဲ့  ဖွားဖွက်တော်နဲ့ တစ်ဝိုက်သန့်ရှင်းရေးကို အထူးတလည် ဂရုပြုသင့်ပါတယ်။ အနံ့အသက်ရှိသူ သို့မဟုတ် ခန္ဓာကိုယ်သန့်ရှင်းမှု ညံ့ဖျင်းသော အမျိုးသားတစ်ဦးနှင့် မည်သူမျှ အိပ်ရာမဝင်ချင်လောက်တာ သတိပြုပါ။

ကိုယ်ကိုယ်တိုင်နဲ့ ပတ်သတ်ပြီး စိုးရိမ်နေမှု

သူမတို့ စိတ်တိုင်းမကျရခြင်းရဲ့

Photo : Lorijen Center

လိင်မှုကိစ္စဆောင်ရွက်နေစဉ် ကိုယ့်ရဲ့ စွမ်းဆောင်မှုနဲ့ ပတ်သတ်ပြီး စိုးရိမ်ပူပန်မှု ခံစားနေရသော အမျိုးသားများက လိင်ဆက်ဆံစဉ်တွင် ကြာရှည်မှုကို ထိန်းသိမ်းဖို့ ခက်ခဲတတ်ပြီး အချိန်မတန်ခင် သုတ်လွှတ်တာတောင် ဖြစ်နိုင်ပါတယ်။ ဒီလို စိုးရိမ်ပူပန်မှုကြောင့် သုတ်လွှတ်မြန်ခြင်းကို ဖြစ်စေတာက စိတ်ကျေနပ်မှုမရရှိစေတဲ့ အပြင် တစ်ဖက်သားရဲ့ စိတ်ပျက်မှုကိုတောင် ခံရနိုင်ပါတယ်။ ကိုယ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး စိုးရိမ်မှုရှိနေတဲ့အမျိုးသားတွေက အိပ်ရာပေါ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းတတ်ကြပြီး လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုမှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

တစ်ကိုယ်ကောင်းဆန်မှု

Photo : Romper

အချို့သော အမျိုးသားတွေက လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုမှာ တစ်ဖက်သားထက် ကိုယ့်ရဲ့ ပျော်ရွှင်မှုနဲ့ သာယာမှုကိုသာ ဦးစားပေးတတ်ပါတယ်။ ဒီလို တစ်ဖက်သားကို အလေးမထားဘဲ ကိုယ်လိုချင်တဲ့အရာကို ချက်ချင်းပြုလုပ်တာက ကောင်းမွန်ပျော်ရွှင်သော လိင်ဆက်ဆံမှု ဖြစ်လာဖို့ ခဲယဉ်းပါတယ်။ လိင်မှုကိစ္စဆိုတာ နှစ်ဦးနှစ်ဖက်လုံး စိတ်လှုပ်ရှား ပျော်ရွှင်မှုနဲ့ သာယာမှုကို ရရှိသင့်ပါတယ်။ ဒါ့ကြောင့် ကိုယ်အလိုရှိရာကိုသာ ဦးစားပေးပြုလုပ်ခြင်း မပြုဘဲ တစ်ဖက်သားရဲ့ သာယာမှုနဲ့ စိတ်ကျေနပ်မှုကိုလည်း အလေးထားပြီး ဆောင်ရွက်သင့်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့ယွင်းခြင်း

Photo : Well Cornell Medicine

လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် ကျန်းမာရေး တစ်စုံတစ်ရာ ချို့ယွင်းနေခြင်း ဒါမှမဟုတ် ကျန်းမာရေး မကောင်းခြင်းက ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို အတိုင်းအတာတစ်ခုအထိ ထိခိုက်စေနိုင်ပါတယ်။ ဒီလို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေကြောင့် အိပ်ရာပေါ်မှာ ကောင်းကောင်း မစွမ်းဆောင်နိုင်ရုံသာမက ကိုယ်တိုင်ရော တစ်ဖက်သားကိုပါ စိတ်ကျေနပ်မှု မရရှိစေနိုင်ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ ကွီးတို့ရဲ့ ဆက်ဆံရေးအပေါ် သက်ရာက်မှုတွေ ရှိလာနိုင်ပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ အိပ်ရာပေါ်မှာ အမျိုးသားတို့ရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သတ်ပြီး သူမတို့ စိတ်တိုင်းမကျရခြင်းရဲ့ အဓိက အချက်တွေပဲ ဖြစ်ပါတယ်။ အမျိုးသားတို့အနေနဲ့ နှစ်ဦးနှစ်ဖက်လုံး သာယာပျော်ရွှင်သော လိင်မှုဆက်ဆံရေး ရရှိအောင် ဒီအချက်လေးတွေကို သတိပြုနိုင်ဖို့ ဝေမျှပေးလိုက်တာပဲ ဖြစ်ပါတယ်။

Source : Pluse.com

Featured Photo : Best Life