သူများ တွေ အသီးသီး အောင်မြင် နေကြပေမယ့် ကွီးတို့ မအောင်မြင်ရသေးတာ ဘာ့ကြောင့်လဲဆိုတာ ကွီးတို့ သိပြီးပါပြီလား။ အောင်မြင်နေတဲ့ လူအသီးသီးက သူ့အရှိန်နဲ့ သူ ကြိုးစားနေကြလို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် အခုဖော်ပြပေးမယ့် အလေ့အကျင့်ကောင်းများကို ပြုကျင့်ကြတဲ့အတွက်ကြောင့် သူတို့တွေအတွက် အောင်မြင်မှုဆိုတာ အလွယ်လေးလို့ ထင်ရတာပါ။ တကယ်တော့ သူများ တွေအတွက် အောင်မြင် မှု ဆိုတာသည်လည်း အချိန်တစ်ခု ယူရပါတယ်။

အောင်မြင်နေတဲ့သူတွေ ဘာတွေ ဘယ်လိုမျိုး လုပ်ဆောင်လေ့ရှိကြသလဲဆိုတာ လေ့လာကြည့်ပြီး ကွီးတို့ ကိုယ်တိုင် အသုံးချကြည့်လိုက်ပါ။

(၁) အစီအစဥ် မချထားခြင်းက အောင်မြင်မှုနဲ့ ဝေးရာဆီ တွန်းပို့နေတတ်တယ်

planning

ကွီးတို့ ညဘက် အိပ်ရာ မဝင်ခင်မှာ မနက်ဖြန်မှာ ဘာလုပ်ရမလဲဆိုတာကို အစီအစဥ် ရေးဆွဲထားပါ။ ဒါကတော့ တစ်နေ့တာ အသေးစိတ် အချိန်ဇယားပေါ့။ ဒီလိုကနေမှ ဒီတစ်လအတွင်း ဘာတွေ ဘာတွေ လုပ်လို့ ပြီးနေရမလဲဆိုတာကို ရည်မှန်းချက် သေးသေးလေးတွေ ထပ်ချထားလိုက်ပါ။ တစ်နေ့စာ တစ်နေ့စာ အချိန်ဇယားများကိုလည်း ချမှတ်ထားခြင်းအားဖြင့် ကွီးတို့သည် Productive ဖြစ်တဲ့ တစ်ရက်တာကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။​

(၂) အချိန်ဆွဲမထားဘဲ ဘာလုပ်ရမယ်၊ ဘယ်အချိန်မှာ ဘယ်လုပ်ငန်းတာဝန်က ပြီးဆုံး နေရမလဲဆိုတာကို အချိန် သတ်မှတ်ထားပါ

သူများ အောင်မြင်

ဘယ်အချိန်မှာ ဘယ်လောက်အထိ အောင်မြင်ရမလဲဆိုတာမျိုးကို အချိန်တစ်ခု၊ အကန့်အသတ်တစ်ခု ကန့်သတ်ထားပါ။ အချိန် မကန့်သတ်ထားလို့ကတော့ ကွီးတို့ရဲ့ အချိန်ဆွဲတတ်တဲ့ စိတ်၊ ပျင်းရိတတ်တဲ့ စိတ်နဲ့ တိုးရင်တော့ သွားပါရောလား။  ဒါ့ကြောင့် ကွီးတို့ရဲ့ အောင်မြင်မှုအတွက် အချိန် ကန့်သတ်ထားမှသာလျှင် “ငါ လုပ်မှ ဖြစ်မယ်၊ မဖြစ် ဖြစ်အောင် လုပ်ရမယ်” ဆိုတဲ့ အသိစိတ်က ဝင်ပြီး မြန်မြန် လုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။

(၃) အကျင့်ဆိုးများကို ဖျောက်ဖျက်ပစ်ပါ

သူများ အောင်မြင်

ကိုယ့်မှာ အချိန်ဆွဲတတ်တဲ့ အကျင့်ဆိုးတွေ ရှိနေသလား၊ ပျင်းရိတတ်တဲ့ အကျင့်ဆိုးတွေ ရှိနေသလား၊ ရှိတယ်ဆိုရင် ဖျောက်ဖျက်ပစ်ဖို့ လိုအပ်ပါလိမ့်မယ်။ ပြီးတဲ့အခါမှာ ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်အသစ်တွေကို ချရေးထားလိုက်ပါ။ ဒါမှသာလျှင် ကွီးတို့အတွက် တစ်နှစ်ပြီး တစ်နှစ် အောင်မြင်မှုအသစ်တွေ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာမှာဖြစ်ပါတယ်။

(၄) အချိန်ကို တန်ဖိုးထားပါ

သူများ အောင်မြင်

အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ အချိန်ကိုလေးစားတန်ဖိုးထားခြင်းက အမှန်တကယ်ကို ကြီးမားတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အချိန်မလေးစားမှုနဲ့  လုပ်ဆောင်စရာများကို အချိန်ဆွဲခြင်းတို့ကြောင့် ထိုက်သင့်သလောက် အောင်မြင်မရတာမျိုး ဖြစ်တတ်ပါတယ်။ မိမိ လုပ်ဆောင်စရာရှိတဲ့အရာများကို အချိန်မဆွဲပဲ လုပ်ဆောင်ပါ။ ကွီးတို့အားလုံး သိပြီးသားဖြစ်တဲ့ အမေရိကန် စွန့်ဦးတီထွင်သူ ၊ စီးပွားရေးလုပ်ငန်းရှင် ၊ မီဒီယာပိုင်ရှင် နှင့် ရင်းနှီးမြှုပ်နှံသူ Steven Jobs ဟာ “မင်းရဲ့အချိန်တွေကို မဖြုန်းတီးပါနဲ့”ဟူ၍ အချိန်နဲ့ ပတ်သတ်ပြီး အလေးထားသင့်ကြောင်း စကားဆိုခဲ့ပါတယ်။ ဒီကမ္ဘာပေါ်မှာ အောင်မြင်မှုရရှိခဲ့တဲ့ လူတော်တော်များများဟာ အချိန်နဲ့ ပတ်သတ်ပြီး တင်းကျပ်တဲ့ စည်းကမ်းတွေကို ကိုယ်တိုင်ချမှတ်ပြီး တန်ဖိုးထားလိုက်နာကြပါတယ်။

ကွီးတို့ရော အောင်မြင်နေတဲ့ သူတွေနည်းတူ ပြုမူ ကျင့်ကြံ နေထိုင်ရဲ့လား။

Source: Georgehalachev

Featured Image: Ince