ဘား မသွားချင်ပေမယ့် ကော့လ်တေး လေးတစ်ခွက်လောက် မြည်းစမ်းကြည့်ချင်နေပါသလား။ ဒါဆိုရင်တော့ လွယ်လွယ်လေးပါပဲ။ ကိုယ်တိုင်ကိုယ်ကျ အိမ်မှာ ဖျော်သောက်လိုက်ပါ။ သံပုယိုသီး တစ်လုံးလောက်ရှိရုံနဲ့တင် အမိုက်စား ကော့လ်တေး ဖျော်ရည်တစ်ခွက် ရရှိနိုင်ပါတယ်။

သင့်အနေနဲ့ ဖျော်ရည်အမျိုးမျိုးကို လေ့လာနိုင်ဖို့အတွက် သံပုယိုသီး အသုံးပြုကာ ဖျော်စပ်တဲ့ ကော့လ်တေး ဖျော်နည်းများကို ဝေမျှပေးလိုက်ရပါတယ်။

နည်းလမ်း (၁)

သံပုယိုသီး ကော့တေး

ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင်တော့ ဝီစကီ စားပွဲတင်ဇွန်း ၃ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ၊ လက်ဖက်ရည်အေး စားပွဲတင်ဇွန်း ၈ ဇွန်းနှင့် အလှဆင်ရန်အတွက် သံပုယိုသီးစိပ် အနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။

သံပုယိုသီး ကော့တေး

အရင်ဦးဆုံး ဖန်ခွက်ထဲသို့ ဝီစကီနှင့် သံပုယိုရည်တို့ထည့်ပါ။ ထို့နောက် သမအောင်မွှေပြီးနောက် ရေခဲထည့်ပါ။ ရေခဲတုံးအပေါ်ကနေ လက်ဖက် ရည်အေးလေး လောင်းထည့်လိုက်ပါ။ ထို့နောက် သံပုယိုသီးစိပ်လေးဖြင့် အလှဆင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ချဉ်တင်တင် ၊ ရှတတအရသာလေးရှိတဲ့ သံပုယိုသီး ကော့လ်တေး ဖျော်ရည်တစ်ခွက်ရရှိသွားပါပြီ။

နည်းလမ်း (၂)

သံပုယိုသီး ကော့တေး

ဒီနည်းလမ်းလေး အသုံးပြုပြီး ဖော်စပ်မယ်ဆိုရင်တော့ RumChata ခေါ် ခရင်မ်ဝီစကီ စားပွဲတင်ဇွန်း ၆ ဇွန်းနှင့် သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။

ကော့လ်တေးရှိတ်ကာထဲတွင် RumChata နှင့် သံပုယိုရည်တို့ထည့်ပါ။ ရေခဲတုံးထည့်ပြီးနောက် အဖုံးပိတ်ကာ သမအောင် လှုပ်ခါပေးလိုက်ပါ။

သံပုယိုသီး ကော့တေး

အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဖန်ခွက်ထဲ ပြောင်းထည့်လိုက်ပါ။ ဒါဆိုရင်တော့ အခုလိုမျိုး သောက်ချင်စဖွယ်အတိပြီးတဲ့ ကော့တေးတစ်ခွက်ရရှိသွားပြီပဲဖြစ်ပါတယ်။

ဖျော်နည်း (၃)

cocktail

တကီလာ စားပွဲတင်ဇွန်း ၄ ဇွန်း၊ လိမ္မော်ရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် အလှဆင်ဖို့ရန်အတွက် လိမ္မော်သီးစိပ် တစ်စိပ်ခန့်တို့ လိုအပ်ပါလိမ့်မယ်။

cocktail

ကော့လ်တေးရှိတ်ကာထဲတွင် ပါဝင်ပစ္စည်းများအားလုံးနှင့် ရေခဲတုံးတို့ထည့်ပါ။ ထို့နောက် အဖုံးကို အလုံပိတ်ကာ ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။ ထို့နောက် ဖန်ခွက်ရှည်ထဲသို့ ပြောင်းထည့်ကာ အပေါ်ကနေ လိမ္မော်သီးစိပ်လေးဖြင့် အလှဆင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာစွဲမက်သွားစေမယ့် ကော့လ်တေးဖျော်ရည်တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ ဖျော်နည်းအမျိုးမျိုးထဲကမှ ကွီးတို့ ကြိုက်နှစ်သက်ရာ နည်းလမ်းတစ်မျိုးမျိုးကို အသုံးပြုကာ အရသာရှိရှိ သောက်သုံးနိုင်ပါတယ်။

Source: Thespruceeats

Featured Image: Thespruceeats