သံလိုက်အိမ်မြှောင် တက်တူးတွေက ရှေးခေတ်ကတည်းက အမျိုးသားတွေကြားမှာ လူကြိုက်များရေပန်းစားတဲ့ တက်တူးဒီဇိုင်း တွေ ဖြစ်ပါတယ်။ သံလိုက်အိမ်မြှောင် တက်တူးတွေမှာ နက်နဲတဲ့ အဓိပ္ပါယ်တွေများစွာပါရှိပြီး အရွယ်အစား ကြီးကြီး ငယ်ငယ် ခန္ဓာကိုယ်နေရာ တော် တော်များများမှာ ရေးထိုးလို့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ တက်တူးချစ်သူ ကွီးတို့အတွက် ယောက်ျားပီသပြီး စတိုင်ကျတဲ့ အထူးခြားဆုံး သံလိုက်အိမ်မြှောင် တက်တူးဒီဇိုင်း တွေကို မျှဝေပေးချင်ပါတယ်။

(၁) ကြယ်ပုံ သံလိုက်အိမ်မြှောင် တက်တူးဒီဇိုင်း

Photo : The Trend Spotter

ကြယ်ပုံ သံလိုက်အိမ်မြှောင် တက်တူးဒီဇိုင်း တွေက သမုဒ္ဒရာထဲ ရွက်လွင့်သွားလာနေကြတဲ့ ရေလုပ်သား သဘောင်္သားအများစု ရေးထိုးကြတဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။

(၂) 3D သံလိုက်အိမ်မြှောင် တက်တူးဒီဇိုင်း

Photo : The Trend Spotter

ပင်လယ် ရေလမ်းကြောင်းပြ မြေပုံပေါ်မှာ ကြွတက်နေတဲ့ 3D သံလိုက်အိမ်မြှောင် တက်တူးဒီဇိုင်းဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိပြီး ထူးခြားတဲ့ 3D စတိုင် တက်တူးဒီဇိုင်းတွေ ကြိုက်နှစ်သက်တဲ့ ကွီးတို့ ရွေးချယ်သင့်တဲ့ အမိုက်စား တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။

(၃) ရိုးရိုးရှင်းရှင်းသံလိုက်အိမ်မြှောင် တက်တူးဒီဇိုင်း

Photo : The Trend Spotter

Minimalist ဆန်ဆန် ခပ်သေးသေးတက်တူးဒီဇိုင်းတွေ ရေးထိုးချင်းတဲ့ ကွီးတို့အတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ အရှေ့ ၊ အနောက် ၊ တောင်၊ မြောက် အညွှန်းပြ စာလုံးတွေနဲ့ ကြက်ခြေခတ်ပုံ မျှားတို့ ပေါင်းစပ်ထားတဲ့ ရိုးရိုးရှင်းရှင်း သံလိုက်အိမ်မြှောင် တက်တူးဒီဇိုင်းဖြစ်ပါတယ်။

(၄) အသေးစား သံလိုက်အိမ်မြှောင်တက်တူးဒီဇိုင်း

Photo : The Trend Spotter

နောက်ထပ် အရွယ်အစား ခပ်သေးသေးနဲ့ ဆွဲဆောင်မှုရှိတဲ့ အသေးစားသံလိုက်အိမ်မြှောင် တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ လက်ကောက် ဝတ် ၊ လက်ဖျံ လိုနေရာတွေမှာ ရေးထိုးလို့ အကောင်းဆုံး ဖြစ်ပါတယ်။

(၅) ကျောက်ဆူးနဲ့ သံလိုက်အိမ်မြှောင် ပေါင်းစပ်တက်တူးဒီဇိုင်း

Photo : The Trend Spotter

Classic Nautical ပေါင်းစပ် တက်တူးဒီဇိုင်းတွေထဲမှာတော့ ကျောက်ဆူးနဲ့ သံလိုက်အိမ်မြှောင် တက်တူးဒီဇိုင်းက ယောကျာ်းလေးတွေ အတွက် အလိုက်ဖက်ဆုံး ရွေးချယ်စရာ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ ကျောက်ဆူးက အိမ် ၊ ဘေးကင်းလုံခြုံမှုနဲ့ မျှော်လင့်ချက် စတာတွေကို ကိုယ်စားပြုပါတယ်။ ကျောက်ဆူးနဲ့ သံလိုက်အိမ်မြှောင်ပေါင်းစပ် တက်တူးကတော့ ဘဝရဲ့ လမ်းပြမှုနဲ့ စွမ်းအားတွေကို ဖော်ဆောင်တဲ့ အဓိပ္ပါယ် သက်ရောက်မှု ရှိပါတယ်။

(၆) Viking သံလိုက်အိမ်မြှောင် ပေါင်းစပ်တက်တူးဒီဇိုင်း

Photo : The Trend Spotter

Viking မျိုးနွယ်စု သံလိုက်အိမ်မြှောင်တက်တူး ဒီဇိုင်းတွေကတော့ လမ်းသစ်ရှာဖွေခြင်း ၊ စွန့်စားခြင်း ၊ ရွက်လွင့်ခြင်းတွေကို ကိုယ်စားပြုပါတယ်။ စကန်ဒီနေးဗီးယား အမွေအနှစ်ကို ဂုဏ်ပြုချင်တဲ့ ကွီးတို့အတွက် အကောင်းဆုံး ရွေးချယ်စရာ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။

(၇) နာရီနဲ့ သံလိုက်အိမ်မြှောင်တက်တူးဒီဇိုင်း

Photo : The Trend Spotter

နာရီနဲ့ သံလိုက်အိမ်မြှောင် တက်တူးဒီဇိုင်းဟာ အဓိပ္ပါယ်ပြည့်ဝတဲ့ အမိုက်စားတက်တူးဒီဇိုင်း တစ်ခုပါ။ နာရီက ဖြတ်သန်းခဲ့တဲ့ အချိန်တွေနဲ့ ဘဝရဲ့ မသေချာမှုတွေကို ကိုယ်စားပြုပါတယ်။ သံလိုက်အိမ်မြှောင်နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ လမ်းညွှန်မှု ၊ ဘဝခရီးလမ်း စတဲ့ အဓိပ္ပါယ်တွေကို သက်ရောက်စေပါတယ်။ များသောအားဖြင့် နာရီနဲ့ သံလိုက်အိမ်မြှောင်ကို မြှားတွေနဲ့ တွဲဖက်ရေးထိုးလေ့ရှိကြပြီး ဘဝရဲ့ ပန်းတိုင်တွေကို အရောက်လှမ်းနိုင်ဖို့ ဇွဲလုံ့လ ဝီရီယကို ဖော်ညွှန်းတဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။

Featured Photo : The Trend Spotter