ကျွန်တော်တို့ လူသားတွေမှာ အနည်းအများသာ ကွာချင်ကွာသွားမယ် အားလုံးလိုလို သောကအပူမီးတွေ ကိုယ်စီရှိကြပါတယ်။ စစ်တမ်းတွေအရ ကမ္ဘာတစ်ဝှမ်းက လူသန်းပေါင်းများစွာဟာ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုနဲ့ သောကဖိစီးမှုတွေကို ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်သစ်လူနေမှုပုံစံတွေအရလည်း လူသားတွေဟာ အဘက်ဘက်က စိတ်ဖိစီးမှုနဲ့ ဖိအားတွေကို ကြုံတွေ့ခံစားနေရပြီး သောကကင်းတဲ့ ဘဝမှာနေထိုင်နိုင်ဖို့ လမ်းညွှန်ချက်တွေကို ရှာဖွေကျင့်သုံးနေကြ ရပါတယ်။ လောကဓံရဲ့ ဖိအားနဲ့ ပူပင်မှုတွေကို ရာခိုင်နှုန်းပြည့် မတားဆီးနိုင်ပေမယ့်လည်း အတက်နိုင်ဆုံး သောက နည်းအောင်တော့ နေထိုင်သွားလို့ ရပါတယ်။

(၁) စိုးရိမ်ပူပင်မှုတွေကို လျော့ချပါ

Photo : Freepik

အရာရာကို စိုးရိမ်ပူပင်စိတ် လွန်ကဲသူတွေဟာ ဘဝမှာ သောက ပိုများ ကြရစမြဲပါပဲ။ စိုးရိမ်ပူပင်စိတ်ဟာ ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာရော ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဆိုးကျိုးတွေ သက်ရောက်စေနိုင်ပါတယ်။ တနည်းအားဖြင့် စိုးရိမ်ပူပန်မှုတွေဟာ ကွီးတို့ကို အဘက်ဘက်က ဆိုးကျိုးတွေကို ဖြစ်စေနိုင်တဲ့ စိတ်ဖိစီးမှုတစ်ခုသာ ဖြစ်တဲ့အတွက် တက်နိုင်သ၍ စိုးရိမ်ပူပင်မှုတွေကို လျော့ချနေထိုင်ခြင်းဟာ သောကကင်းစေရုံသာမက ဘဝတန်ဖိုးကိုပါ မြင့်တက်လာစေမှာ ဖြစ်ပါတယ်။

(၂) သောကရဲ့ အရင်းအမြစ်ကို လိုက်ပါ

သောက

Photo : Pexels

သောကကင်းတဲ့ ဘဝမှာနေထိုင်နိုင်ဖို့ဆိုရင် ပထမဆုံးခြေလှမ်းက ကွီးတို့ကြုံတွေ့ခံစားနေရတဲ့ သောကတွေရဲ့ အရင်းအမြစ် လားရာကို ပြန်ကြည့်ဖို့ပါပဲ။ လူတော်တော်များများက အတိတ်မှာ ဖြစ်ပျက်ခဲ့ဖူးတဲ့ အခြေအနေနဲ့ စိတ်ဒဏ်ရာတွေကနေတဆင့် လက်ရှိပစ္စုပ္ပန်အထိကို ပူပင်သောကတွေ လွှမ်းမိုးထားမိတက် ကြပါတယ်။ အတိတ်က ဖြစ်ရပ်တွေဟာ တကယ်တော့ နောက်ပြန်လှည့်ပြီး ပြင်ဆင်လို့ မရတဲ့အရာတွေပါ။ ဒီတော့အတိတ်ကို စွန့်လွှတ်ပြီး ပစ္စုပ္ပန်မှာ အကောင်းဆုံး ရှင်သန်နေထိုင်ခြင်းကသာ ပူပင်သောကကင်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်စေမှာပါ။

(၃) အတွေးတွေကို သုံးသပ်ပါ

သောက

Photo : Unsplash

တစ်ခါတစ်လေမှာ ကျွန်တော်တို့ရဲ့ အတွေးတွေကပဲ ကျွန်တော်တို့ကို အကြီးအကျယ်တိုက်ခိုက်နေတဲ့ အနီးကပ် ရန်သူတော်ကြီးတစ်ယောက် ဖြစ်နေတက်ပါတယ်။ အပျက်သဘောင်ဆောင်တဲ့ အတွေးတွေ ၊ မကောင်းတဲ့ဘက်ကို အားသာနေတဲ့ အတွေးတွေကို တွေးတောနေမိခြင်းဟာ စိုးရိမ်စိတ်နဲ့ ပူပင် သောက တွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့တစ်နေ့တာမှာ ဘယ်လိုအတွေးတွေကို တွေးတောနေမိလဲဆိုတာ ပြန်သုံးသပ်ပါ။ အပျက်သဘောင်ဆောင်တဲ့ အတွေးတွေတွေးမိတာနဲ့ ချက်ချင်းရပ်တန့်ပြီး အကောင်းဘက်ကို ကိုယ်စားပြုတဲ့ အပြုသဘောဆောင်တဲ့ အတွေးတွေကို အစားထိုးတွေးဖို့ ကြိုးစားပါ။

(၄) ထိန်းချုပ်မရနိုင်တဲ့ အရာတွေကို လက်ခံပါ

သောက

Photo : Forbes

ကျွန်တော်ဘဝမှာ အရာအားလုံးကို ထိန်းချုပ်လို့ မရပါဘူး။ ဒီအချက်ကို အသိအမှတ်ပြုလက်ခံတက်ဖို့ လိုပါတယ်။ အရာအားလုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားတာက ကွီးတို့အတွက် သောက နဲ့ ဖိစီးမှုတွေကိုသာ ဖြစ်စေနိုင်တာပါ။ ဒါကြောင့် အရာအားလုံးကို ထိန်းချုပ်ချင်တဲ့စိတ်ကို စွန့်လွှတ်လိုက်ပါ။ ဒါဟာ ကွီးတို့အနေနဲ့ အရာအားလုံးကို စွန့်လွှတ်ပြီး ဘာဆက်ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ဖို့ မဆိုလိုပါဘူး။ ကွီးတို့ ထိန်းချုပ်နိုင်တဲ့ အရာတွေကို အကောင်းဆုံး ကိုင်တွယ်ပြီး ထိန်းချုပ်မရနိုင်တဲ့ အရာတွေကိုတော့ လွတ်ချထားဖို့ကို ဆိုလိုခြင်း ဖြစ်ပါတယ်။

(၅) ပျော်ရွှင်စေတဲ့ အရာတွေကို ရှာဖွေပါ

သောက
Photo : Bloomberg.com

ကွီးတို့ဘဝမှာ ဘယ်အရာတွေက ကွီးတို့ကို ပျော်ရွှင်စေတာလဲဆိုတာ ပြန်သုံးသပ်ကြည့်ပါ။ ကိုယ့်ကို ပျော်ရွှင်စေမယ့်အရာတွေကို ရှာဖွေခြင်းက စိုးရိမ်သောကနဲ့ ကြောက်စိတ်ကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီးချစ်မယ် ၊ ကိုယ့်အတွက် ပျော်ရွှင်စေတဲ့ အရာတွေကို များများအချိန်ပေးလုပ်ဆောင်မယ်ဆိုရင် သောက နည်းတဲ့ဘဝမှာ ရှင်သန်နေထိုင်နိုင်တဲ့ လူတစ်ယောက်ဖြစ်လာမှာ ဧကန်အမှန်ပါပဲ။

Featured Photo : The National