ယမကာနာမည်တွေထဲမှာ ကော့တ်တေးလ် နာမည်တွေက အဆန်းဆုံးလို့ ဆိုရမှာပါ။ တချို့ ကော့တ်တေးလ်နာမည်တွေက ဆက်ဆီ ဆန်ပါတယ်။ ဥပမာ – Pussy Foot ၊ Fuzzy Navel ၊ Sex On The Beach စသည်။ တချို့က တိရစ္ဆာန်နာမည်တွေ ၊ ကာတွန်းဇာတ်ကောင်နာမည်နဲ့ သဘာဝထဲက နာမည်တွေ။

ဒီတစ်ခေါက် ပြောမယ့် ကော့တ်တေးက ရိုမန်းတစ်ဆန်တဲ့ ကော့တ်တေးလ်တစ်ခွက်အကြောင်းပါပဲ။ အဲ့ဒါကတော့ A Lonely Island Lost in the Middle of a Foggy Sea ဆိုတဲ့ ကော့တ်တေးလ်ပါပဲ။ ကော့တ်တေးထဲမှာ မျက်စိပသာဒဖြစ်တဲ့ အတန်းအစားထဲမှာ ပါပြီး အရသာနဲ့ မှတ်ဉာဏ်ကို နှိုးဆွနိုင်စွမ်း မြင့်တဲ့ ကော့တ်တေးလ်လို့ ပြောချင်ပါတယ်။

lonely_island

Photo: Liquor

A Lonely Island Lost in the Middle of a Foggy Sea ဆိုတဲ့ နာမည်ဟာ မြန်မာလိုဆို မြူဆိုင်းပင်လယ်ထဲမှာ လမ်းပျောက်နေတဲ့ အထီးကျန် ကျွန်းကလေးလို့ ပြန်နိုင်မယ် ထင်ပါတယ်။ ဒီကော့တ်တေးနာမည်ကို ချီကာဂိုအခြေစိုက် Bartender ဖြစ်သူ Paul McGee က နာမည်ပေးထားတာလို့ ဆိုပါတယ်။ အဓိကအားဖြင့် နာနတ် ၊ ကော်ဖီ နဲ့ ရမ်အရက် ၃ မျိုး စပ်ထားတာပါ။ Rhum J.M Agricole Blanc ၊ Cruzan Black Strap Rum ၊ Old Port Deluxe Matured Rum ရမ် ၁/၂ အောင်စ ၊ Pineapple Juice ၁ အောင်စ ၊ Lime Juice ၃/၄ အောင်စ ၊ Demerara Syrup ၃/၄ အောင်စ ၊ La Colombe Cold Brew Coffee ၁/၄ အောင်စ ၊ နာနတ်ရွက် ၊ ကော်ဖီစေ့တို့နဲ့ ဖော်စပ်ထားတာပါ။

ဖော်စပ်နည်းကတော့ Rhum Agricole ၊ Black Strap Rum ၊ Old Port Rum ၊ Pineapple Juice ၊ Demerara Syrup ၊ Lime Juice နဲ့ Cold Brew Coffee တို့ကို ရေခဲနဲ့ Shaker ထဲ ထည့် Shake ရမှာပါ။ ပြီးရင် Tiki Mug ဒါမှမဟုတ် တခြား ရေခဲခွဲထားတဲ့ ဖန်ခွက်ရှည်ထဲမှာ လောင်းထည့်ရပါတယ်။ ပြီးရင်တော့ ကော်ဖီစေ့လေးတွေ ၊ နာနတ်ရွက်လေးတွေ ထည့်ပြီးရင် သောက်သုံးလို့ ရပြီ ဖြစ်ပါတယ်။

Featured Photo : Liquor