ကိုယ်တကယ်အမှန်အကန် ချစ်မိတဲ့သူက ပလေးသွားတာလောက် လောင်ရတာ ရှိပါဦးမလား? နှလုံးသားရေးရာမှာ အရှုံးသမားဖြစ်လို့ လောင်ရတာထက် ဂိမ်းရှုံးလို့လောင်ရတာက ပိုခံသာပါသေးတယ်။ ဆိုတော့ လူအချင်းချင်း ပလေး ခြင်းကင်းဝေးအောင် သူများပလေးတာတော့ မခံပါနဲ့။ ကွီးတို့ကိုယ်တိုင်ပဲ အခုပြောပြမယ့် အမိုက်စား ဂိမ်းလေးတွေ ပလေးရင်း စိတ်ပြေပျောက်မှု ရယူလိုက်ပါ။

(၁) The Spike

Source : 쿠찌 CUZZI

Spike ကတော့ အမိုက်စား ဘော်လီဘောလုံး ဂိမ်းလေးတစ်ခုပါ။ ဒီဂိမ်းလေးက ဘော်လီဘောပြိုင်ပွဲတွေမှာ အနိုင်ရဖို့ ကြိုးစားနေတဲ့ ကျောင်းသားတစ်စုအကြောင်း အခြေခံပြီး Story ပုံစံဖန်တီးထားပါတယ်။ ဂိမ်းမှာ အဆင့် ၁၈ ဆင့်ပါဝင်ပြီး တဖြည်းဖြည်း ပိုခက်လာတဲ့အဆင့်တွေနဲ့ စိန်ခေါ်မှုရှိရှိ ကစားရမှာ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင် ပလေး လို့ရမှာဖြစ်တဲ့အပြင် Free To Play ကစားလို့ရမှာဆိုတော့ Sport ဂိမ်းကြိုက်တဲ့ ဘော်ဒါတွေ လုံးဝနှစ်ခြိုက်မိမှာ သေချာပါတယ်။

(၂) Doom and Destiny Advanced

Source : Benjamin Ficus

Doom and Destiny Advanced က JRPG (Japanese Role-Playing Game) ဂိမ်းအမျိုးအစားတစ်ခုပါ။ ဒီဂိမ်းမှာ နာရီ ၃၀ စာ Storyline ပါဝင်ပါတယ်။ နောက်ထပ် Side Quests နဲ့ အခြားလုပ်ဆောင်စရာတွေလည်း အများကြီး ပါပါသေးတယ်။ ဒီထဲမှာ လျှို့ဝှက်ချက် ၁၀၀ နဲ့ ဝှက်ထားတဲ့ နေရာတွေလည်း အများကြီး ပါဝင်တာ တွေ့ရပါတယ်။ ဂိမ်းပုံစံလေးက အတော်လေးပေါ့ပါးပြီး ပျော်စရာကောင်းပါတယ်။ ဒီဂိမ်းလေးက $4.99 ခန့် ဝယ်ယူဆော့ရမှာဖြစ်ပြီး Free Version မှာတော့ ကြော်ငြာနဲ့ အခြား Limitations တွေရှိနေပါတယ်။ လောလောဆယ် ပိုက်ဆံနဲ့ ဝယ်မဆော့ချင်သူတွေအတွက် Free Version ကိုပဲ စမ်းသပ် ပလေး ကြည့်လို့ရပါတယ်။

(၃) Resonance of the Ocean

Source : On Game Trailers

Resonance of the Ocean ဂိမ်းလေးကတော့ တိုတိုရှင်းရှင်းနဲ့ Fun ဖြစ်တဲ့ ဂိမ်းလေးတစ်ခုပါပဲ။ ဂိမ်းပုံစံလေးက တကယ်ကို ရိုးရှင်းပါတယ်။ ကမ်းစပ်တလျှောက်က items တွေကို လိုက်လံစုဆောင်းပြီး ဂီတတူရိယာတွေ ပေါင်းစပ်ဖန်တီးရမှာပါ။ ဒီဂိမ်းက တိုတိုရှင်းရှင်းလို့ ပြောခဲ့သလိုပါပဲ နာရီအနည်းငယ်အတွင်းမှာပဲ ဂိမ်းကို အပြီးသတ်ဆော့ကစားလို့ ရနိုင်ပါတယ်။ ရှုပ်ထွေးမှုတွေမပါပဲ ဂိမ်းရဲ့နောက်ခံ အသံလေးတွေကိုက သာယာငြိမ့်ငြောင်းတဲ့ တေးသီချင်းလေးတွေ ၊ ပင်လယ်ရေစီးသံလေးတွေ ထည့်ပေးထားတာဆိုတော့ တော်တော်လေးကို Relaxing ဖြစ်စေပါတယ်။ Resonance of the Ocean ဂိမ်းလေးကိုလည်း အခမဲ့ Free ဒေါင်းလုခ်ချ ပလေး နိုင်ပါတယ်။

(၄) Vodobanka

Source: The figure

Vodobanka ဂိမ်းလေးကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ Puzzle ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Players တွေအနေနဲ့ ကိုယ့်ရဲ့ SWAT Team ကို ထိန်းစေပြီး ဓားစာခံတွေကို မဆုံးရှုံးစေပဲ ချဉ်းကပ်မှုတွေ ပြုလုပ်ရမှာပါ။ Level တစ်ခုစီတိုင်းမှာ မြေပုံတွေပေးထားပြီး ရန်သူတွေလက်ကနေ ဓားစာခံတွေ ထိခိုက်မှုတစ်စုံတစ်ရာမရှိစေပဲ အမျိုးမျိုးသော နည်းဗျူဟာနဲ့ စွမ်းရည်တွေကို အသုံးပြုပြီး ကယ်ထုတ်ရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းလေးက စိတ်ဝင်စားဖို့ကောင်းသလို Free To Play ကစားလို့ရတဲ့အတွက် Puzzle ဂိမ်းကြိုက်တဲ့ ကွီးတွေ ပလေး ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။

Featured Photo : Nintendo